iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအႏွံေတြကို အလွ အပအတြက္ သဘာဝပစၥည္း အျဖစ္ အသံုးျပဳေလ့ရွိေပမယ့္ သစ္သီးအခြံေတြကိုေတာ့ အမိႈက္ အျဖစ္သာ လႊင့္ပစ္ေလ့ရွိပါတယ္။ သစ္သီးခြံေတြဟာလည္း သဘာဝအာဟာရဓာတ္ေတြရွိတာမိို႔ အလွအပအတြက္ ဘယ္လိုအက်ဳိး ရွိရွိ သံုးႏိုင္သလဲဆိုတာ ေလ့လာ ၾကည့္ရေအာင္ပါ။

ငွက္ေပ်ာခြံ - ငွက္ေပ်ာခြံအတြင္း ပိုင္းကို မ်က္ႏွာ (ဒါမွမဟုတ္) အေရ ျပားကို ညင္ညင္သာသာေလး ပြတ္ေပးမယ္ဆိုရင္ အေရျပား ဆဲလ္ေတြကို ေထာက္ကူတဲ့အျပင္ အသားအေရပ်က္စီးျခင္းကေန လည္း ကာကြယ္ေပးပါတယ္။

သရက္သီးခြံ - သရက္သီးမွည့္ ေတြစားၿပီးရင္ အခြံကို ခ်က္ခ်င္း လႊင့္ပစ္တာမ်ဳိးမလုပ္ဘဲ မ်က္ႏွာ ကိုပြတ္လိမ္းမယ္ဆိုရင္ အဆီေတြ နဲ႔ အညစ္အေၾကးေတြကို ဖယ္ ရွားေပးပါတယ္။ ေနာက္ၿပီး သရက္ခြံေတြကို မ်က္ႏွာေပၚမွာ ၁၅ မိနစ္ေလာက္တင္ၿပီး ေပါင္း တင္ထားတာ ေရခပ္ေႏြးေႏြးေလး နဲ႔ မ်က္ႏွာသစ္လိုက္ရင္ စိုျပည္ လန္းဆန္းတဲ့ မ်က္ႏွာေလးျဖစ္ေစ မွာပါ။

သေဘၤာသီးခြံ - သေဘၤာသီးအခြံ မွာကပ္ေနတဲ့ အသားေတြကို ဇြန္း နဲ႔ျခစ္ယူၿပီးရင္ေတာ့ မ်က္ႏွာအႏွံ႔ သုတ္လိမ္းၿပီး နာရီဝက္ေလာက္ ထားကာ မ်က္ႏွာသစ္ေပးရင္ လည္း လန္းဆန္းတဲ့ မ်က္ႏွာ အသားအေရျဖစ္ေစမွာပါ။

ေထာပတ္သီးခြံ - အသားအေရ ကုိ ႏူးည့ံၿပီး အေရးအေၾကာင္း ကင္းခ်င္တယ္ဆိုရင္ေတာ့ ေထာ ပတ္ဦးခြံထဲက က်န္တဲ့အသားေလးေတြကိုျခစ္ယူၿပီး ပ်ားရည္ေလးနည္းနည္း (ဒါမွဟုတ္) ခ်ိန္ခ်ဥ္နဲ႔ေရာၿပီး မ်က္ႏွာတစ္ဝိုက္ သုတ္လိမ္းကာ နာရီဝက္ေလာက္ ထား ၿပီး မ်က္ႏွာသစ္ေပးတာမ်ဳိး လုပ္ ႏိုင္ပါတယ္။

လိေမၼာ္ခြံ - လိေမၼာ္ခြံေတြကို ႀကိတ္စက္ထဲမွာ အႏွစ္ရတဲ့ အထိႀကိတ္ၿပီး သံလြင္ဆီ (ဒါမွ မဟုတ္) ဒိန္ခ်ဥ္နဲ႔ေရာၿပီး မိနစ္ ၂၀ ေလာက္ မ်က္ႏွာေပါင္းတင္ ေပးကာ ေရေႏြးေႏြးေလးနဲ႔ ေဆး ေၾကာေပးတာမ်ဳိး ပံုမွန္လုပ္ေပး ရင္ အသားအေရ စိုျပည္လာတာ ေတြ႕ရမွာပါ။

သံပရာ (သို႔)သံပ႐ိုခြံ - လိေမၼာ္ခြံ လိုမ်ဳိးပဲ ျပင္ဆင္ၿပီး မ်က္ႏွာေပါင္း တင္ေပးရင္ မ်က္ႏွာက အညစ္ အေၾကးေတြ သန္႔စင္ၿပီး ဝင္း လက္တဲ့အသားအေရ ရရွိေစမွာ ပါ။     

Credit  :7day daily



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသီးအနှံတွေကို အလှ အပအတွက် သဘာဝပစ္စည်း အဖြစ် အသုံးပြုလေ့ရှိပေမယ့် သစ်သီးအခွံတွေကိုတော့ အမှိုက် အဖြစ်သာ လွှင့်ပစ်လေ့ရှိပါတယ်။ သစ်သီးခွံတွေဟာလည်း သဘာဝအာဟာရဓာတ်တွေရှိတာမို့ အလှအပအတွက် ဘယ်လိုအကျိုး ရှိရှိ သုံးနိုင်သလဲဆိုတာ လေ့လာ ကြည့်ရအောင်ပါ။

ငှက်ပျောခွံ - ငှက်ပျောခွံအတွင်း ပိုင်းကို မျက်နှာ (ဒါမှမဟုတ်) အရေ ပြားကို ညင်ညင်သာသာလေး ပွတ်ပေးမယ်ဆိုရင် အရေပြား ဆဲလ်တွေကို ထောက်ကူတဲ့အပြင် အသားအရေပျက်စီးခြင်းကနေ လည်း ကာကွယ်ပေးပါတယ်။

သရက်သီးခွံ - သရက်သီးမှည့် တွေစားပြီးရင် အခွံကို ချက်ချင်း လွှင့်ပစ်တာမျိုးမလုပ်ဘဲ မျက်နှာ ကိုပွတ်လိမ်းမယ်ဆိုရင် အဆီတွေ နဲ့ အညစ်အကြေးတွေကို ဖယ် ရှားပေးပါတယ်။ နောက်ပြီး သရက်ခွံတွေကို မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်တင်ပြီး ပေါင်း တင်ထားတာ ရေခပ်နွေးနွေးလေး နဲ့ မျက်နှာသစ်လိုက်ရင် စိုပြည် လန်းဆန်းတဲ့ မျက်နှာလေးဖြစ်စေ မှာပါ။

သင်္ဘောသီးခွံ - သင်္ဘောသီးအခွံ မှာကပ်နေတဲ့ အသားတွေကို ဇွန်း နဲ့ခြစ်ယူပြီးရင်တော့ မျက်နှာအနှံ့ သုတ်လိမ်းပြီး နာရီဝက်လောက် ထားကာ မျက်နှာသစ်ပေးရင် လည်း လန်းဆန်းတဲ့ မျက်နှာ အသားအရေဖြစ်စေမှာပါ။

ထောပတ်သီးခွံ - အသားအရေ ကို နူးညံ့ပြီး အရေးအကြောင်း ကင်းချင်တယ်ဆိုရင်တော့ ထော ပတ်ဦးခွံထဲက ကျန်တဲ့အသားလေးတွေကိုခြစ်ယူပြီး ပျားရည်လေးနည်းနည်း (ဒါမှဟုတ်) ချိန်ချဉ်နဲ့ရောပြီး မျက်နှာတစ်ဝိုက် သုတ်လိမ်းကာ နာရီဝက်လောက် ထား ပြီး မျက်နှာသစ်ပေးတာမျိုး လုပ် နိုင်ပါတယ်။

လိမ္မော်ခွံ - လိမ္မော်ခွံတွေကို ကြိတ်စက်ထဲမှာ အနှစ်ရတဲ့ အထိကြိတ်ပြီး သံလွင်ဆီ (ဒါမှ မဟုတ်) ဒိန်ချဉ်နဲ့ရောပြီး မိနစ် ၂၀ လောက် မျက်နှာပေါင်းတင် ပေးကာ ရေနွေးနွေးလေးနဲ့ ဆေး ကြောပေးတာမျိုး ပုံမှန်လုပ်ပေး ရင် အသားအရေ စိုပြည်လာတာ တွေ့ရမှာပါ။

သံပရာ (သို့)သံပရိုခွံ - လိမ္မော်ခွံ လိုမျိုးပဲ ပြင်ဆင်ပြီး မျက်နှာပေါင်း တင်ပေးရင် မျက်နှာက အညစ် အကြေးတွေ သန့်စင်ပြီး ဝင်း လက်တဲ့အသားအရေ ရရှိစေမှာ ပါ။     


Credit  :7day daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top