iMyanmarHouse.com - Best Property Website for Myanmar
×

သိပၸံနည္းက် အေျဖရွာထားတဲ့ ႏွစ္ဆပိုအလွတိုးေစမယ့္္ နည္းလမ္း(၅)မ်ိဳး

အမ်ိဳဳးသမီးအမ်ားစုဟာ သူတို႔ရဲ႕ရုပ္အလွနဲ႔ယံုၾကည္မႈအတြက္ မိတ္ကပ္ကို အား ကိုးၾကေလ့ရွိပါတယ္။ဒါေပမယ့္ ကၽြမ္းက်င္ပညာရွင္ေတြကေတာ့ ယခုေျပာျပမယ့္ နည္းလမ္းေတြကို အသံုးျပဳျခင္းအားျဖင့္ လူတစ္ေယာက္ရဲ႕ အလွကိို ႏွစ္ဆပိုလွ ၊ပိုစြဲေဆာင္မႈရွိလာေစမယ္လုိ႔ လံုး၀အာမခံထားပါတယ္။အခ်ိန္လည္း အမ်ား ႀကီး ေပးစရာမလိုပဲ အခ်ိန္အနည္းငယ္ေလာက္ေပးရံု နဲ႔ ႏွစ္ဆပိုအလွတိုး လာေ စမွာျဖစ္ပါတယ္။လူတစ္ေယာက္ရဲ႕မ်က္လံုးကို ပိုႀကီးလာေအာင္ ျပင္ ဆင္ခ် ယ္သေပးျခင္းဟာ အဲ့ဒီလူကို ပိုလွ ပိုစြဲေဆာင္မႈရွိေစပါတယ္။

(၁)မ်က္လံုးနဲ႔မ်က္ႏွာအသားအေရကို ဆန္႔က်င္ဘက္ျဖစ္ေနပါေစ

မ်က္လံုးနဲ႔မ်က္ႏွာေပၚက အသားအေရဟာ တူေနတာမ်ိဳးလံုး၀မျဖစ္ရပဲ လံုး၀ ဆန္႔က်င္ဘက္ျဖစ္ေနရပါမယ္။မ်က္လံုးနဲ႔အသားအေရဆန္႔က်င္ဘက္ျဖစ္ေနျခင္းဟာ အလွအပရဲ႕သေကၤတတစ္ခုလို႔ Psychology Today ဆိုတဲ့ မဂၢဇင္းမွာေ ဖာ္ျပထားပါတယ္။ဆိုလိုတာက မ်က္လံုးအနီးတစ္၀ိုက္မွာ ျပင္ဆင္ခ်ယ္ သေပး ရမွာပါ။မ်က္ခြံေပၚမွာ ကိုယ္သြားမယ့္ေနရာကိုလိုက္ၿပီး လိုက္ဖက္တဲ့ ျပင္ ဆင္ခ်ယ္သမႈမ်ိဳး ျပဳလုပ္ေပးရပါမယ္။

(၂)မ်က္လံုးကို ပံုမွန္ထက္ ႀကီးေအာင္ ျပင္ဆင္ခ်ယ္သ

Toronto တကၠသိုလ္မွ ပါေမာကၡ  Kang Lee ရဲ႕ ေတြ႕ရွိခ်က္အရ မ်က္လံုး ႀကီးတဲ့ အမ်ိဳးသမီးေတြဟာ ပိုစြဲေဆာင္မႈရွိတာကို ေတြ႕ခဲ့ရပါတယ္။ အေၾကာင္း အရင္းကေတာ့ မ်က္လံုးႀကီးရင္ ပိုႏုသေယာင္ထင္ရလို႔ပါ။မိတ္ကပ္ပညာရွင္  Melissa Sophia ကေျပာတဲ့ မ်က္လံုးကို ပိုႀကီးသေယာင္ထင္ရေစတဲ့ နည္း လမ္းကေတာ့  မ်က္ခံုးကိုနဲနဲထူထူဆြဲရပါ။အရမ္းႀကီး ထူလြန္းရင္ လည္းမေ ကာင္းပါဘူး။သဘာ၀က်က်ထူထူေလးဆြဲပါ။ၿပီးရင္ေတာ့ မ်က္လံုးေအာက္ (မ်က္ အိတ္)ေတြကို ဖံုးဖို႔ concealer အသံုးျပဳပါ။ၿပီးရင္ေတာ့ အေပၚမ်က္လံုးမွာ အန က္ေရာင္ liquid liner ဆြဲပါ။ၿပီးရင္ေတာ့ အနက္ေရာင္ mascara အသံုးျပဳပါ။

(၃)အနီေရာင္lipstick သံုးပါ

လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတည္္းက အနီေရာင္ႏႈတ္ခမ္းဟာ အမ်ိဳးသမီးေတြရဲ႕ စြဲေ ဆာင္မႈေတြ မ်ားစြာထဲက တစ္ခုပါ။အနီေရာင္ ႏႈတ္ခမ္းရဲရဲေလးက ပိုစြဲေဆာင္ မႈ၊ပိုယံုၾကည္မႈရွိတဲ့ မိန္းကေလးတစ္ေယာက္အျဖစ္ ေျပာင္းလဲေပးႏိုင္ပါတယ္။ ဒါ့အျပင္ အနီေရာင္ဟာ ေႏြးေထြးမႈ၊စြမ္းအင္ျပည့္၀မႈ၊တက္ၾကြမႈ သေဘာေ ဆာင္ ကာ ျမင္ရသူကို စိတ္လႈပ္ရွားေစကာ ဆန္႔က်င္ဘက္ လိင္ကို စြဲေဆာင္ႏိုင္ပါ တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

(၄)မ်က္ေတာင္ေမႊးကိို ျပင္ဆင္ခ်ယ္သ

မ်က္ေတာင္ေမႊးတိုေန၊အေရာင္မွိန္ေနရင္ ဘယ္လိုမွ စြဲေဆာင္မႈရွိတဲ့ အလွကို ပိုင္ဆိုင္ႏိုင္မွာမဟုတ္ပါဘူး။မ်က္ေတာင္ေမႊးရဲ႕အလွဟာလည္း အလြန္အေ ရး ႀကီးပါတယ္။ဒါေၾကာင့္ ကိုယ္က ပင္ကိုယ္မ်က္ေတာင္ေမႊးမလွရင္လည္း စိတ္ ပ်က္စရာမလိုပါဘူး။mascara ရဲ႕အကူအညီနဲ႔မ်က္ေတာင္္ေကာ့ေဆးတို႔ကို သံုးၿပီး ျပင္္ဆင္ခ်ယ္သလို႔ရပါတယ္။

(၅)အသားအေရေတာက္ပစိုေျပ

ေတာက္ပစိုေျပတဲ့ အသားအေရဟာလည္း လူတစ္ေယာက္ရဲ႕ အလွကို ႏွစ္ဆ တိုးေစပါတယ္။ဒါေၾကာင့္္ အသားအေရကို ပံုမွန္ထိန္းသိမ္းမႈေတြျပဳလုပ္ေပးဖို႔ (ဥပမာ-skin care)လုပ္တာမ်ိဳးေတြ လုပ္ေပးဖို႔လိုပါတယ္။

Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


သိပ္ပံနည်းကျ အဖြေရှာထားတဲ့ နှစ်ဆပိုအလှတိုးစေမယ့် နည်းလမ်း(၅)မျိုး


အမျိုုးသမီးအများစုဟာ သူတို့ရဲ့ရုပ်အလှနဲ့ယုံကြည်မှုအတွက် မိတ်ကပ်ကို အား ကိုးကြလေ့ရှိပါတယ်။ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့ ယခုပြောပြမယ့် နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် လူတစ်ယောက်ရဲ့ အလှကို နှစ်ဆပိုလှ ၊ပိုစွဲဆောင်မှုရှိလာစေမယ်လို့ လုံးဝအာမခံထားပါတယ်။အချိန်လည်း အများ ကြီး ပေးစရာမလိုပဲ အချိန်အနည်းငယ်လောက်ပေးရုံ နဲ့ နှစ်ဆပိုအလှတိုး လာေ စမှာဖြစ်ပါတယ်။လူတစ်ယောက်ရဲ့မျက်လုံးကို ပိုကြီးလာအောင် ပြင် ဆင်ချ ယ်သပေးခြင်းဟာ အဲ့ဒီလူကို ပိုလှ ပိုစွဲဆောင်မှုရှိစေပါတယ်။


(၁)မျက်လုံးနဲ့မျက်နှာအသားအရေကို ဆန့်ကျင်ဘက်ဖြစ်နေပါစေ


မျက်လုံးနဲ့မျက်နှာပေါ်က အသားအရေဟာ တူနေတာမျိုးလုံးဝမဖြစ်ရပဲ လုံး၀ ဆန့်ကျင်ဘက်ဖြစ်နေရပါမယ်။မျက်လုံးနဲ့အသားအရေဆန့်ကျင်ဘက်ဖြစ်နေခြင်းဟာ အလှအပရဲ့သင်္ကေတတစ်ခုလို့ Psychology Today ဆိုတဲ့ မဂ္ဂဇင်းမှာေ ဖာ်ပြထားပါတယ်။ဆိုလိုတာက မျက်လုံးအနီးတစ်ဝိုက်မှာ ပြင်ဆင်ချယ် သပေး ရမှာပါ။မျက်ခွံပေါ်မှာ ကိုယ်သွားမယ့်နေရာကိုလိုက်ပြီး လိုက်ဖက်တဲ့ ပြင် ဆင်ချယ်သမှုမျိုး ပြုလုပ်ပေးရပါမယ်။


(၂)မျက်လုံးကို ပုံမှန်ထက် ကြီးအောင် ပြင်ဆင်ချယ်သ


Toronto တက္ကသိုလ်မှ ပါမောက္ခ  Kang Lee ရဲ့ တွေ့ရှိချက်အရ မျက်လုံး ကြီးတဲ့ အမျိုးသမီးတွေဟာ ပိုစွဲဆောင်မှုရှိတာကို တွေ့ခဲ့ရပါတယ်။ အကြောင်း အရင်းကတော့ မျက်လုံးကြီးရင် ပိုနုသယောင်ထင်ရလို့ပါ။မိတ်ကပ်ပညာရှင်  Melissa Sophia ကပြောတဲ့ မျက်လုံးကို ပိုကြီးသယောင်ထင်ရစေတဲ့ နည်း လမ်းကတော့  မျက်ခုံးကိုနဲနဲထူထူဆွဲရပါ။အရမ်းကြီး ထူလွန်းရင် လည်းမေ ကာင်းပါဘူး။သဘာဝကျကျထူထူလေးဆွဲပါ။ပြီးရင်တော့ မျက်လုံးအောက် (မျက် အိတ်)တွေကို ဖုံးဖို့ concealer အသုံးပြုပါ။ပြီးရင်တော့ အပေါ်မျက်လုံးမှာ အန က်ရောင် liquid liner ဆွဲပါ။ပြီးရင်တော့ အနက်ရောင် mascara အသုံးပြုပါ။


(၃)အနီရောင်lipstick သုံးပါ


လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက အနီရောင်နှုတ်ခမ်းဟာ အမျိုးသမီးတွေရဲ့ စွဲေ ဆာင်မှုတွေ များစွာထဲက တစ်ခုပါ။အနီရောင် နှုတ်ခမ်းရဲရဲလေးက ပိုစွဲဆောင် မှု၊ပိုယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် အနီရောင်ဟာ နွေးထွေးမှု၊စွမ်းအင်ပြည့်ဝမှု၊တက်ကြွမှု သဘောေ ဆာင် ကာ မြင်ရသူကို စိတ်လှုပ်ရှားစေကာ ဆန့်ကျင်ဘက် လိင်ကို စွဲဆောင်နိုင်ပါ တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။


(၄)မျက်တောင်မွှေးကို ပြင်ဆင်ချယ်သ


မျက်တောင်မွှေးတိုနေ၊အရောင်မှိန်နေရင် ဘယ်လိုမှ စွဲဆောင်မှုရှိတဲ့ အလှကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။မျက်တောင်မွှေးရဲ့အလှဟာလည်း အလွန်အေ ရး ကြီးပါတယ်။ဒါကြောင့် ကိုယ်က ပင်ကိုယ်မျက်တောင်မွှေးမလှရင်လည်း စိတ် ပျက်စရာမလိုပါဘူး။mascara ရဲ့အကူအညီနဲ့မျက်တောင်ကော့ဆေးတို့ကို သုံးပြီး ပြင်ဆင်ချယ်သလို့ရပါတယ်။


(၅)အသားအရေတောက်ပစိုပြေ


တောက်ပစိုပြေတဲ့ အသားအရေဟာလည်း လူတစ်ယောက်ရဲ့ အလှကို နှစ်ဆ တိုးစေပါတယ်။ဒါကြောင့် အသားအရေကို ပုံမှန်ထိန်းသိမ်းမှုတွေပြုလုပ်ပေးဖို့ (ဥပမာ-skin care)လုပ်တာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်။



Credit:Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top