ထိလြယ္ ၊ ရွလြယ္ ၊ ခံစားလြယ္တတ္တဲ့ မိန္းမသားေတြဟာ အခ်စ္ကိုလည္း ဘ၀တစ္ခုရဲ႕ အရွင္သခင္အလား ကိုးကြယ္တတ္ၾကပါတယ္။ ခ်စ္မိတဲ့အခါ အမ်ားႀကီးလည္း ခ်စ္တတ္ၾကသလို အမ်ားႀကီးလည္း ေမွ်ာ္လင့္ထားတတ္ၾကပါတယ္။ ဒီလုိေမွ်ာ္လင့္ခ်က္ ႀကီးႀကီးထားမိတဲ့အတြက္ ရသမွ်နဲ႕ မေရာင္ရဲႏုိင္ဘဲ ေမွ်ာ္လင့္ထားတာနဲ႕ လဲြတဲ့အခါမ်ိဳးေတြမွာဆုိ အခ်စ္ကို တျဖည္းျဖည္း စိတ္ကုန္လာၿပီး ေနာက္ဆံုးမွာေတာ့ စြန္႕ခြာသြားမိၾကပါလိမ့္မယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြအတြက္ ခ်စ္ျခင္းတစ္ခုလံုး ဆိတ္သုဥ္းပ်က္စီးသြားေစႏုိင္တာ ဘယ္လို အရာမ်ိဳးပါလိမ့္လုိ႕ အေျဖရွာၾကည့္တဲ့အခါမွာေတာ့ သိပ္မႀကီးမားတဲ့ အေသးအဖြဲေလးေတြကေန စတင္တယ္ဆုိတာ ေတြ႕လာရပါတယ္။
(၁) ခ်ိဳၿမိန္ရတဲ့အခ်ိန္ေလးေတြ ကုန္ဆံုးသြားတဲ့အခါ
ကုိယ့္ခ်စ္ရတဲ့ ခ်စ္သူေကာင္မေလးကို သူမ မွတ္မိေနတဲ့ ခ်စ္ခရီးေလးအေၾကာင္း ေမးၾကည့္ပါ။ ႏူးညံ႔မႈေတြ ၊ သိမ္ေမြ႕မႈေတြနဲ႕ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ အမွတ္ရစရာေတြကိုသာ ေျဖပါလိမ့္မယ္။ စိတ္ခံစားမႈေတြက အသစ္ေတြ ၊ ထိေတြ႕ခံစားရသမွ်က ရင္ခုန္စိတ္လႈပ္ရွားစရာေတြနဲ႕ ေလာကႀကီးက သက္တန္႕ေရာင္စံုနဲ႕ သာယာလွပေနခဲ့တဲ့ ခ်စ္ခရီးလမ္းရဲ႕ အခ်ိန္အပိုင္းအျခားေလး တစ္ခုကိုသာ သူမ ခံုမင္ေနပါလိမ့္မယ္။ ဒီလုိေန႕ရက္ေတြ ကုန္ဆံုးသြားတဲ့အခ်ိန္ကိုေတာ့ honeymoon expire period လုိ႕ေခၚၿပီး တကယ့္လက္ေတြ႕ မိသားစုဘ၀ထဲကို ႏွစ္ဦးစလံုး သက္ဆင္းရတဲ့ အခ်ိန္ေပါ့။ အမ်ိဳးသမီးေတြဟာ ဒီလုိအခ်ိန္မွာ စတင္ မြန္းက်ပ္လာၿပီး အခ်စ္ကို စိတ္ကုန္ တတ္ၾကပါတယ္။
(၂) တန္ဖိုးထားမႈေတြ ကင္းမဲ့လာတဲ့အခါ
သူမအေပၚ အေလးေပး ဂရုစိုက္တဲ့ ပမာဏဟာ သူမအတြက္ ကိုယ့္ကိုယ္ကို မင္းသမီးေလး တစ္ေယာက္လုိ ခံစားရေစႏုိင္ၿပီး အမ်ိဳးသမီးေတြဟာ ဒီခံစားမႈကို အလြန္ သာယာတတ္ၾကပါတယ္။ ဒါေပမယ့္ ဒီလို ဂရုစိုက္မႈေလးေတြ အေ၀းကို ျပယ္လြင့္သြားခ်ိန္မွာေတာ့ သူမဟာ အိမ္အလုပ္ေတြကို စိတ္မခ်မ္းေျမ႕တဲ့ မ်က္လံုးေတြနဲ႕ လုပ္ေနပါလိမ့္မယ္။ သူမလို အျဖစ္မ်ိဳးႀကံဳရတဲ့ တျခား မိသားစုေတြေရာ ရွိလားလုိ႕ ရွာေဖြေနပါလိမ့္မယ္။ အမ်ိဳးသမီးေတြဟာ အခ်ိန္တုိင္းမွာ စိတ္ခံစား တက္ၾကြမႈကို တူညီတဲ့ ပမာဏနဲ႕ ခံစားရဖို႕လိုအပ္ပါတယ္။ သူမတုိ႕ရဲ႕ စိတ္ပိုင္းဆုိင္ရာ လံုၿခံဳမႈဟာ ဒီအေပၚမွာ မူတည္ေနလုိ႕ပါပဲ။ သူမအမ်ိဳးသားရဲ႕ သူမအေပၚ တပ္မက္မႈဟာ သူမအတြက္ေတာ့ ဆုလာဒ္တစ္ခုပါပဲ။ ဒီအမူအရာေတြ ေပ်ာက္ဆံုးတဲ့အခါမွာေတာ့ သူမဟာ အခ်စ္ကို စတင္စိတ္ကုန္လာပါၿပီ။
(၃) အလုိအေလ်ာက္ သက္၀င္ျခင္းမ်ား မရွိေတာ့တဲ့အခါ
ပိုးပန္းခ်ိန္ကာလက ခ်စ္ျခင္းရဲ႕ အဆင့္အတန္းဟာ အလြန္ပဲျမင့္မားေနတဲ့အခါ သူမရဲ႕ “ဘာမွမရွိတဲ့” ႏွစ္တစ္ႏွစ္ ကုန္ဆံုးသြားခ်ိန္မွာ ကနဦးလတစ္ခုရဲ႕ အစပိုင္းအခ်ိန္ေတြနဲ႔ ႏိႈင္းယွဥ္ေနတတ္ပါတယ္။ လႈပ္လႈပ္ရွားရွားနဲ႕ ၀ုန္း၀ုန္ဒိုင္းဒုိင္း ျဖစ္တတ္တဲ့အရာေတြ သူ႕ဆီမွာ ေပ်ာက္ဆံုးသြားၿပီး သူမကိုဆက္ဆံပံုဟာ ေန႕စဥ္လုပ္ေနက် အလုပ္ေတြအေပၚ ဆက္ဆံသလုိမ်ိဳး အေလ့အထတစ္ခုလို ပ်င္းတြဲတြဲျဖစ္ေနတတ္ပါတယ္။ အမ်ိဳးသားဟာ ေဘာလံုးပြဲ တစ္ပြဲေလာက္မွ သူမအေပၚ အာရံုမလာဘဲ သဲႀကီးမဲႀကီး ၾကည့္ရႈေနခ်ိန္မ်ိဳးမွာ ေထာင့္ေလးတစ္ေနရာမွာ သူမဟာ ၿငိမ္သက္စြာ ေၾကကြဲ ခံစားမိေနပါလိမ့္မယ္။ ဒီအခ်ိန္မွာ သူမအခ်စ္ကို စတင္စိတ္ကုန္တာပါပဲ။
(၄) စိတ္ထိခိုက္ခံစားရမႈေတြ ျပတ္ေတာက္သြားၾကတဲ့အခါ
အမ်ိဳးသားေတြက အနီးနားမွာ အေဖာ္ရွိေနရံုေလာက္နဲ႕ ေရာင့္ရဲတင္းတိမ္တတ္ၾကေပမယ့္ အမ်ိဳးသမီးေတြကေတာ့ သူမတုိ႕တစ္ဦးနဲ႕တစ္ဦး ဆက္ႏြယ္ေနတယ္လုိ႕ မခံစားရတတ္ပါဘူး။ ရွိရံု ရွိေနတာဟာ သူမတုိ႕အတြက္ မလံုေလာက္ပါဘူး။ ဒီလို တစ္ဦးနဲ႕တစ္ဦး ေ၀မွ်ျခင္းေတြ ျပတ္ေတာက္သြားခ်ိန္မွာ အမ်ိဳးသမီးေတြဟာ သူမတုိ႕ရဲ႕ခ်စ္ခရီးလမ္း အဆံုးသတ္ေနၿပီလို႕ ခံစားရတတ္ပါတယ္။ အမ်ိဳးသမီးေတြဟာ သစ္ကိုင္းေျခာက္ေလးလုိပဲ က်ိဳးပဲ့လြယ္ပါတယ္။ အရာရာကို အမ်ိဳးသားမ်ားထက္ပိုၿပီး နက္ရိႈင္းစြာ ခံစားမိတဲ့အတြက္ အေၾကာင္းျပခ်က္ မခုိင္လံုေပမယ့္လဲ အခ်စ္ကို သူမစြန္႕ခြာသြားပါလိမ့္မယ္။
Creit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ထိလွယ် ၊ ရှလွယ် ၊ ခံစားလွယ်တတ်တဲ့ မိန်းမသားတွေဟာ အချစ်ကိုလည်း ဘဝတစ်ခုရဲ့ အရှင်သခင်အလား ကိုးကွယ်တတ်ကြပါတယ်။ ချစ်မိတဲ့အခါ အများကြီးလည်း ချစ်တတ်ကြသလို အများကြီးလည်း မျှော်လင့်ထားတတ်ကြပါတယ်။ ဒီလိုမျှော်လင့်ချက် ကြီးကြီးထားမိတဲ့အတွက် ရသမျှနဲ့ မရောင်ရဲနိုင်ဘဲ မျှော်လင့်ထားတာနဲ့ လွဲတဲ့အခါမျိုးတွေမှာဆို အချစ်ကို တဖြည်းဖြည်း စိတ်ကုန်လာပြီး နောက်ဆုံးမှာတော့ စွန့်ခွာသွားမိကြပါလိမ့်မယ်။ ဒါကြောင့် အမျိုးသမီးတွေအတွက် ချစ်ခြင်းတစ်ခုလုံး ဆိတ်သုဉ်းပျက်စီးသွားစေနိုင်တာ ဘယ်လို အရာမျိုးပါလိမ့်လို့ အဖြေရှာကြည့်တဲ့အခါမှာတော့ သိပ်မကြီးမားတဲ့ အသေးအဖွဲလေးတွေကနေ စတင်တယ်ဆိုတာ တွေ့လာရပါတယ်။
(၁) ချိုမြိန်ရတဲ့အချိန်လေးတွေ ကုန်ဆုံးသွားတဲ့အခါ
ကိုယ့်ချစ်ရတဲ့ ချစ်သူကောင်မလေးကို သူမ မှတ်မိနေတဲ့ ချစ်ခရီးလေးအကြောင်း မေးကြည့်ပါ။ နူးညံ့မှုတွေ ၊ သိမ်မွေ့မှုတွေနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အမှတ်ရစရာတွေကိုသာ ဖြေပါလိမ့်မယ်။ စိတ်ခံစားမှုတွေက အသစ်တွေ ၊ ထိတွေ့ခံစားရသမျှက ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ လောကကြီးက သက်တန့်ရောင်စုံနဲ့ သာယာလှပနေခဲ့တဲ့ ချစ်ခရီးလမ်းရဲ့ အချိန်အပိုင်းအခြားလေး တစ်ခုကိုသာ သူမ ခုံမင်နေပါလိမ့်မယ်။ ဒီလိုနေ့ရက်တွေ ကုန်ဆုံးသွားတဲ့အချိန်ကိုတော့ honeymoon expire period လို့ခေါ်ပြီး တကယ့်လက်တွေ့ မိသားစုဘဝထဲကို နှစ်ဦးစလုံး သက်ဆင်းရတဲ့ အချိန်ပေါ့။ အမျိုးသမီးတွေဟာ ဒီလိုအချိန်မှာ စတင် မွန်းကျပ်လာပြီး အချစ်ကို စိတ်ကုန် တတ်ကြပါတယ်။
(၂) တန်ဖိုးထားမှုတွေ ကင်းမဲ့လာတဲ့အခါ
သူမအပေါ် အလေးပေး ဂရုစိုက်တဲ့ ပမာဏဟာ သူမအတွက် ကိုယ့်ကိုယ်ကို မင်းသမီးလေး တစ်ယောက်လို ခံစားရစေနိုင်ပြီး အမျိုးသမီးတွေဟာ ဒီခံစားမှုကို အလွန် သာယာတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို ဂရုစိုက်မှုလေးတွေ အဝေးကို ပြယ်လွင့်သွားချိန်မှာတော့ သူမဟာ အိမ်အလုပ်တွေကို စိတ်မချမ်းမြေ့တဲ့ မျက်လုံးတွေနဲ့ လုပ်နေပါလိမ့်မယ်။ သူမလို အဖြစ်မျိုးကြုံရတဲ့ တခြား မိသားစုတွေရော ရှိလားလို့ ရှာဖွေနေပါလိမ့်မယ်။ အမျိုးသမီးတွေဟာ အချိန်တိုင်းမှာ စိတ်ခံစား တက်ကြွမှုကို တူညီတဲ့ ပမာဏနဲ့ ခံစားရဖို့လိုအပ်ပါတယ်။ သူမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဟာ ဒီအပေါ်မှာ မူတည်နေလို့ပါပဲ။ သူမအမျိုးသားရဲ့ သူမအပေါ် တပ်မက်မှုဟာ သူမအတွက်တော့ ဆုလာဒ်တစ်ခုပါပဲ။ ဒီအမူအရာတွေ ပျောက်ဆုံးတဲ့အခါမှာတော့ သူမဟာ အချစ်ကို စတင်စိတ်ကုန်လာပါပြီ။
(၃) အလိုအလျောက် သက်ဝင်ခြင်းများ မရှိတော့တဲ့အခါ
ပိုးပန်းချိန်ကာလက ချစ်ခြင်းရဲ့ အဆင့်အတန်းဟာ အလွန်ပဲမြင့်မားနေတဲ့အခါ သူမရဲ့ “ဘာမှမရှိတဲ့” နှစ်တစ်နှစ် ကုန်ဆုံးသွားချိန်မှာ ကနဦးလတစ်ခုရဲ့ အစပိုင်းအချိန်တွေနဲ့ နှိုင်းယှဉ်နေတတ်ပါတယ်။ လှုပ်လှုပ်ရှားရှားနဲ့ ဝုန်းဝုန်ဒိုင်းဒိုင်း ဖြစ်တတ်တဲ့အရာတွေ သူ့ဆီမှာ ပျောက်ဆုံးသွားပြီး သူမကိုဆက်ဆံပုံဟာ နေ့စဉ်လုပ်နေကျ အလုပ်တွေအပေါ် ဆက်ဆံသလိုမျိုး အလေ့အထတစ်ခုလို ပျင်းတွဲတွဲဖြစ်နေတတ်ပါတယ်။ အမျိုးသားဟာ ဘောလုံးပွဲ တစ်ပွဲလောက်မှ သူမအပေါ် အာရုံမလာဘဲ သဲကြီးမဲကြီး ကြည့်ရှုနေချိန်မျိုးမှာ ထောင့်လေးတစ်နေရာမှာ သူမဟာ ငြိမ်သက်စွာ ကြေကွဲ ခံစားမိနေပါလိမ့်မယ်။ ဒီအချိန်မှာ သူမအချစ်ကို စတင်စိတ်ကုန်တာပါပဲ။
(၄) စိတ်ထိခိုက်ခံစားရမှုတွေ ပြတ်တောက်သွားကြတဲ့အခါ
အမျိုးသားတွေက အနီးနားမှာ အဖော်ရှိနေရုံလောက်နဲ့ ရောင့်ရဲတင်းတိမ်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ သူမတို့တစ်ဦးနဲ့တစ်ဦး ဆက်နွယ်နေတယ်လို့ မခံစားရတတ်ပါဘူး။ ရှိရုံ ရှိနေတာဟာ သူမတို့အတွက် မလုံလောက်ပါဘူး။ ဒီလို တစ်ဦးနဲ့တစ်ဦး ဝေမျှခြင်းတွေ ပြတ်တောက်သွားချိန်မှာ အမျိုးသမီးတွေဟာ သူမတို့ရဲ့ချစ်ခရီးလမ်း အဆုံးသတ်နေပြီလို့ ခံစားရတတ်ပါတယ်။ အမျိုးသမီးတွေဟာ သစ်ကိုင်းခြောက်လေးလိုပဲ ကျိုးပဲ့လွယ်ပါတယ်။ အရာရာကို အမျိုးသားများထက်ပိုပြီး နက်ရှိုင်းစွာ ခံစားမိတဲ့အတွက် အကြောင်းပြချက် မခိုင်လုံပေမယ့်လဲ အချစ်ကို သူမစွန့်ခွာသွားပါလိမ့်မယ်။
Creit:trend myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အမ်ိဳးသမီးေတြ အခ်စ္ကို စိတ္ကုန္သြားတာ ဘာေၾကာင့္မ်ားလဲ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။