iMyanmarHouse.com - Best Property Website for Myanmar
×

သိပ္မၾကာခင္ ခရစ္စယာန္ႏုိ ရုိနယ္လ္ဒုိဟာ ေနာက္ထပ္ကေလးႏွစ္ေယာက္ဖခင္ ျဖစ္လာေတာ့မယ္လုိ႔ အခုိင္အမာေျပာဆိုလိုက္ပါတယ္။ အသက္ ၃၂ႏွစ္ရွိ အဆုိပါေၾကးစားေဘာလုံးသမားအေက်ာ္အေမာ္ဟာ  အေမရိကန္လူမ်ဳိး အငွားမိခင္တစ္ဦးနဲ႔  ကေလးယူထားတာလို႔ ယုံၾကည္ထားပါတယ္။

ခရစ္စယာန္ႏိုနဲ႔ သူ႔မိသားစုတို႔ဟာ ေရာက္ရိွလာမယ့္ မိသားစုဝင္သစ္ေတြကို ေတြ႔ျမင္ဖုိ႔ ေဇာသန္ေနၾကေၾကာင္း သတင္းအရင္းအျမစ္တစ္ခုက ဆုိပါတယ္။ သူဟာ မိမိကုိယ္ပုိင္ဘဝကို လ်ဳိ႕ဝွက္လုိသူျဖစ္ေပမယ့္ မၾကာမီ သားေယာက်္ားေလးေတြ ရိွလာမယ္အေၾကာင္း ခ်စ္ရေသာသူေတြနဲ႔ ရင္းႏွီးတဲ့မိတ္ေဆြသူငယ္ခ်င္းေတြကို ဖြင့္ေျပာခဲ့ပါတယ္။

သူ႔သားအတြက္ အတူၾကီးျပင္းမယ့္ ညီအစ္ကိုေတြ ရိွဖုိ႔ သင့္ေတာ္တဲ့အခ်ိန္လုိ႔ သူခံစားရေၾကာင္း၊ သူ႔မိခင္ ေဒါေလာရပ္စ္ ခရစ္စ္ယာန္ေလးနဲ႔အတူရိွေနေပးခဲ့သလုိပဲ ကူညီေပးလိမ့္မယ္လုိ႔ သတင္းအရင္းအျမစ္က ထပ္မံေျပာဆုိထားပါတယ္။

ဒီအျမႊာကေလးေတြ ေမြးဖြားျပီးတာနဲ႔ စပိန္ႏုိင္ငံက သူ႔အိမ္ၾကီးဆီ ေခၚေဆာင္သြားမယ္လုိ႔ သူနဲ႔နီးစပ္သူတစ္ဦးက ဆုိပါတယ္။

အသက္ ၂၃ႏွစ္အရြယ္ Georgina Todriguez နဲ႔တြဲေနတဲ့ ရီးယဲလ္မက္ဒရစ္ေရွ႕တန္းတုိက္စစ္မွဴးရုိနယ္လ္ဒိုဟာ ၂၀၁၀ က သားေလးတစ္ဦးကို ရခဲ့ပါတယ္။

အားကစားေလာကရဲ႕အေက်ာ္အေမာ္ဒိုနယ္လ္ဒိုဟာ သူ႔သားနဲ႔ဓာတ္ပုံေတြ ဆုိရွယ္မီဒီယာေပၚ share ရတာၾကိဳက္ႏွစ္သက္ျပီး ဒီအျမႊာကေလးေတြလည္း သူနဲ႔ကြဲျပားမႈရိွမွာမဟုတ္ေၾကာင္း သူ႔ကိုခ်စ္ခင္အားေပးသူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။ သူ႔မိခင္ဘယ္သူျဖစ္ေၾကာင္းကိုေတာ့ လ်ဳိ႕ဝွက္ထားခဲ့ပါတယ္။

မိခင္မရိွဘဲ ၾကီးျပင္းလာတဲ့ သူ႔သားနဲ႔ပတ္သက္ျပီး ယခင္က ေျပာဆုိခ်က္မွာ ရုိနယ္လ္ဒုိက က်ေနာ့္အတြက္ ဒါ ျပသနာတစ္ခုမဟုတ္ပါဘူး။ ကမာၻၾကီးမွာ ကေလးေျမာက္မ်ားစြာ အေမမရိွ၊ အေဖလည္း မရိွၾကပါဘူး သုိ႔မဟုတ္ ဖခင္ဆုံးသြားတဲ့ကေလး၊ မိခင္ဆုံးသြားတဲ့ကေလး မ်ားစြာရိွတယ္လုိ႔ ေျပာျပခဲ့ဖူးပါတယ္။

ခရစ္စယာန္ေလး ၾကီးလာရင္ အျဖစ္မွန္ကို အျမဲတမ္းေျပာျပေနမွာပါ။ ဘာလုိ႔လဲဆိုေတာ့ သူဟာ က်ေနာ့္သား၊  ဒီအေၾကာင္းကို သိသင့္သိထုိက္သူ ျဖစ္လုိ႔ပဲ။ ဒါေပမယ့္ လူေတြ က်ေနာ့္ကို ေျပာဆိုေစခ်င္လုိ႔ ေျပာမွာမဟုတ္ပါဘူး" လုိ႔ ရုိနယ္လ္ဒုိက ဆိုပါတယ္။
Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သိပ်မကြာခင် ခရစ်စယာန်နို ရိုနယ်လ်ဒိုဟာ နောက်ထပ်ကလေးနှစ်ယောက်ဖခင် ဖြစ်လာတော့မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ အသက် ၃၂နှစ်ရှိ အဆိုပါကြေးစားဘောလုံးသမားအကျော်အမော်ဟာ  အမေရိကန်လူမျိုး အငှားမိခင်တစ်ဦးနဲ့  ကလေးယူထားတာလို့ ယုံကြည်ထားပါတယ်။

ခရစ်စယာန်နိုနဲ့ သူ့မိသားစုတို့ဟာ ရောက်ရှိလာမယ့် မိသားစုဝင်သစ်တွေကို တွေ့မြင်ဖို့ ဇောသန်နေကြကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ သူဟာ မိမိကိုယ်ပိုင်ဘဝကို လျို့ဝှက်လိုသူဖြစ်ပေမယ့် မကြာမီ သားယောကျ်ားလေးတွေ ရှိလာမယ်အကြောင်း ချစ်ရသောသူတွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကို ဖွင့်ပြောခဲ့ပါတယ်။

သူ့သားအတွက် အတူကြီးပြင်းမယ့် ညီအစ်ကိုတွေ ရှိဖို့ သင့်တော်တဲ့အချိန်လို့ သူခံစားရကြောင်း၊ သူ့မိခင် ဒေါလောရပ်စ် ခရစ်စ်ယာန်လေးနဲ့အတူရှိနေပေးခဲ့သလိုပဲ ကူညီပေးလိမ့်မယ်လို့ သတင်းအရင်းအမြစ်က ထပ်မံပြောဆိုထားပါတယ်။

ဒီအမြွှာကလေးတွေ မွေးဖွားပြီးတာနဲ့ စပိန်နိုင်ငံက သူ့အိမ်ကြီးဆီ ခေါ်ဆောင်သွားမယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အသက် ၂၃နှစ်အရွယ် Georgina Todriguez နဲ့တွဲနေတဲ့ ရီးယဲလ်မက်ဒရစ်ရှေ့တန်းတိုက်စစ်မှူးရိုနယ်လ်ဒိုဟာ ၂၀၁၀ က သားလေးတစ်ဦးကို ရခဲ့ပါတယ်။

အားကစားလောကရဲ့အကျော်အမော်ဒိုနယ်လ်ဒိုဟာ သူ့သားနဲ့ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ် share ရတာကြိုက်နှစ်သက်ပြီး ဒီအမြွှာကလေးတွေလည်း သူနဲ့ကွဲပြားမှုရှိမှာမဟုတ်ကြောင်း သူ့ကိုချစ်ခင်အားပေးသူတွေက မျှော်လင့်နေကြပါတယ်။ သူ့မိခင်ဘယ်သူဖြစ်ကြောင်းကိုတော့ လျို့ဝှက်ထားခဲ့ပါတယ်။

မိခင်မရှိဘဲ ကြီးပြင်းလာတဲ့ သူ့သားနဲ့ပတ်သက်ပြီး ယခင်က ပြောဆိုချက်မှာ ရိုနယ်လ်ဒိုက ကျနော့်အတွက် ဒါ ပြသနာတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာကြီးမှာ ကလေးမြောက်များစွာ အမေမရှိ၊ အဖေလည်း မရှိကြပါဘူး သို့မဟုတ် ဖခင်ဆုံးသွားတဲ့ကလေး၊ မိခင်ဆုံးသွားတဲ့ကလေး များစွာရှိတယ်လို့ ပြောပြခဲ့ဖူးပါတယ်။

ခရစ်စယာန်လေး ကြီးလာရင် အဖြစ်မှန်ကို အမြဲတမ်းပြောပြနေမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ကျနော့်သား၊  ဒီအကြောင်းကို သိသင့်သိထိုက်သူ ဖြစ်လို့ပဲ။ ဒါပေမယ့် လူတွေ ကျနော့်ကို ပြောဆိုစေချင်လို့ ပြောမှာမဟုတ်ပါဘူး" လို့ ရိုနယ်လ်ဒိုက ဆိုပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top