iMyanmarHouse.com - Best Property Website for Myanmar
×

စမတ္ဖုန္းအသံုးျပဳရာတြင္ ဦးေခါင္းကိုငံု႔၍အသံုးျပဳျခင္းျဖင့္ေက်ာ႐ိုးထိခိုက္မႈကိုျဖစ္ေစႏုိင္သည္
ဟု အမ်ဳိးသားက်န္းမာေရးဌာန (NIH)မွ သုေတသနပညာရွင္မ်ားက ေျပာၾကားသည္။

လူ၏ဦးေခါင္းသည္ ပ်မ္းမွ်အားျဖင့္ ၁၂ ေပါင္္ခန္႔ အေလးခ်ိန္ရွိရာ ဦးေခါင္းအေလးခ်ိန္သည္ လည္ပင္းႏွင့္ေက်ာ႐ိုးတို႔၏ ေထာက္ပံ့မႈကိုလိုအပ္သည္။ သို႔ရာတြင္ လည္ပင္းႏွင့္ဦးေခါင္းတို႔သည္
အေရွ႕ ဘက္သို႔ တိမ္းေစာင္းေနၿပီး ကိုယ္ေနဟန္ထား မမွန္လွ်င္ ေက်ာ႐ိုး ကိုပို၍ဝန္ပိေစသည္ဟု
 NIH သုေတသနပညာရွင္မ်ားက ေျပာၾကား ခဲ့သည္။

လည္ပင္းသည္အေရွ႕ဘက္သို႔ ၄၅ ဒီဂရီတိမ္းေစာင္းေနစဥ္ ဦး ေခါင္း၏အေလးခ်ိန္သည္ ၁၂ ေပါင္မွ ၄၉ ေပါင္အထိသို႔တိုးသြားသည္။ လည္ပင္းသည္ အေရွ႕ဘက္သို႔ ၆၀ ဒီဂရီတိမ္းေစာင္းလွ်င္ ဦးေခါင္း အေလးခ်ိန္သည္ ေပါင္ ၆၀ ျဖစ္သြားသည္။

စမတ္ဖုန္းအသံုးျပဳသူမ်ားသည္၎တို႔၏ေက်ာ႐ိုးအေပၚအလြန္ဖိအားေပးျခင္းျဖင့္တျဖည္းျဖည္းေရွ႕
သို႔ကိုင္းလာသည္ဟုသုေတသနပညာရွင္မ်ားကေျပာသည္။ ယင္းဖိအား၏ ႐ုပ္ပိုင္းဆိုင္ရာ အက်ဳိး
ဆက္မ်ားတျဖည္းျဖည္းစုလာၿပီး ေနာက္ပိုင္းတြင္  ေက်ာ႐ိုးဒဏ္ျဖစ္၍ခြဲစိတ္ကုသမႈခံယူရသည္အထိ
 ျဖစ္လာႏိုင္ေၾကာင္း သုေတသနပညာရွင္မ်ားက သတိေပးခဲ့သည္။

လူမ်ားသည္ တစ္ေန႔လွ်င္ ပ်မ္းမွ် ႏွစ္နာရီမွ ေလးနာရီအထိ ၎တို႔၏ စမတ္ဖုန္းမ်ားကို ငံု႔ၾကည့္ျခင္းျဖင့္ တစ္ႏွစ္လွ်င္ ေက်ာ႐ိုးအေပၚ ပ်မ္းမွ်ဖိအားသက္ေရာက္နာရီ ၇၀၀ မွ နာရီ ၁၄၀၀ ၾကား ရွိေစသည္ဟု သုေတသနပညာရွင္မ်ားက ေျပာသည္။

‘‘ဒီျပႆနာေတြကို ျဖစ္ေစတဲ့နည္းပညာေတြကို ေရွာင္ရွားဖို႔ဆုိ တာ မျဖစ္ႏိုင္တဲ့အတြက္ စမတ္ဖုန္းၾကည့္တဲ့အခါမွာ နာရီနဲ႔ခ်ီၿပီး ကုန္းကုန္းႀကီးၾကည့္တာမ်ဳိးကို ေရွာင္ၿပီး ခါးမတ္မတ္၊ ေခါင္း
မတ္မတ္ အေနအထားနဲ႔ၾကည့္သင့္တယ္’’ ဟု သုေတသနပညာရွင္ ကန္းနက္သ္ ဟန္းစ္ရက္
ကေျပာသည္။

Credit : 7Day Daily
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စမတ်ဖုန်းအသုံးပြုရာတွင် ဦးခေါင်းကိုငုံ့၍အသုံးပြုခြင်းဖြင့်ကျောရိုးထိခိုက်မှုကိုဖြစ်စေနိုင်သည်
ဟု အမျိုးသားကျန်းမာရေးဌာန (NIH)မှ သုတေသနပညာရှင်များက ပြောကြားသည်။

လူ၏ဦးခေါင်းသည် ပျမ်းမျှအားဖြင့် ၁၂ ပေါင်ခန့် အလေးချိန်ရှိရာ ဦးခေါင်းအလေးချိန်သည် လည်ပင်းနှင့်ကျောရိုးတို့၏ ထောက်ပံ့မှုကိုလိုအပ်သည်။ သို့ရာတွင် လည်ပင်းနှင့်ဦးခေါင်းတို့သည်
အရှေ့ ဘက်သို့ တိမ်းစောင်းနေပြီး ကိုယ်နေဟန်ထား မမှန်လျှင် ကျောရိုး ကိုပို၍ဝန်ပိစေသည်ဟု
 NIH သုတေသနပညာရှင်များက ပြောကြား ခဲ့သည်။

လည်ပင်းသည်အရှေ့ဘက်သို့ ၄၅ ဒီဂရီတိမ်းစောင်းနေစဉ် ဦး ခေါင်း၏အလေးချိန်သည် ၁၂ ပေါင်မှ ၄၉ ပေါင်အထိသို့တိုးသွားသည်။ လည်ပင်းသည် အရှေ့ဘက်သို့ ၆၀ ဒီဂရီတိမ်းစောင်းလျှင် ဦးခေါင်း အလေးချိန်သည် ပေါင် ၆၀ ဖြစ်သွားသည်။

စမတ်ဖုန်းအသုံးပြုသူများသည်၎င်းတို့၏ကျောရိုးအပေါ်အလွန်ဖိအားပေးခြင်းဖြင့်တဖြည်းဖြည်းရှေ့
သို့ကိုင်းလာသည်ဟုသုတေသနပညာရှင်များကပြောသည်။ ယင်းဖိအား၏ ရုပ်ပိုင်းဆိုင်ရာ အကျိုး
ဆက်များတဖြည်းဖြည်းစုလာပြီး နောက်ပိုင်းတွင်  ကျောရိုးဒဏ်ဖြစ်၍ခွဲစိတ်ကုသမှုခံယူရသည်အထိ
 ဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များက သတိပေးခဲ့သည်။

လူများသည် တစ်နေ့လျှင် ပျမ်းမျှ နှစ်နာရီမှ လေးနာရီအထိ ၎င်းတို့၏ စမတ်ဖုန်းများကို ငုံ့ကြည့်ခြင်းဖြင့် တစ်နှစ်လျှင် ကျောရိုးအပေါ် ပျမ်းမျှဖိအားသက်ရောက်နာရီ ၇၀၀ မှ နာရီ ၁၄၀၀ ကြား ရှိစေသည်ဟု သုတေသနပညာရှင်များက ပြောသည်။

‘‘ဒီပြဿနာတွေကို ဖြစ်စေတဲ့နည်းပညာတွေကို ရှောင်ရှားဖို့ဆို တာ မဖြစ်နိုင်တဲ့အတွက် စမတ်ဖုန်းကြည့်တဲ့အခါမှာ နာရီနဲ့ချီပြီး ကုန်းကုန်းကြီးကြည့်တာမျိုးကို ရှောင်ပြီး ခါးမတ်မတ်၊ ခေါင်း
မတ်မတ် အနေအထားနဲ့ကြည့်သင့်တယ်’’ ဟု သုတေသနပညာရှင် ကန်းနက်သ် ဟန်းစ်ရက်
ကပြောသည်။


Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top