iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသား ေတြအေနနဲ႕ အမ်ိဳးသမီးေတြရဲ႕ ကိုယ္ခႏၶာအေၾကာင္းကို နားမလည္လို႔ အိပ္ရာထဲ မွာ အမွားလုပ္မိတတ္တာေတြ ရွိပါတယ္။ ဒါေပမယ့္ မွ်တစြာ ေျပာရမယ္ဆိုရင္ အမွား ဆိုတာ ၂ဘက္လုံးမွာ ရွိနိုင္တာမ်ိဳးပါ။ ဒါေၾကာင့္ အမ်ိဳးသမီး ေတြရဲ႕ အမွားေတြ လည္း အမ်ားအျပား ရွိတယ္လို႔ လိင္ မႈသဘာ၀ ဆိုင္ရာ ကြၽမ္း က်င္သူေတြေျပာၾကပါတယ္။ အဲဒီလို အမွားေတြ ထဲက ျဖစ္ေလ့ျဖစ္ထ အမ်ားဆုံးလို႔ ပညာရွင္ေတြ သတ္မွတ္တဲ့ အခ်က္တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လိင္ ကိစၥနဲ႕ ပတ္သက္တဲ့ စိတ္ခံစားမႈကို ေဖာ္ျပဖို႔ ေၾကာက္ျခင္း

အမ်ိဳးသမီး အမ်ာစုဟာ ဣေျနၵေစာင့္ထိန္း ေနထိုင္ဖို႔ သင္ၾကားမႈနဲ႕ လူလားေျမာက္လာၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ က လိင္ ဆက္ဆံစဥ္မွာ ခံစားမႈကို ေဖာ္ျပဖို႔ အခက္ေတြ႕ၾက၊ ေၾကာက္လန႔္ၾကပါတယ္။ တကယ္ေတာ့ ဒီကိစၥတင္ မဟုတ္ပါ ဘူး။ သူတို႔အေနနဲ႕ ေဒါသလိုမ်ိဳး တျခားစိတ္ခံစားမႈေတြကို ေဖာ္ျပဖို႔ ခက္ခဲေလ့ ရွိၾကပါတယ္။

Seattle Pacific တကၠသိုလ္က စိတ္ပညာပါေမာကၡ Les Parrot ကေတာ့ ဒီလိုထိန္းခ်ဳပ္ လြန္းျခင္းက အမ်ိဳးသမီးေတြရဲ႕ အႀကီးဆုံး အမွားေတြထဲက တခုလို႔ ေျပာပါတယ္။ “(အဲဒါေၾကာင့္) အမ်ိဳးသား အမ်ားစုက သူတို႔ကပဲ ဒီကိစၥကို အၿမဲတမ္း အစျပဳေနရသလို ခံစားရတဲ့ အတြက္ ဆက္ဆံေရးမွာ မညီမွ်မႈေတြ ျဖစ္လာေစပါတယ္။” လို႔ သူကဆိုပါတယ္။

New York တကၠသိုလ္က စိတ္ပညာရွင္ တဦးျဖစ္တဲ့ ေဒါက္တာ Ruth Westheimer ကလည္း လိင္ ကိစၥနဲ႕ ပတ္သက္လို႔ အေတြး အေခၚေဟာင္းေတြကို ဆုပ္ကိုင္ထားျခင္းက ဆက္ဆံေရးကို ထိခိုက္နိုင္တယ္လို႔ ေျပာပါတယ္။ “အမ်ိဳးသမီးေတြက လိင္ မႈ ကိစၥမွာ စိတ္မဝင္စားဖူးလို႔ အမ်ိဳးသားေတြက ထင္သြားေလ့ရွိပါတယ္။ က်မထင္တာကေတာ့ အမ်ိဳးသားေတြလိုပဲ လိင္မႈကိစၥ ကို စိတ္ဝင္စားတဲ့ အမ်ိဳးသမီးေတြလည္း ရွိပါတယ္။” လို႔ သူကေျပာသလို ၂ ဦး ၂ဘက္ စိတ္ေက်နပ္မႈရရွိေစ ဖို႔ အမ်ိဳးသမီးေတြမွာလည္း တာဝန္ရွိတယ္၊ တာဝန္ယူသင့္တယ္လို႔ အႀကံျပဳခဲ့ပါတယ္။

(၂) လိင္ကိစၥဟာ အမ်ိဳးသားေတြ အတြက္ သာမန္ ကိစၥ တခုလို႔ ယူဆထားျခင္း

လိင္ကိစၥဟာ အမ်ိဳးသားေတြ အတြက္ပဲ ဆိုတဲ့ ေခတ္ေဟာင္း အေတြးအေခၚမ်ိဳးကို ဖယ္ရွား ပစ္ရမယ္လို႔ ေဒါက္တာ Ruth Westheimer ကယုံၾကည္ထားပါတယ္။ “တခ်ိဳ႕ အမ်ိဳးသားေတြ အတြက္ေတာ့ လိင္ကိစၥက ဇနီးေမာင္ႏွံေတြ စုံတြဲေတြရဲ႕ ဆက္ဆံေရးမွာ သိပ္အေရးႀကီးပါတယ္။ ေလွ်ာ့မတြက္လိုက္ပါနဲ႕ ” လို႔ သူကေျပာပါတယ္။

Rutgers တကၠသိုလ္က မႏုႆေဗဒ ပညာရွင္ ေဒါက္တာ Helen Fisher နဲ႕ သူ႕ရဲ႕ ေက်ာင္းသားေက်ာင္းသူေတြေလ့လာ ခဲ့ၾကတဲ့ သုေတသန တခုအရ အမ်ိဳးသားေတြကလည္း လိင္ကိစၥနဲ႕ ဆက္ဆံေရး ကို အမ်ိဳးသမီးေတြလိုပဲ အေလးထားတယ္ ဆိုတာ ေတြ႕ခဲ့ရပါတယ္။ “အမ်ိဳးသားတေယာက္က စိတ္ကူးမယဥ္တတ္ဘူး။ မခံစားတတ္ဘူးလို႔ ဘယ္ေတာ့မွ မယူဆလိုက္ ပါနဲ႕။ အႀကီးဆုံး အမွား ၂ ခုကေတာ့ အမ်ိဳးသမီးေတြက လိင္ကိစၥနဲ႕ မဆိုင္ဘူးလို႔ ယူဆျခင္း နဲ႕ အမ်ိဳးသားေတြက အမ်ိဳး သမီး ေတြလို အေလးအနက္ မထားတတ္ဘူးလို႔ သေဘာထားျခင္းေတြပါပဲ။” လို႔ သူက ေျပာပါတယ္။

(၃) အမ်ိဳးသားေတြက လိင္ကိစၥ အတြက္ အၿမဲ အသင့္ျဖစ္ေနတယ္လို႔ ယူဆျခင္း

ဆယ္ေက်ာ္သက္ လူငယ္ေလး တေယာက္ဆိုရင္ေတာ့ အဲဒီလို ဟုတ္ခ်င္ ဟုတ္ပါလိမ့္မယ္။ ဒါေပမယ့္ အ႐ြယ္ေရာက္ၿပီးတဲ့ အမ်ိဳးသား တေယာက္ အေနနဲ႕ေတာ့ မိသားစုကိစၥ၊ အလုပ္အကိုင္ နဲ႕ ေငြေရးေၾကးေရး စတဲ့ ေန႕စဥ္ ဘ၀ ဖိအားေတြ ရွိ ေန ၿပီး လိင္စိတ္ဆႏၵကို ထိခိုက္ေလ်ာ့ပါးေစပါတယ္။ အဲဒါကို ထည့္မစဥ္းစားမိတဲ့ အခါ ကိုယ့္ရဲ႕ အမ်ိဳးသားက ကိုယ့္ကို စိတ္ကုန္ေန ၿပီလို႔ ထင္မွားမႈေတြ ျဖစ္ေစပါတယ္။

“သူတို႔ (အမ်ိဳးသမီးမ်ား) အတြက္ အံ့ၾသစရာ ျဖစ္လာတယ္။ မယုံနိုင္ၾကဘူး။” လို႔ ေဒါက္တာ Helen Fisher က ခင္ပြန္း သည္က စိတ္ကုန္ၿပီလို႔ ခံစားရတဲ့ အမ်ိဳးသမီးေတြ နဲ႕ ပတ္သက္လို႔ ေျပာျပပါတယ္။ “သူတို႔ကိုယ္သူတို႔ေတာ့ လိင္ကိစၥနဲ႕ ပတ္သက္လို႔ အၿမဲတမ္း စိတ္မပါဘူးဆိုတာ သိထားၾကပါတယ္။ ဒါေပမယ့္ အမ်ိဳးသားေတြက လိင္ဆက္ဆံဖို႔ ဘာေၾကာင့္ စိတ္ မပါသလဲ ဆိုတာကို မေဖာ္ထုတ္နိုင္ၾကတဲ့ အခါမွာေတာ့ ငါ့ကို မခ်စ္ေတာ့ဘူးလို႔ ထင္ကုန္ၾကတယ္။” လို႔ သူက ဆိုပါတယ္။

(၄) လိုအပ္ခ်က္ကို ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ မေျပာဆိုျခင္း

“ျပည့္စုံတဲ့ လိင္မႈဘဝတခုကို ရဖို႔ အမ်ိဳးသမီးေတြမွာလည္းတာဝန္ရွိပါတယ္။ တကယ္လို႔ အမ်ိဳးသမီးတေယာက္က သူခံစား ေတြ႕ႀကဳံရတာနဲ႕ ပတ္သက္လို႔ သူ႕ဖာသာ ျပန္ၿပီး ဂ႐ုမစိုက္ရင္ အမ်ိဳးသားကလည္း သူ႕ကို အထြဋ္အထိပ္ ခံစားမႈရေအာင္ လုပ္ေပးနိုင္မွာ မဟုတ္ပါဘူး။ အရမ္းကို ရင္းႏွီးကြၽမ္းဝင္မႈ ရွိတဲ့ စုံတြဲေတြ ျဖစ္မယ္ဆိုရင္ေတာင္ အမ်ိဳးသမီး ဘက္က သူ႕လို အပ္ခ်က္ကို ထုတ္မျပရင္ အျပည့္အစုံ သိနိုင္မွာ မဟုတ္ပါဘူး။” လို႔ ေဒါက္တာ Ruth Westheimer ကေျပာပါတယ္။

ေဒါက္တာ Helen Fisher ကေတာ့ အမ်ိဳးသားေတြက သူတို႔ရဲ႕ အမ်ိဳးသမီးကို ႏွစ္သိမ့္ေက်နပ္မႈ အလြန္ေပးခ်င္ၾကတဲ့ အတြက္ ဖြင့္ေျပာဖို႔ စိုးရိမ္စရာလိုဘူး လို႔ ဆိုပါတယ္။ “ သူတို႔ရဲ႕ အတၱကို မထိခိုက္ေစတဲ့ နည္းနဲ႕ နားလည္ေအာင္ ေျပာရင္ သူတို႔ ေက်ေက် နပ္နပ္ နားေထာင္ပါတယ္။” လို႔ သူကေျပာပါတယ္။

(၅) လိင္ကိစၥကို အသုံးခ်၍ ထိန္းခ်ဳပ္ရန္ ႀကိဳးစားျခင္း

လိင္ဆက္ဆံခြင့္ကို လက္နက္လို အသုံးခ်တာကလည္း မလုပ္သင့္တဲ့ ကိစၥတခုျဖစ္ပါတယ္။ အေျခခံ အားျဖင့္ေတာ့ အမ်ိဳး သမီးေတြက ကိုယ့္ကိုယ့္ကို အားႏြဲ႕သူေတြလို႔ ခံစားရတဲ့ အတြက္ လိင္ကိစၥကို ညင္းပယ္ျခင္းအားျဖင့္ လိုခ်င္တာ ရယူဖို႔ ႀကိဳး စားတတ္ၾကပါတယ္။ အမ်ိဳးသားေတြက သူတို႔ အလိုဆႏၵျပည့္ဖို႔ အတြက္ ကိုယ္လိုခ်င္တာကိုလည္း လိုက္ေလ်ာ ခြင့္ျပဳေပး မယ္လို႔ ထင္တတ္ၾကပါတယ္။ ဒီနည္းက တခါတရံ အသုံးဝင္ေကာင္း ဝင္နိုင္ေပမယ့္ ေရရွည္ အသုံးျပဳသင့္တဲ့ နည္းလမ္း ေကာင္း တခုေတာ့ မဟုတ္ပါဘူး။

အမ်ိဳးသားရဲ႕ သာယာမႈကို ညင္းပယ္တဲ့ နည္းနဲ႕ ၾသဇာ လႊမ္းမိုးမႈ ယူမယ့္ အစား ျဖစ္ခ်င္တာ၊ ျဖစ္သင့္တာကို တိုက္ရိုက္ ေျပာဆို ေဆြးေႏြးၿပီး ရယူတဲ့ နည္းလမ္းမ်ိဳးကို ႀကိဳးစားၾကည့္ သင့္ပါတယ္။

(၆) စကားမ်ား ရန္ျဖစ္ၿပီးတဲ့ အခ်ိန္မွာ လိင္ကိစၥကို ခြင့္မျပဳျခင္း

ရန္ျဖစ္ၿပီးေတာ့မွ အိပ္ရာထဲမွာ ျပန္အဆင္ေျပသြားတဲ့ စုံတြဲေတြ အေတာ္မ်ားမ်ား ရွိပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးအမ်ား စု ကေတာ့ ခြင့္ျပဳေလ့ မရွိၾကတာမ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လိင္ဆက္ဆံမႈ မျပဳခင္မွာ ခ်စ္ခ်စ္ခင္ခင္ ဆက္ဆံမႈ၊ ထိေတြ႕မႈေတြ လိုအပ္တယ္လို႔ အမ်ိဳးသမီး ေတြက ထင္ၾကလို႔ ျဖစ္ပါတယ္။ အဲဒါက မွန္သင့္သေလာက္ေတာ့မွန္ ပါ တယ္။ ဒါေပမယ့္ စိတ္ပညာရွင္ေတြ၊ လိင္မႈဆိုင္ရာ ကုထုံးပညာရွင္ေတြရဲ႕ ေလ့လာမႈအရ အိပ္ရာထဲမွာ ေျဖရွင္းတာက အျမန္ဆုံး ျပန္ၿပီး ေျပလည္ေစတယ္လို႔ ေတြ႕ရွိရပါတယ္။

တကယ္လို႔ အစပိုင္းမွာ စိတ္ထဲက မေက်လည္မႈေတြေၾကာင့္ လိင္ကိစၥကို စိတ္မပါဘူးဆိုရင္ေတာင္ ကိုယ္ခႏၶာခ်င္း အနီး ကပ္ ဆက္သြယ္ ပတ္သက္မႈက ေန တဆင့္ တေယာက္နဲ႕ တေယာက္ ခံစားခ်က္ေတြ ျပန္လည္ နီးကပ္ၿပီး ေျပၿငိမ္းမႈကို ရေစနိုင္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေဝဖန္ေဆြးေႏြးတာ၊ ေက်လည္ေအာင္ညွိႏွိုင္း အေျဖရွာတာေတြကလည္း အျငင္းပြား မႈကို ေျဖရွင္းနိုင္တဲ့ နည္းလမ္းေကာင္းေတြပါပဲ။ ဒါေပမယ့္ တင္းမာေနတဲ့ စိတ္ေတြကို ထိထိေရာက္ေရာက္ ေျပေလ်ာ့ ေစၿပီး နားလည္မႈ အျမန္ဆုံး ျပန္ရဖို႔ကေတာ့ ဒီနည္းနဲ႕ ႀကိဳးစားၾကည့္သင့္ပါတယ္

Credit:irrawaddy


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသား တွေအနေနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအကြောင်းကို နားမလည်လို့ အိပ်ရာထဲ မှာ အမှားလုပ်မိတတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် မျှတစွာ ပြောရမယ်ဆိုရင် အမှား ဆိုတာ ၂ဘက်လုံးမှာ ရှိနိုင်တာမျိုးပါ။ ဒါကြောင့် အမျိုးသမီး တွေရဲ့ အမှားတွေ လည်း အများအပြား ရှိတယ်လို့ လိင် မှုသဘာ၀ ဆိုင်ရာ ကျွမ်း ကျင်သူတွေပြောကြပါတယ်။ အဲဒီလို အမှားတွေ ထဲက ဖြစ်လေ့ဖြစ်ထ အများဆုံးလို့ ပညာရှင်တွေ သတ်မှတ်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လိင် ကိစ္စနဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုကို ဖော်ပြဖို့ ကြောက်ခြင်း

အမျိုးသမီး အမျာစုဟာ ဣနြေ္ဒစောင့်ထိန်း နေထိုင်ဖို့ သင်ကြားမှုနဲ့ လူလားမြောက်လာကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ က လိင် ဆက်ဆံစဉ်မှာ ခံစားမှုကို ဖော်ပြဖို့ အခက်တွေ့ကြ၊ ကြောက်လန့်ကြပါတယ်။ တကယ်တော့ ဒီကိစ္စတင် မဟုတ်ပါ ဘူး။ သူတို့အနေနဲ့ ဒေါသလိုမျိုး တခြားစိတ်ခံစားမှုတွေကို ဖော်ပြဖို့ ခက်ခဲလေ့ ရှိကြပါတယ်။

Seattle Pacific တက္ကသိုလ်က စိတ်ပညာပါမောက္ခ Les Parrot ကတော့ ဒီလိုထိန်းချုပ် လွန်းခြင်းက အမျိုးသမီးတွေရဲ့ အကြီးဆုံး အမှားတွေထဲက တခုလို့ ပြောပါတယ်။ “(အဲဒါကြောင့်) အမျိုးသား အများစုက သူတို့ကပဲ ဒီကိစ္စကို အမြဲတမ်း အစပြုနေရသလို ခံစားရတဲ့ အတွက် ဆက်ဆံရေးမှာ မညီမျှမှုတွေ ဖြစ်လာစေပါတယ်။” လို့ သူကဆိုပါတယ်။

New York တက္ကသိုလ်က စိတ်ပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ Ruth Westheimer ကလည်း လိင် ကိစ္စနဲ့ ပတ်သက်လို့ အတွေး အခေါ်ဟောင်းတွေကို ဆုပ်ကိုင်ထားခြင်းက ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ “အမျိုးသမီးတွေက လိင် မှု ကိစ္စမှာ စိတ်မဝင်စားဖူးလို့ အမျိုးသားတွေက ထင်သွားလေ့ရှိပါတယ်။ ကျမထင်တာကတော့ အမျိုးသားတွေလိုပဲ လိင်မှုကိစ္စ ကို စိတ်ဝင်စားတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။” လို့ သူကပြောသလို ၂ ဦး ၂ဘက် စိတ်ကျေနပ်မှုရရှိစေ ဖို့ အမျိုးသမီးတွေမှာလည်း တာဝန်ရှိတယ်၊ တာဝန်ယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

(၂) လိင်ကိစ္စဟာ အမျိုးသားတွေ အတွက် သာမန် ကိစ္စ တခုလို့ ယူဆထားခြင်း

လိင်ကိစ္စဟာ အမျိုးသားတွေ အတွက်ပဲ ဆိုတဲ့ ခေတ်ဟောင်း အတွေးအခေါ်မျိုးကို ဖယ်ရှား ပစ်ရမယ်လို့ ဒေါက်တာ Ruth Westheimer ကယုံကြည်ထားပါတယ်။ “တချို့ အမျိုးသားတွေ အတွက်တော့ လိင်ကိစ္စက ဇနီးမောင်နှံတွေ စုံတွဲတွေရဲ့ ဆက်ဆံရေးမှာ သိပ်အရေးကြီးပါတယ်။ လျှော့မတွက်လိုက်ပါနဲ့ ” လို့ သူကပြောပါတယ်။

Rutgers တက္ကသိုလ်က မနုဿဗေဒ ပညာရှင် ဒေါက်တာ Helen Fisher နဲ့ သူ့ရဲ့ ကျောင်းသားကျောင်းသူတွေလေ့လာ ခဲ့ကြတဲ့ သုတေသန တခုအရ အမျိုးသားတွေကလည်း လိင်ကိစ္စနဲ့ ဆက်ဆံရေး ကို အမျိုးသမီးတွေလိုပဲ အလေးထားတယ် ဆိုတာ တွေ့ခဲ့ရပါတယ်။ “အမျိုးသားတယောက်က စိတ်ကူးမယဉ်တတ်ဘူး။ မခံစားတတ်ဘူးလို့ ဘယ်တော့မှ မယူဆလိုက် ပါနဲ့။ အကြီးဆုံး အမှား ၂ ခုကတော့ အမျိုးသမီးတွေက လိင်ကိစ္စနဲ့ မဆိုင်ဘူးလို့ ယူဆခြင်း နဲ့ အမျိုးသားတွေက အမျိုး သမီး တွေလို အလေးအနက် မထားတတ်ဘူးလို့ သဘောထားခြင်းတွေပါပဲ။” လို့ သူက ပြောပါတယ်။

(၃) အမျိုးသားတွေက လိင်ကိစ္စ အတွက် အမြဲ အသင့်ဖြစ်နေတယ်လို့ ယူဆခြင်း

ဆယ်ကျော်သက် လူငယ်လေး တယောက်ဆိုရင်တော့ အဲဒီလို ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးတဲ့ အမျိုးသား တယောက် အနေနဲ့တော့ မိသားစုကိစ္စ၊ အလုပ်အကိုင် နဲ့ ငွေရေးကြေးရေး စတဲ့ နေ့စဉ် ဘ၀ ဖိအားတွေ ရှိ နေ ပြီး လိင်စိတ်ဆန္ဒကို ထိခိုက်လျော့ပါးစေပါတယ်။ အဲဒါကို ထည့်မစဉ်းစားမိတဲ့ အခါ ကိုယ့်ရဲ့ အမျိုးသားက ကိုယ့်ကို စိတ်ကုန်နေ ပြီလို့ ထင်မှားမှုတွေ ဖြစ်စေပါတယ်။

“သူတို့ (အမျိုးသမီးများ) အတွက် အံ့သြစရာ ဖြစ်လာတယ်။ မယုံနိုင်ကြဘူး။” လို့ ဒေါက်တာ Helen Fisher က ခင်ပွန်း သည်က စိတ်ကုန်ပြီလို့ ခံစားရတဲ့ အမျိုးသမီးတွေ နဲ့ ပတ်သက်လို့ ပြောပြပါတယ်။ “သူတို့ကိုယ်သူတို့တော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ အမြဲတမ်း စိတ်မပါဘူးဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေက လိင်ဆက်ဆံဖို့ ဘာကြောင့် စိတ် မပါသလဲ ဆိုတာကို မဖော်ထုတ်နိုင်ကြတဲ့ အခါမှာတော့ ငါ့ကို မချစ်တော့ဘူးလို့ ထင်ကုန်ကြတယ်။” လို့ သူက ဆိုပါတယ်။

(၄) လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မပြောဆိုခြင်း

“ပြည့်စုံတဲ့ လိင်မှုဘဝတခုကို ရဖို့ အမျိုးသမီးတွေမှာလည်းတာဝန်ရှိပါတယ်။ တကယ်လို့ အမျိုးသမီးတယောက်က သူခံစား တွေ့ကြုံရတာနဲ့ ပတ်သက်လို့ သူ့ဖာသာ ပြန်ပြီး ဂရုမစိုက်ရင် အမျိုးသားကလည်း သူ့ကို အထွဋ်အထိပ် ခံစားမှုရအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အရမ်းကို ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ စုံတွဲတွေ ဖြစ်မယ်ဆိုရင်တောင် အမျိုးသမီး ဘက်က သူ့လို အပ်ချက်ကို ထုတ်မပြရင် အပြည့်အစုံ သိနိုင်မှာ မဟုတ်ပါဘူး။” လို့ ဒေါက်တာ Ruth Westheimer ကပြောပါတယ်။

ဒေါက်တာ Helen Fisher ကတော့ အမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီးကို နှစ်သိမ့်ကျေနပ်မှု အလွန်ပေးချင်ကြတဲ့ အတွက် ဖွင့်ပြောဖို့ စိုးရိမ်စရာလိုဘူး လို့ ဆိုပါတယ်။ “ သူတို့ရဲ့ အတ္တကို မထိခိုက်စေတဲ့ နည်းနဲ့ နားလည်အောင် ပြောရင် သူတို့ ကျေကျေ နပ်နပ် နားထောင်ပါတယ်။” လို့ သူကပြောပါတယ်။

(၅) လိင်ကိစ္စကို အသုံးချ၍ ထိန်းချုပ်ရန် ကြိုးစားခြင်း

လိင်ဆက်ဆံခွင့်ကို လက်နက်လို အသုံးချတာကလည်း မလုပ်သင့်တဲ့ ကိစ္စတခုဖြစ်ပါတယ်။ အခြေခံ အားဖြင့်တော့ အမျိုး သမီးတွေက ကိုယ့်ကိုယ့်ကို အားနွဲ့သူတွေလို့ ခံစားရတဲ့ အတွက် လိင်ကိစ္စကို ညင်းပယ်ခြင်းအားဖြင့် လိုချင်တာ ရယူဖို့ ကြိုး စားတတ်ကြပါတယ်။ အမျိုးသားတွေက သူတို့ အလိုဆန္ဒပြည့်ဖို့ အတွက် ကိုယ်လိုချင်တာကိုလည်း လိုက်လျော ခွင့်ပြုပေး မယ်လို့ ထင်တတ်ကြပါတယ်။ ဒီနည်းက တခါတရံ အသုံးဝင်ကောင်း ဝင်နိုင်ပေမယ့် ရေရှည် အသုံးပြုသင့်တဲ့ နည်းလမ်း ကောင်း တခုတော့ မဟုတ်ပါဘူး။

အမျိုးသားရဲ့ သာယာမှုကို ညင်းပယ်တဲ့ နည်းနဲ့ သြဇာ လွှမ်းမိုးမှု ယူမယ့် အစား ဖြစ်ချင်တာ၊ ဖြစ်သင့်တာကို တိုက်ရိုက် ပြောဆို ဆွေးနွေးပြီး ရယူတဲ့ နည်းလမ်းမျိုးကို ကြိုးစားကြည့် သင့်ပါတယ်။

(၆) စကားများ ရန်ဖြစ်ပြီးတဲ့ အချိန်မှာ လိင်ကိစ္စကို ခွင့်မပြုခြင်း

ရန်ဖြစ်ပြီးတော့မှ အိပ်ရာထဲမှာ ပြန်အဆင်ပြေသွားတဲ့ စုံတွဲတွေ အတော်များများ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးအများ စု ကတော့ ခွင့်ပြုလေ့ မရှိကြတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံမှု မပြုခင်မှာ ချစ်ချစ်ခင်ခင် ဆက်ဆံမှု၊ ထိတွေ့မှုတွေ လိုအပ်တယ်လို့ အမျိုးသမီး တွေက ထင်ကြလို့ ဖြစ်ပါတယ်။ အဲဒါက မှန်သင့်သလောက်တော့မှန် ပါ တယ်။ ဒါပေမယ့် စိတ်ပညာရှင်တွေ၊ လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တွေရဲ့ လေ့လာမှုအရ အိပ်ရာထဲမှာ ဖြေရှင်းတာက အမြန်ဆုံး ပြန်ပြီး ပြေလည်စေတယ်လို့ တွေ့ရှိရပါတယ်။

တကယ်လို့ အစပိုင်းမှာ စိတ်ထဲက မကျေလည်မှုတွေကြောင့် လိင်ကိစ္စကို စိတ်မပါဘူးဆိုရင်တောင် ကိုယ်ခန္ဓာချင်း အနီး ကပ် ဆက်သွယ် ပတ်သက်မှုက နေ တဆင့် တယောက်နဲ့ တယောက် ခံစားချက်တွေ ပြန်လည် နီးကပ်ပြီး ပြေငြိမ်းမှုကို ရစေနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးတာ၊ ကျေလည်အောင်ညှိနှိုင်း အဖြေရှာတာတွေကလည်း အငြင်းပွား မှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတွေပါပဲ။ ဒါပေမယ့် တင်းမာနေတဲ့ စိတ်တွေကို ထိထိရောက်ရောက် ပြေလျော့ စေပြီး နားလည်မှု အမြန်ဆုံး ပြန်ရဖို့ကတော့ ဒီနည်းနဲ့ ကြိုးစားကြည့်သင့်ပါတယ်

Credit:irrawaddy


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top