Credit : Trend Myanmar
Unicode Version
ဂျပန်နိုင်ငံဟာ လိင်ပြောင်းအမျိုးသားတစ်ဦးကို အစိုးရရာထူးခန့်အပ်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ Tomoya Hosoda အသက် ၂၅နှစ်ဟာ ကန်တိုဒေသ အီရိုမာမြို့တော်ကောင်စီဝင် တစ်နေရာ ရရှိခဲ့ပါတယ်။ အမျိုးသမီးအဖြစ်မွေးပြီး ၂၀၁၅ မှာ လိင်ပြောင်းလဲမှုပြုလုပ်ခဲ့သူ နိုင်ငံရေးသမား Hosoda ဟာ LGBTQ ထု၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို ကာကွယ်ဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။
မကြာသေးမီအချိန်ထိ လူတွေဟာ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းနဲ့ လိင်ဖြစ်တည်မှု ကွဲပြားတဲ့ လူနည်းစု မရှိသလို ပြုမူနေထိုင်ခဲ့ကြပါတယ်။ ကျော်လွှားဖို့ အခက်အခဲများစွာများစွာရှိပေမယ့် အယောက်တိုင်းရဲ့မျှော်လင့်ချက်တွေ ဖြစ်မြောက်လာမယ်လို့ မျှော်လင့်ပါတယ်လို့ သူက Gay Star News ကို ပြောပြခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ လိင်ပြောင်းပုဂ္ဂိုလ်ရွေးကောက်ခံခဲ့တာ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၂၀၀၃ က လိင်ပြောင်းအမျိုးသမီး Kamikawa Aya ဟာ တိုဂျိုမြို့တော်စည်ပင်အရာရှိတစ်ဦး ဖြစ်လာခဲ့ပါတယ်။ Mr Hosoda က သူ့လိင်ကူးပြောင်းမှုအကြောင်း Japan မဂ္ဂဇင်းမှာ ဖော်ပြခံရတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ မပျော်နိုင်ဘူး ထင်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သတ္တိမွေးပြီး အပြင်ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ သတိရသေးတယ်။
ကျနော့်အနေနဲ့ အပြင်ထွက်လူ့အသိုင်းအဝိုင်းထဲတိုးတာ ခြေလမ်းအစသာ ဖြစ်ပါတယ်။ အချို့တံတိုင်းအတားအဆီးတို့ကို တစ်ယောက်အားနဲ့ မကျော်ဖြတ်နိုင်ဘူး။ ဒါပေမယ့် ခုအချိန်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး အချင်းချင်း ကူညီဆွဲခေါ်ဖို့ လိုအပ်ပါတယ်။ ရှေ့သို့ တစ်လှမ်းတက်ပြီး လူပေါင်းစုံနဲ့တွေ့ဆုံးခြင်းဖြင့် တွေးခေါ်မှုပုံစံနဲ့ တန်ဖိုးထားမှုတို့ စတင်ပြောင်းလဲခဲ့တယ်လို့ သူကဆိုပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။