iMyanmarHouse.com - Best Property Website for Myanmar
×

အထုိင္မ်ားလြန္းျခင္းေၾကာင့္ ႏွလံုးႏွင့္ခါးတစ္ဝိုက္အတြက္ အေျခအေနဆိုးမ်ား ျဖစ္ေပၚေစေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္ က ေဖာ္ျပသည္။

စားပြဲမ်ားျဖင့္ထုိင္၍ အလုပ္လုပ္ရသူမ်ားသည္ ခါးအတိုင္း အတာ ပိုႀကီးမားၿပီး ႏွလံုးေရာဂါျဖစ္ပြားႏုိင္သည့္အႏၲရာယ္ ျမင့္မားေၾကာင္း ဝါဝစ္တကၠသိုလ္ရွိ သုေတသီမ်ားက ေလ့လာေတြ႕ ရွိခဲ့သည္။

သုေတသီမ်ားက ထိုင္ခ်ိန္ကို ေလွ်ာ့ရန္ႏွင့္ တစ္ေန႔တာတြင္ အနည္းဆံုး ခုနစ္နာရီ မတ္တတ္ရပ္ေနရန္၊ ခုနစ္မိုင္ခန္႔ လမ္းေလွ်ာက္ရန္ လမ္းၫႊန္ထားၿပီး ႏွလံုးေရာဂါျဖစ္ပြားမႈကို ေရွာင္ရွား ႏိုင္ရန္ အႀကံေပးထားသည္။

႐ံုးအလုပ္လုပ္ရသူမ်ားသည္ ခႏၶာကိုယ္ အလယ္ပိုင္းေနရာ ပိုမိုႀကီးမားၿပီး ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါျဖစ္ပြားႏိုင္သည့္ အႏၲ ရာယ္ ျမင့္မားသည္။

ခါးနားတစ္ဝိုက္ အဆီပိုမ်ားရွိျခင္းေၾကာင့္ ႏွလံုးေရာဂါျဖစ္ပြား ႏုိင္သည့္ အႏၲရာယ္ ပိုမ်ားႏိုင္သည္။ ထုိ႔အျပင္ မေကာင္းေသာ ကိုလက္စထေရာ LDL ပမာဏ ျမင့္တက္လာၿပီး တစ္နာရီပိုထုိင္ျခင္း ေၾကာင့္ ေကာင္းေသာကိုလက္စထေရာ HDL ပမာဏ ေလ်ာ့က် ႏိုင္သည္။

အထုိင္မ်ားျခင္းေၾကာင့္ ေသြးထဲတြင္ အဆီပါဝင္မႈ ပိုမ်ားလာ သျဖင့္ ႏွလံုးေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ ပိုမ်ားလာႏုိင္သည္။ သို႔ေသာ္ တစ္ေန႔လွ်င္ ေျခလွမ္းေပါင္း ၁၅,၀၀၀ ေက်ာ္ ေလွ်ာက္လွမ္း သူမ်ား ယင္းေရာဂါ ျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ကင္းေဝးၿပီး ယင္းမွာ ခုနစ္မုိင္မွ ရွစ္မိုင္အထိ လမ္းေလွ်ာက္ျခင္းႏွင့္တူညီသည္။

ဇီဝျဖစ္ပ်က္မႈဆိုင္ရာ အႏၲရာယ္မ်ားကို ေရွာင္ရွားေရး ကိုယ္ လက္လႈပ္ရွားမႈ ပံုမွန္ျပဳလုပ္သင့္ေၾကာင္း သုေတသီမ်ားက ေျပာ ၾကားသည္။

ယခု ေလ့လာမႈအတြင္း ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါအႏၲ ရာယ္မ်ားကို အသက္အရြယ္၊ က်ား၊ မကြဲျပားမႈ၊ မိသားစုရာဇဝင္၊ ေသြးတိုးရွိျခင္းႏွင့္ ဇီဝျဖစ္စဥ္ဆိုင္ရာ တိုင္းတာမႈမ်ား ျပဳလုပ္၍ အား လံုးထည့္သြင္းတြက္ခ်က္ၿပီးမွ ေလ့လာခဲ့ျခင္းျဖစ္သည္။


Credit : 7day daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အထိုင်များလွန်းခြင်းကြောင့် နှလုံးနှင့်ခါးတစ်ဝိုက်အတွက် အခြေအနေဆိုးများ ဖြစ်ပေါ်စေကြောင်း လေ့လာမှုအသစ်တစ်ရပ် က ဖော်ပြသည်။

စားပွဲများဖြင့်ထိုင်၍ အလုပ်လုပ်ရသူများသည် ခါးအတိုင်း အတာ ပိုကြီးမားပြီး နှလုံးရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် မြင့်မားကြောင်း ဝါဝစ်တက္ကသိုလ်ရှိ သုတေသီများက လေ့လာတွေ့ ရှိခဲ့သည်။

သုတေသီများက ထိုင်ချိန်ကို လျှော့ရန်နှင့် တစ်နေ့တာတွင် အနည်းဆုံး ခုနစ်နာရီ မတ်တတ်ရပ်နေရန်၊ ခုနစ်မိုင်ခန့် လမ်းလျှောက်ရန် လမ်းညွှန်ထားပြီး နှလုံးရောဂါဖြစ်ပွားမှုကို ရှောင်ရှား နိုင်ရန် အကြံပေးထားသည်။

ရုံးအလုပ်လုပ်ရသူများသည် ခန္ဓာကိုယ် အလယ်ပိုင်းနေရာ ပိုမိုကြီးမားပြီး နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားနိုင်သည့် အန္တ ရာယ် မြင့်မားသည်။

ခါးနားတစ်ဝိုက် အဆီပိုများရှိခြင်းကြောင့် နှလုံးရောဂါဖြစ်ပွား နိုင်သည့် အန္တရာယ် ပိုများနိုင်သည်။ ထို့အပြင် မကောင်းသော ကိုလက်စထရော LDL ပမာဏ မြင့်တက်လာပြီး တစ်နာရီပိုထိုင်ခြင်း ကြောင့် ကောင်းသောကိုလက်စထရော HDL ပမာဏ လျော့ကျ နိုင်သည်။

အထိုင်များခြင်းကြောင့် သွေးထဲတွင် အဆီပါဝင်မှု ပိုများလာ သဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုများလာနိုင်သည်။ သို့သော် တစ်နေ့လျှင် ခြေလှမ်းပေါင်း ၁၅,၀၀၀ ကျော် လျှောက်လှမ်း သူများ ယင်းရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကင်းဝေးပြီး ယင်းမှာ ခုနစ်မိုင်မှ ရှစ်မိုင်အထိ လမ်းလျှောက်ခြင်းနှင့်တူညီသည်။

ဇီဝဖြစ်ပျက်မှုဆိုင်ရာ အန္တရာယ်များကို ရှောင်ရှားရေး ကိုယ် လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်သင့်ကြောင်း သုတေသီများက ပြော ကြားသည်။

ယခု လေ့လာမှုအတွင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တ ရာယ်များကို အသက်အရွယ်၊ ကျား၊ မကွဲပြားမှု၊ မိသားစုရာဇဝင်၊ သွေးတိုးရှိခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ တိုင်းတာမှုများ ပြုလုပ်၍ အား လုံးထည့်သွင်းတွက်ချက်ပြီးမှ လေ့လာခဲ့ခြင်းဖြစ်သည်။



Credit : 7day daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top