iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ခ်ဖုိ႔အတြက္ သံပ႐ိုသီးကို ေရေအးနဲ႔တစ္မ်ိဳး ေရေႏြးနဲ႔တစ္ဖံု ေသာက္သံုးေလ့႐ွိၾကပါတယ္။ သံပ႐ိုသီးကို အကြင္းေလးေတြလုပ္ၿပီး ေရစိမ္ေသာက္ျခင္းက ျမန္ျမန္ဆန္ဆန္ ပိန္ေစတယ္လို႔လည္း ယံုၾကည္ၾကပါတယ္။ ဒါေပမဲ့ သြားဆရာဝန္ေတြကေတာ့ ဒါကိုကန္႔ကြက္ၾကပါတယ္။ သံပ႐ိုသီးမွာပါတဲ့ အခ်ဥ္ဓာတ္က သြားနဲ႔ခံတြင္းကို ပ်က္စီးေစလို႔ပါတဲ့။ ဒါဆုိရင္ ပိန္ဖုိ႔အတြက္ တျခား ထိေရာက္တဲ့ ေသာက္စရာတစ္ခုခုမ႐ွိဘူးလား?

၁။ ေကာ္ဖီ

သဘာဝ အားျဖည့္အရည္လို႔ပဲ ေခၚလိုက္ရေအာင္။ ကာယေလ့က်င့္ခန္းမလုပ္မီ ေကာ္ဖီေသာက္ျခင္းဟာ ေလ့က်င့္ခန္းကို ပိုၿပီးထိထိိေရာက္ေရာက္ အားစိုက္လုပ္ႏိုင္ဖုိ႔ လံႈ႔ေဆာ္ေပးတယ္လို႔ သုေတသနတစ္ခုက ဆုိဖူးပါတယ္။ ေကာ္ဖီေသာက္ၿပီး ေလ့က်င့္ခန္းမ်ားမ်ားလုပ္ေတာ့ ကယ္လိုရီေတြ မ်ားမ်ားေလာင္ကၽြမ္းကာ ဝိတ္က်လာမွာပါ။ ဒါေပမဲ့ ဘလက္ေကာ္ဖီျဖစ္ဖုိ႔ေတာ့ လိုပါတယ္။

၂။ ေရခဲေရ

ဟုတ္ပါတယ္။ ဘာမွထပ္ျဖည့္မထားတဲ့ ႐ိုး႐ိုး ေရခဲေရပါ။ ခႏၶာကိုယ္အပူခ်ိန္က ၉၈.၆ ဒီဂရီဖာရင္ဟိုက္ ႐ွိေနမွ က်န္းမာတဲ့ ကိုယ္အပူခ်ိန္ရွိတယ္လို႔ ဆုိရမွာျဖစ္ပါတယ္။ ဒီအပူခ်ိန္ကို ထိန္းထားႏိုင္ဖုိ႔အတြက္ ခႏၶာကိုယ္က စြမ္းအင္မ်ားမ်ား သံုးရပါတယ္။ တကယ္လို႔သာ ေရခဲေရကို ေသာက္ေပးမယ္ဆုိ ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းေပးထားမွာပါ။ တစ္ေန႔ကို ေရခဲေရ ၂၄ ေအာင္စ (၀.၇၁ လီတာခန္႔)ကို သံုးႀကိမ္ေသာက္ေပးျခင္းက ကယ္လိုရီ ၁၀၀ ေလာက္ကို ေလာင္ကၽြမ္းေစမယ့္သေဘာပါပဲ။

၃။ Green tea

လက္ဖက္စိမ္းေရေႏြး (ေရေႏြးၾကမ္း) ဟာ လူကိုေဘးမျဖစ္ေစဘဲ ကယ္လိုရီကို ေလာင္ကၽြမ္းေပးႏိုင္တဲ့ေနရာမွာေတာ့ ဆရာတစ္ဆူေပါ့။ ေလ့လာမႈတစ္ခုအရ ေရေႏြးၾကမ္း တစ္ေန႔ကို ၄ ခြက္ႏႈန္းနဲ႔ ေသာက္သံုးလိုက္တဲ့အခါ ၂လ အၾကာမွာ ၆ ေပါင္နဲ႔အထက္ ဝိတ္က်သြားတယ္လို႔ သိရပါတယ္။ လက္ဖက္ေျခာက္ကေတာ့ သန္႔စင္တဲ့ လက္ဖက္ေျခာက္ျဖစ္ဖုိ႔ လိုအပ္တာကို မေမ့ပါနဲ႔။ ဆုိးေဆးနဲ႔ ဖုန္ေတြကပ္ၿငိေနတဲ့ လက္ဖက္ေျခာက္မ်ိဳးကို ေရွာင္ၾကဥ္ရပါမယ္။
Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ဝိတ်ချဖို့အတွက် သံပရိုသီးကို ရေအေးနဲ့တစ်မျိုး ရေနွေးနဲ့တစ်ဖုံ သောက်သုံးလေ့ရှိကြပါတယ်။ သံပရိုသီးကို အကွင်းလေးတွေလုပ်ပြီး ရေစိမ်သောက်ခြင်းက မြန်မြန်ဆန်ဆန် ပိန်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ သွားဆရာဝန်တွေကတော့ ဒါကိုကန့်ကွက်ကြပါတယ်။ သံပရိုသီးမှာပါတဲ့ အချဉ်ဓာတ်က သွားနဲ့ခံတွင်းကို ပျက်စီးစေလို့ပါတဲ့။ ဒါဆိုရင် ပိန်ဖို့အတွက် တခြား ထိရောက်တဲ့ သောက်စရာတစ်ခုခုမရှိဘူးလား?

၁။ ကော်ဖီ

သဘာဝ အားဖြည့်အရည်လို့ပဲ ခေါ်လိုက်ရအောင်။ ကာယလေ့ကျင့်ခန်းမလုပ်မီ ကော်ဖီသောက်ခြင်းဟာ လေ့ကျင့်ခန်းကို ပိုပြီးထိထိရောက်ရောက် အားစိုက်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးတယ်လို့ သုတေသနတစ်ခုက ဆိုဖူးပါတယ်။ ကော်ဖီသောက်ပြီး လေ့ကျင့်ခန်းများများလုပ်တော့ ကယ်လိုရီတွေ များများလောင်ကျွမ်းကာ ဝိတ်ကျလာမှာပါ။ ဒါပေမဲ့ ဘလက်ကော်ဖီဖြစ်ဖို့တော့ လိုပါတယ်။

၂။ ရေခဲရေ

ဟုတ်ပါတယ်။ ဘာမှထပ်ဖြည့်မထားတဲ့ ရိုးရိုး ရေခဲရေပါ။ ခန္ဓာကိုယ်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိနေမှ ကျန်းမာတဲ့ ကိုယ်အပူချိန်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအပူချိန်ကို ထိန်းထားနိုင်ဖို့အတွက် ခန္ဓာကိုယ်က စွမ်းအင်များများ သုံးရပါတယ်။ တကယ်လို့သာ ရေခဲရေကို သောက်ပေးမယ်ဆို ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးထားမှာပါ။ တစ်နေ့ကို ရေခဲရေ ၂၄ အောင်စ (ဝ.၇၁ လီတာခန့်)ကို သုံးကြိမ်သောက်ပေးခြင်းက ကယ်လိုရီ ၁၀၀ လောက်ကို လောင်ကျွမ်းစေမယ့်သဘောပါပဲ။

၃။ Green tea

လက်ဖက်စိမ်းရေနွေး (ရေနွေးကြမ်း) ဟာ လူကိုဘေးမဖြစ်စေဘဲ ကယ်လိုရီကို လောင်ကျွမ်းပေးနိုင်တဲ့နေရာမှာတော့ ဆရာတစ်ဆူပေါ့။ လေ့လာမှုတစ်ခုအရ ရေနွေးကြမ်း တစ်နေ့ကို ၄ ခွက်နှုန်းနဲ့ သောက်သုံးလိုက်တဲ့အခါ ၂လ အကြာမှာ ၆ ပေါင်နဲ့အထက် ဝိတ်ကျသွားတယ်လို့ သိရပါတယ်။ လက်ဖက်ခြောက်ကတော့ သန့်စင်တဲ့ လက်ဖက်ခြောက်ဖြစ်ဖို့ လိုအပ်တာကို မမေ့ပါနဲ့။ ဆိုးဆေးနဲ့ ဖုန်တွေကပ်ငြိနေတဲ့ လက်ဖက်ခြောက်မျိုးကို ရှောင်ကြဉ်ရပါမယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top