ပိုက္ဆံဘယ္ေတာ့မွ မကပ္ဘူးဆိုတဲ့လူေတြရဲ႕ လကၡဏာေတြက ဘာေတြလဲ။ ေငြေၾကးဟာ
သူတို႔ဆီကေန အျမဲထြက္ေျပးေနတဲ့ အခ်က္ အခ်ိဳ႕ကို စဥ္းစားၾကည့္ရေအာင္။
၁ - စိတ္မဝင္စား
ပိုက္ဆံကို
စိတ္ဝင္စားေပမဲ့ ပိုက္ဆံရေပါက္ရလမ္းေတြကို စိတ္မဝင္စားတာ ျဖစ္ပါတယ္။
ပိုက္ဆံရႏိုင္မယ့္ သတင္းအခ်က္အလက္ေတြကုိ စိတ္မဝင္စားတာ ျဖစ္ပါတယ္။ ဥပမာ-
ပစၥည္းတစ္ခု ဝယ္မယ္ဆိုရင္ သူမ်ားေတြက ေစ်းသက္သက္သာသာနဲ႔ ရႏုိင္မယ့္
ေနရာမ်ိဳးကို စံုစမ္းတတ္ေပမဲ့ သူတို႔ကေတာ့ ဒါမ်ိဳးအက်င့္မရွိပါဘူး။
ေငြေၾကးနဲ႔ပတ္သက္ရင္ စနစ္တက် စီမံတာမ်ိဳး မရွိပါဘူး။
၂ - အေပါင္းအသင္းမ်ားျပား
သူငယ္ခ်င္းအေပါင္းအသင္းမ်ားျပားတဲ့လူေတြဟာ
အေပ်ာ္အပါးစရိတ္ ပိုကုန္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ စားေသာက္ဆိုင္သြားတာ၊
တစ္ေနရာရာသြားတာမ်ိဳးေတြဟာ ေငြကုန္ေၾကးက်ခံျပီးမွ ရတဲ့ ကိစၥေတြြ ျဖစ္ပါတယ္။
သူငယ္ခ်င္းေတြကို အလိုလိုက္ရင္း ကိုယ္လုပ္ရမယ့္ အလုပ္ေတြ မလုပ္ျဖစ္ဘဲ
ေႏွာင့္ေႏွးၾကန္႔ၾကာကာ မကုန္သင့္တာေတြ ကုန္ရတာမ်ိဳးလည္း ရွိပါတယ္။
- အျမင္ခံခ်င္တယ္
ကိုယ့္ကို
လူေတြက ဂရုစိုက္တာမ်ိဳးကို သေဘာက်တတ္ၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕လူေတြကေတာ့
သာမန္ထက္ ပိုပါတယ္။ သူတို႔အသံုးအေဆာင္အဝတ္အစားေတြကို ဝယ္ယူတဲ့အခါ လိုတာထက္
ပိုသံုးၾကပါတယ္။ ၾကြားဝါတတ္တဲ့အက်င့္လည္းရွိျပီး တကယ္သံုးသင့္တာထက္
ပိုသံုးတာေၾကာင့္ သူတို႔မွာ ေငြေၾကး အျမဲလိုေနတတ္ပါတယ္။
၄ - ေလာင္းကစား
ေလာင္းကစားၾကိဳက္တဲ့လူေတြမွာ
ပိုက္ဆံကို ကိုင္ထားမယ္၊ စုေဆာင္းထားမယ္ဆိုတဲ့ စိတ္မ်ိဳးဘယ္ေတာ့မွ
မရွိတတ္ပါဘူး။ ပိုက္ဆံကို သံုးစြဲေလ သူတို႔ႏွစ္သက္ရာကို ပိုလုပ္ႏုိင္ေလ
ျဖစ္တာေၾကာင့္ပါ။ ခဏတာ အေပ်ာ္သေဘာဟာ ကိစၥမရွိေပမဲ့ ဘဝၾကီးတစ္ခုလို
ျဖစ္ေနရင္ေတာ့ ေငြေၾကး အျမဲလိုအပ္ေနတတ္ပါတယ္။
၅ - ႏႈိင္းယွဥ္တာ
အျခားလူေတြနဲ႔
ႏႈိင္းယွဥ္တာ ျဖစ္ပါတယ္။ ကိုယ္ပိုင္ပံုစံနဲ႔ မရပ္တည္ႏုိင္တာျဖစ္ပါတယ္။
သူမ်ားလုပ္ရင္လိုက္လုပ္ခ်င္တာ၊ သူမ်ားဝယ္ရင္ လိုက္ဝယ္ခ်င္တာ ျဖစ္ပါတယ္။
ေငြေၾကးနဲ႔ပတ္သက္ျပီး ဘယ္လိုသံုးစြဲမယ္ဆိုတဲ့ ကိုယ္ပိုင္ပံုစံ မရွိတာ
ျဖစ္ပါတယ္။
၆ - စီမံခန္႔ခြဲမႈ
ေငြေၾကးနဲ႔ပတ္သက္ျပီး
စီမံခန္႔ခြဲမႈ မရွိတာ ျဖစ္ပါတယ္။ စီမံခန္႔ခြဲမႈမရွိတာဟာ ေရရွည္မွာ
အလြန္သိသာပါတယ္။ အသက္အရြယ္ၾကီးလာေလ ပိုပင္ပန္းျပီး ရုန္းကန္ရေလ
ျဖစ္တတ္ပါတယ္။ ရွာသမွ် ဘယ္ေပ်ာက္ကုန္မွန္းမသိဘူးဆုိတာမ်ိဳးပါ။
၇ - အသစ္အဆန္း
အသစ္အဆန္းၾကိဳက္တာ
ျဖစ္ပါတယ္။ ဖုန္းအသစ္၊ ကြန္ျပဴတာ အသစ္ထြက္လာရင္ ဝယ္ခ်င္ပါတယ္။
သူမ်ားေတြသံုးေနျပီဆုိ လိုက္သံုးခ်င္တာ ျဖစ္ပါတယ္။ သူမ်ားေတြ ဒီေနရာေတြ
သြားၾကတယ္ဆို ကိုယ္လည္းသြားခ်င္တာ ျဖစ္ပါတယ္။ ကိုယ္တကယ္လုပ္ခ်င္တဲ့
ကိစၥဟုတ္မဟုတ္ မဆန္းစစ္ပါဘူး။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ပိုက်ဆံဘယ်တော့မှ မကပ်ဘူးဆိုတဲ့လူတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ငွေကြေးဟာ သူတို့ဆီကနေ အမြဲထွက်ပြေးနေတဲ့ အချက် အချို့ကို စဉ်းစားကြည့်ရအောင်။
၁ - စိတ်မဝင်စား
ပိုက်ဆံကို စိတ်ဝင်စားပေမဲ့ ပိုက်ဆံရပေါက်ရလမ်းတွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ပိုက်ဆံရနိုင်မယ့် သတင်းအချက်အလက်တွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ဥပမာ- ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် သူများတွေက ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် နေရာမျိုးကို စုံစမ်းတတ်ပေမဲ့ သူတို့ကတော့ ဒါမျိုးအကျင့်မရှိပါဘူး။ ငွေကြေးနဲ့ပတ်သက်ရင် စနစ်တကျ စီမံတာမျိုး မရှိပါဘူး။
၂ - အပေါင်းအသင်းများပြား
သူငယ်ချင်းအပေါင်းအသင်းများပြားတဲ့လူတွေဟာ အပျော်အပါးစရိတ် ပိုကုန်ပါတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သွားတာ၊ တစ်နေရာရာသွားတာမျိုးတွေဟာ ငွေကုန်ကြေးကျခံပြီးမှ ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို အလိုလိုက်ရင်း ကိုယ်လုပ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ဘဲ နှောင့်နှေးကြန့်ကြာကာ မကုန်သင့်တာတွေ ကုန်ရတာမျိုးလည်း ရှိပါတယ်။
- အမြင်ခံချင်တယ်
ကိုယ့်ကို လူတွေက ဂရုစိုက်တာမျိုးကို သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ သာမန်ထက် ပိုပါတယ်။ သူတို့အသုံးအဆောင်အဝတ်အစားတွေကို ဝယ်ယူတဲ့အခါ လိုတာထက် ပိုသုံးကြပါတယ်။ ကြွားဝါတတ်တဲ့အကျင့်လည်းရှိပြီး တကယ်သုံးသင့်တာထက် ပိုသုံးတာကြောင့် သူတို့မှာ ငွေကြေး အမြဲလိုနေတတ်ပါတယ်။
၄ - လောင်းကစား
လောင်းကစားကြိုက်တဲ့လူတွေမှာ ပိုက်ဆံကို ကိုင်ထားမယ်၊ စုဆောင်းထားမယ်ဆိုတဲ့ စိတ်မျိုးဘယ်တော့မှ မရှိတတ်ပါဘူး။ ပိုက်ဆံကို သုံးစွဲလေ သူတို့နှစ်သက်ရာကို ပိုလုပ်နိုင်လေ ဖြစ်တာကြောင့်ပါ။ ခဏတာ အပျော်သဘောဟာ ကိစ္စမရှိပေမဲ့ ဘဝကြီးတစ်ခုလို ဖြစ်နေရင်တော့ ငွေကြေး အမြဲလိုအပ်နေတတ်ပါတယ်။
၅ - နှိုင်းယှဉ်တာ
အခြားလူတွေနဲ့ နှိုင်းယှဉ်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပုံစံနဲ့ မရပ်တည်နိုင်တာဖြစ်ပါတယ်။ သူများလုပ်ရင်လိုက်လုပ်ချင်တာ၊ သူများဝယ်ရင် လိုက်ဝယ်ချင်တာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုသုံးစွဲမယ်ဆိုတဲ့ ကိုယ်ပိုင်ပုံစံ မရှိတာ ဖြစ်ပါတယ်။
၆ - စီမံခန့်ခွဲမှု
ငွေကြေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု မရှိတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုမရှိတာဟာ ရေရှည်မှာ အလွန်သိသာပါတယ်။ အသက်အရွယ်ကြီးလာလေ ပိုပင်ပန်းပြီး ရုန်းကန်ရလေ ဖြစ်တတ်ပါတယ်။ ရှာသမျှ ဘယ်ပျောက်ကုန်မှန်းမသိဘူးဆိုတာမျိုးပါ။
၇ - အသစ်အဆန်း
အသစ်အဆန်းကြိုက်တာ ဖြစ်ပါတယ်။ ဖုန်းအသစ်၊ ကွန်ပြူတာ အသစ်ထွက်လာရင် ဝယ်ချင်ပါတယ်။ သူများတွေသုံးနေပြီဆို လိုက်သုံးချင်တာ ဖြစ်ပါတယ်။ သူများတွေ ဒီနေရာတွေ သွားကြတယ်ဆို ကိုယ်လည်းသွားချင်တာ ဖြစ်ပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့ ကိစ္စဟုတ်မဟုတ် မဆန်းစစ်ပါဘူး။
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပိုက္ဆံ ဘယ္ေတာ့မွ မရွိတဲ့လူေတြရဲ႕ လကၡဏာ (၇) ရပ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။