iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ေဆာင္ မိခင္ေတြ အေနနဲ႔ ကေလး ေမြးဖြားၿပီးခ်ိန္မွာ ျဖစ္ပြားတတ္တဲ့ က်န္းမာေရး ျပႆနာ အမ်ား အျပား ရွိပါတယ္။

အဲဒီ က်န္းမာေရး ျပႆနာေတြကို ေျဖေလွ်ာ့တဲ့ နည္းလမ္းေတြလည္း သိထားသင့္ ပါတယ္။ သဘာဝ အတုိင္း ကေလး ေမြးဖြားၿပီးတဲ့ မိခင္ အမ်ားစုဟာ ေမြးဖြားၿပီးခ်ိန္မွာ နာက်င္ျခင္း၊ အညစ္ အေၾကးမ်ား ဆင္းျခင္း၊ ရင္သား တင္းျခင္း၊ ဆံပင္ကြၽတ္ျခင္း စသည္တို႔ကို ခံစား ရတတ္ပါတယ္။

ကေလး ေမြးဖြားၿပီး ရက္သတၱပတ္ ေျခာက္ပတ္ေက်ာ္ ၾကာခ်ိန္အထိ မိန္းမကိုယ္မွ အျဖဴ၊ အနီ ေသြးမ်ား ဆင္းတတ္ ပါတယ္။ ေသြးဆင္းၿပီး ေနာက္ပိုင္း တျဖည္းျဖည္း အေရာင္ ေျပာင္းလဲ သြားတတ္ပါတယ္။ မိခင္မ်ား အေနနဲ႔ ေမြးဖြားၿပီး ဒဏ္ရာ ခ်ဳပ္႐ိုး မက်က္မီ ရက္သတၱပတ္ အတြင္း ကူးစက္ပိုး ဝင္ပါက မိန္းမကိုယ္ နာက်င္မႈ ျပင္းထန္လာျခင္း၊ ဒဏ္ရာမွ ပူျခင္း၊ ေရာင္ရမ္းျခင္း၊ နာက်င္ျခင္းနဲ႔ ျပည္ကဲ့သို႔ အရည္ ထြက္ျခင္းတို႔ ျဖစ္ေပၚလာရင္ ဆရာဝန္နဲ႔ အျမန္ဆံုး တိုင္ပင္ ေဆြးေႏြး သင့္ပါတယ္။ မိခင္မ်ား အေနနဲ႔ ဆီးသြားခ်ိန္အတြင္း နာက်င္မႈ ျဖစ္ေပၚရင္ စအိုနဲ႔ မိန္းမကိုယ္ တစ္ဝိုက္ ေရေအးကပ္ျခင္းမ်ဳိး ျပဳလုပ္ရင္ အလိုအေလ်ာက္ သက္သာ ႏိုင္ပါတယ္။

ႏို႔တုိက္မိခင္မ်ား အေနနဲ႔ ကေလး ႏို႔တိုက္ခ်ိန္မွာ ႏို႔မထြက္ရင္ ႏို႔ညႇစ္ ကိရိယာ (Br-est Pump) ကို အသံုး ျပဳသင့္ ပါတယ္။ ကေလးကို ႏို႔ မတိုက္ေကြၽးရတဲ့ အခ်ိန္မွာ မိခင္ေတြ အေနနဲ႔ တင္းမာ ေကာင္းမြန္တဲ့ ဘရာစီယာကို ဝတ္ဆင္ သင့္ပါတယ္။ ကေလး ႏို႔တိုက္ခ်ိန္မွာ ရင္သားမ်ား တင္းမာ လာပါက ရင္သားေပၚကို ေရေအး ကပ္ျခင္း၊ ေရခဲကပ္ျခင္း၊ ေရက်က္ေအး ကပ္ျခင္းျဖင့္လည္း တင္းမာမႈကို သက္သာေပ်ာက္ကင္း ေစႏိုင္ ပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြ အေနနဲ႔ ဝမ္းသြားတဲ့ အခါ မိန္းမကိုယ္နဲ႔ စအိုကို အလြန္အမင္း ညႇစ္၍ ဝမ္းသြားပါက ဒဏ္ရာကို ပိုမို နာက်င္ ေစႏိုင္ပါတယ္။ ဆီးသြားခ်ိန္ အတြင္း ဆီးက်န္သလို ခံစားရရင္ ဆရာဝန္နဲ႔ တိုင္ပင္ ေဆြးေႏြး သင့္ပါတယ္။ ကေလး ေမြးဖြားၿပီးတဲ့ မိခင္ အမ်ားစုဟာ ရက္သတၱ ၁၂ ပတ္ခန္႔ အထိ ေခ်ာင္းဆိုးျခင္း၊ ကိုယ္လက္ လႈပ္ရွားမႈ မ်ားျခင္း၊ ရယ္ေမာျခင္းမ်ား ျပဳလုပ္တဲ့ အခါတုိင္း ဆီးအိမ္မွ ဆီး စိမ့္ထြက္မႈေတြ ျဖစ္တတ္ပါတယ္။

ကေလး ေမြးဖြားၿပီး မိခင္ေတြ အေနနဲ႔ လိပ္ေခါင္းေရာဂါ မျဖစ္ေအာင္ လိပ္ေခါင္းေရာဂါ ျဖစ္ပြားမႈကို အားေပးေစတဲ့ အသီးအႏွံေတြကို ေရွာင္ၾကဥ္ စားေသာက္ သင့္ပါတယ္။ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္မ်ား စားျခင္း၊ အခြံ မခြၽတ္ရေသးတဲ့ အသီးအႏွံမ်ား စားျခင္း၊ ေရမ်ားမ်ား ေသာက္ျခင္းတို႔ ျပဳလုပ္ သင့္ပါတယ္။ မိခင္ေတြ အေနနဲ႔ ကေလး ေမြးဖြားၿပီး ရက္သတၱ တစ္ပတ္ေက်ာ္ခန္႔ အထိ ဝမ္းနည္းလြယ္ျခင္း၊ စိတ္ဓာတ္ က်ျခင္း၊ စိတ္ဖိစီးမႈမ်ား ခံစားရႏိုင္တာေၾကာင့္ အဲဒီ အခ်ိန္ေတြမွာ အိပ္ေရးဝဝ အိပ္ဖို႔ အထူး လိုအပ္ပါတယ္။ ။

Credit:ျမ၀တီ


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ကလေး မွေးဖွားပြီးချိန်မှာ ဖြစ်ပွားတတ်တဲ့ ကျန်းမာရေး ပြဿနာ အများ အပြား ရှိပါတယ်။

အဲဒီ ကျန်းမာရေး ပြဿနာတွေကို ဖြေလျှော့တဲ့ နည်းလမ်းတွေလည်း သိထားသင့် ပါတယ်။ သဘာဝ အတိုင်း ကလေး မွေးဖွားပြီးတဲ့ မိခင် အများစုဟာ မွေးဖွားပြီးချိန်မှာ နာကျင်ခြင်း၊ အညစ် အကြေးများ ဆင်းခြင်း၊ ရင်သား တင်းခြင်း၊ ဆံပင်ကျွတ်ခြင်း စသည်တို့ကို ခံစား ရတတ်ပါတယ်။

ကလေး မွေးဖွားပြီး ရက်သတ္တပတ် ခြောက်ပတ်ကျော် ကြာချိန်အထိ မိန်းမကိုယ်မှ အဖြူ၊ အနီ သွေးများ ဆင်းတတ် ပါတယ်။ သွေးဆင်းပြီး နောက်ပိုင်း တဖြည်းဖြည်း အရောင် ပြောင်းလဲ သွားတတ်ပါတယ်။ မိခင်များ အနေနဲ့ မွေးဖွားပြီး ဒဏ်ရာ ချုပ်ရိုး မကျက်မီ ရက်သတ္တပတ် အတွင်း ကူးစက်ပိုး ဝင်ပါက မိန်းမကိုယ် နာကျင်မှု ပြင်းထန်လာခြင်း၊ ဒဏ်ရာမှ ပူခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ ပြည်ကဲ့သို့ အရည် ထွက်ခြင်းတို့ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင် ဆွေးနွေး သင့်ပါတယ်။ မိခင်များ အနေနဲ့ ဆီးသွားချိန်အတွင်း နာကျင်မှု ဖြစ်ပေါ်ရင် စအိုနဲ့ မိန်းမကိုယ် တစ်ဝိုက် ရေအေးကပ်ခြင်းမျိုး ပြုလုပ်ရင် အလိုအလျောက် သက်သာ နိုင်ပါတယ်။

နို့တိုက်မိခင်များ အနေနဲ့ ကလေး နို့တိုက်ချိန်မှာ နို့မထွက်ရင် နို့ညှစ် ကိရိယာ (Br-est Pump) ကို အသုံး ပြုသင့် ပါတယ်။ ကလေးကို နို့ မတိုက်ကျွေးရတဲ့ အချိန်မှာ မိခင်တွေ အနေနဲ့ တင်းမာ ကောင်းမွန်တဲ့ ဘရာစီယာကို ဝတ်ဆင် သင့်ပါတယ်။ ကလေး နို့တိုက်ချိန်မှာ ရင်သားများ တင်းမာ လာပါက ရင်သားပေါ်ကို ရေအေး ကပ်ခြင်း၊ ရေခဲကပ်ခြင်း၊ ရေကျက်အေး ကပ်ခြင်းဖြင့်လည်း တင်းမာမှုကို သက်သာပျောက်ကင်း စေနိုင် ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ဝမ်းသွားတဲ့ အခါ မိန်းမကိုယ်နဲ့ စအိုကို အလွန်အမင်း ညှစ်၍ ဝမ်းသွားပါက ဒဏ်ရာကို ပိုမို နာကျင် စေနိုင်ပါတယ်။ ဆီးသွားချိန် အတွင်း ဆီးကျန်သလို ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေး သင့်ပါတယ်။ ကလေး မွေးဖွားပြီးတဲ့ မိခင် အများစုဟာ ရက်သတ္တ ၁၂ ပတ်ခန့် အထိ ချောင်းဆိုးခြင်း၊ ကိုယ်လက် လှုပ်ရှားမှု များခြင်း၊ ရယ်မောခြင်းများ ပြုလုပ်တဲ့ အခါတိုင်း ဆီးအိမ်မှ ဆီး စိမ့်ထွက်မှုတွေ ဖြစ်တတ်ပါတယ်။

ကလေး မွေးဖွားပြီး မိခင်တွေ အနေနဲ့ လိပ်ခေါင်းရောဂါ မဖြစ်အောင် လိပ်ခေါင်းရောဂါ ဖြစ်ပွားမှုကို အားပေးစေတဲ့ အသီးအနှံတွေကို ရှောင်ကြဉ် စားသောက် သင့်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ စားခြင်း၊ အခွံ မချွတ်ရသေးတဲ့ အသီးအနှံများ စားခြင်း၊ ရေများများ သောက်ခြင်းတို့ ပြုလုပ် သင့်ပါတယ်။ မိခင်တွေ အနေနဲ့ ကလေး မွေးဖွားပြီး ရက်သတ္တ တစ်ပတ်ကျော်ခန့် အထိ ဝမ်းနည်းလွယ်ခြင်း၊ စိတ်ဓာတ် ကျခြင်း၊ စိတ်ဖိစီးမှုများ ခံစားရနိုင်တာကြောင့် အဲဒီ အချိန်တွေမှာ အိပ်ရေးဝဝ အိပ်ဖို့ အထူး လိုအပ်ပါတယ်။ ။

Credit:မြဝတီ




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top