iMyanmarHouse.com - Best Property Website for Myanmar
×

ေရာဂါကို ကာကြယ္တုိက္ဖ်က္ေပးတဲ့ ဓာတ္တုိးဆန္႔က်င္ပစၥည္း (Antioxidant) ေပါႂကြယ္ဝတဲ့ ဆီးသီးဟာ အ႐ုိးက်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ အရင္တုန္းက အ႐ိုးသန္မာေအာင္စားသင့္တဲ့ အစားအစာ စာရင္းထဲမွာ ဆီးသီး မပါဝင္ခဲ့ပါဘူး။

လတ္တေလာေလ့လာမႈေတြအရ ဆီးသီးေျခာက္အျဖစ္ ေျခာက္ေသြ႕သြားတဲ့ ၾကက္ဥ အရြယ္ ဆီးသီးေတြဟာ အ႐ိုးသန္မာခိုင္ခံ့ဖို႔အတြက္ စားသင့္တဲ့ အေကာင္းဆံုး အသီး ျဖစ္ေၾကာင္း ဖေလာ္ရီဒါျပည္နယ္တကၠသိုလ္မွ သုေတသီ Bahram က ဆုိပါတယ္။

တိရစာၦန္ေတြကို ေလ့လာမႈေတြအရ ဆီးသီးေျခာက္ေတြဟာ အ႐ုိးထုထည္ဆံုး႐ႈံးမႈကို ကာကြယ္ေပးႏုိင္႐ံုသာမက အ႐ိုးထုထည္ကိုပါ ခုိင္ခံ့ေစေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

ေသြးဆံုးၿပီးအရြယ္ အမ်ဳိးသမီးေတြကို ေလ့လာခဲ့ရာမွာလည္း ဆီးသီးဟာ အ႐ုိး က်န္းမာေရးအတြက္ အစြမ္းထက္တဲ့ ဓာတ္တုိး ဆန္႔က်င္ပစၥည္းမ်ားစြာပါဝင္ၿပီး အ႐ိုးက်န္းမာေရးအတြက္ အေရးပါတဲ့ ဘုိရြန္၊ ပိုတက္စီယမ္နဲ႔ ဗီတာမင္ေကေတြလည္း အဓိကပါဝင္ေနပါတယ္။

တစ္ေန႔မွာ ဆီးသီးေျခာက္ ရွစ္လံုးကေန ၁၀ လံုးအထိ စားတဲ့အမ်ဳိးသမီးေတြဟာ သံုးလံုးစားသူေတြထက္ အ႐ိုးသန္မာတဲ့ အက်ဳိေက်းဇူးကို ပိုမိုထိထိေရာက္ေရာက္ ရရွိႏိုင္ေၾကာင္း လတ္တေလာေလ့လာမႈတစ္ရပ္အရ သိရပါတယ္။

ဆီးသီးပဲျဖစ္ျဖစ္ ဆီးသီးေျခာက္ပဲျဖစ္ျဖစ္ ဒီအတုိင္းစားျခင္း၊ ေကြကာ (Cereal) နဲ႔ ေရာစားျခင္း၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴနဲ႔ မုန္လာဥနီတို႔နဲ႔ ျပဳတ္စားျခင္းစတဲ့နည္းေတြနဲ႔ စားေပးႏိုင္ပါတယ္။


Credit:Mg Mandalay
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရောဂါကို ကာကွယ်တိုက်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပေါကြွယ်ဝတဲ့ ဆီးသီးဟာ အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အရင်တုန်းက အရိုးသန်မာအောင်စားသင့်တဲ့ အစားအစာ စာရင်းထဲမှာ ဆီးသီး မပါဝင်ခဲ့ပါဘူး။

လတ်တလောလေ့လာမှုတွေအရ ဆီးသီးခြောက်အဖြစ် ခြောက်သွေ့သွားတဲ့ ကြက်ဥ အရွယ် ဆီးသီးတွေဟာ အရိုးသန်မာခိုင်ခံ့ဖို့အတွက် စားသင့်တဲ့ အကောင်းဆုံး အသီး ဖြစ်ကြောင်း ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ သုတေသီ Bahram က ဆိုပါတယ်။

တိရစ္ဆာန်တွေကို လေ့လာမှုတွေအရ ဆီးသီးခြောက်တွေဟာ အရိုးထုထည်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရုံသာမက အရိုးထုထည်ကိုပါ ခိုင်ခံ့စေကြောင်း တွေ့ရှိခဲ့ရပါတယ်။

သွေးဆုံးပြီးအရွယ် အမျိုးသမီးတွေကို လေ့လာခဲ့ရာမှာလည်း ဆီးသီးဟာ အရိုး ကျန်းမာရေးအတွက် အစွမ်းထက်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများစွာပါဝင်ပြီး အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဘိုရွန်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ကေတွေလည်း အဓိကပါဝင်နေပါတယ်။

တစ်နေ့မှာ ဆီးသီးခြောက် ရှစ်လုံးကနေ ၁၀ လုံးအထိ စားတဲ့အမျိုးသမီးတွေဟာ သုံးလုံးစားသူတွေထက် အရိုးသန်မာတဲ့ အကျိုကျေးဇူးကို ပိုမိုထိထိရောက်ရောက် ရရှိနိုင်ကြောင်း လတ်တလောလေ့လာမှုတစ်ရပ်အရ သိရပါတယ်။

ဆီးသီးပဲဖြစ်ဖြစ် ဆီးသီးခြောက်ပဲဖြစ်ဖြစ် ဒီအတိုင်းစားခြင်း၊ ကွေကာ (Cereal) နဲ့ ရောစားခြင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ မုန်လာဥနီတို့နဲ့ ပြုတ်စားခြင်းစတဲ့နည်းတွေနဲ့ စားပေးနိုင်ပါတယ်။


Credit:Mg Mandalay

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top