iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလို ယုံၾကည္မႈပ်က္ျပားေနတဲ့ အခ်ိန္အခါ၊ အေျခအေနမ်ိဳး ၾကံဳခဲ႔ရင္ အခ်က္ (၃) ခ်က္နဲ႔ ကုိယ္႔ကုိယ္ကုိ ျပဳျပင္ျပီး ယုံၾကည္မႈကို ျပန္လည္ ရယူႏုိင္ပါတယ္။

(၁) “မေန႔ကငါ” နဲ႔ “ဒီေန႔ငါ” ကိုသာ ႏႈိင္းယွဥ္ပါ

မေန႔က ငါနဲ႔ ဒီေန႔ ငါဟာ ဘာမွ မထူးလာပါဘူးလုိ႔ ထင္တဲ႔သူေတြ ရွိမွာပါ။ အမွန္တကယ္ကေတာ့ (၂၄) နာရီဆုိတဲ႔ အေတြ႔အၾကံဳကုိ ျဖတ္သန္းလာရတဲ႔ေနာက္ေတာ့ ”မေန႔ကငါ” နဲ႔ “ဒီေန႔ငါ”ဟာ ဘယ္လုိမွ မတူပါဘူး။

ဒီေန႔ ငါသည္ မေန႔က ငါထက္ နည္းနည္း ပုိတိုးတက္လာတာပဲ ေကာင္းတယ္။ တျခား လူမ်ားနဲ႔ မိမိကုိယ္ကို မႏႈိင္းယွဥ္ပဲ မေန႔က ငါနဲ႔ ႏႈိင္းယွဥ္ၾကည့္ပါ။ ငါဆိုတာမွာ ရုပ္ကိုပဲ ေျပာတာ မဟုတ္ပါဘူး။ မေန႔က ငါလုပ္တဲ့အရာေတြ အကုန္လံုးနဲ႔ မေန႔က ငါ့မွာ ရွိေနတဲ့ စိတ္ဓာတ္၊ မေန႔က ငါ သူမ်ားေတြနဲ႔ ေျပာဆိုဆက္ဆံပံု၊ မေန႔က ငါ့ စိတ္ အေျခအေနေတြနဲ႔ပါ မေန႔ ငါ က ျပိဳင္ၾကည့္ပါ။ ဒီလုိ တျဖည္းျဖည္း ကိုယ့္ကိုယ္ကိုတန္ဖိုးထားတတ္လာမယ္။ ဒီလိုနည္းနဲ႔ တိုးတက္လာတာဟာ သူမ်ားရဲ႕တုိးတက္မႈနဲ႔ ယွဥ္မိရင္လည္း ကိုယ့္ကိုယ္ကို ယံုၾကည္တာက ေပ်ာက္မသြားဘူး။

(၂)  “ငါ ဘာကိုေၾကာက္ေနတာလဲ” လုိ႔ စမ္းစစ္သင္႔တယ္

ယုံၾကည္မႈ ေပ်ာက္တယ္ဆုိတာ လုိအပ္တာထက္ အေၾကာက္တရားကပုိေနတာျဖစ္တယ္။ တကယ္လုိ႔ မေအာင္ျမင္ခဲ႔ဘူးဆိုရင္ ဆိုတဲ႔ အပ်က္သေဘာေဆာင္ေသာ အေတြးေတြ စိတ္ထဲမွာ အျမဲ ေတြးေနေတာ့ ကုိယ္႔ရဲ႕ တျခားအေတြးနဲ႔ လႈပ္ရွားမႈေတြဟာ အပ်က္သေဘာဖက္ကုိ ေရာက္သြားတတ္တယ္။ ဒီလုုိ အပ်က္သေဘာေတြခ်ည္းသာ ေတြးေန၊ လုုပ္ေနရင္ ကုိယ္႔ကုိယ္ကုိ ယုံၾကည္မႈရဖုိ႔ အေတာ္ခက္လိမ္႔မယ္။ အသက္ရွင္ လႈပ္ရွားဖုုိ႔အတြက္ ေန႔စဥ္လႈပ္ရွားမႈ ေတာ္ေတာ္မ်ားမ်ားဟာ “အေၾကာက္တရား” ကေန ျဖစ္ေပၚလာတဲ႔ လႈပ္ရွားမႈေတြ ျဖစ္တယ္။ ယုံၾကည္မႈမရွိလုိ႔ မလုပ္ႏုိင္တာ မဟုတ္ပဲ ေၾကာက္လုိ႔ မလုပ္ႏုိင္တဲ႔ အေၾကာင္းအရာေတြက ပုိမ်ားတတ္တယ္။ အေၾကာက္တရားနဲ႔ မိမိကုိယ္ကုိ ယုံၾကည္မႈဟာ လက္ဖဝါးနဲ႔ လက္ဖမိုးလို ေက်ာခ်င္းကပ္ေနတာပါ။

(၃) လူေနဟန္ထားကို ျပင္ပါ

မ်က္ႏွာဟန္ထားက ေရွ႕ကို(သို႔) ေကာင္းကင္ကို ဦးတည္သလို ကုိယ္ေနဟန္မတ္မတ္ ရွိတဲ႔သူဟာ ဆြဲေဆာင္မႈအား ေကာင္းပါတယ္။ ကိုယ္ေနဟန္ထား ေျပာင္းတာနဲ႔ က်န္းမာေရး၊ အလုပ္အကိုင္၊ အက်င္႔စရုိက္ေတြလည္း ေျပာင္းလာပါလိမ္႔မယ္။ လူတစ္ေယာက္ရဲ႕ ကုိယ္ေနဟန္ထားဟာ သူ႔ရဲ႕စိတ္ကုိ အမ်ားၾကီး လြမ္းမုိးမႈရွိတယ္ ဆုိတာ ဒီေန႔ေခတ္ ဦးေႏွာက္နဲ႔ စိတ္ပညာဘာသာရပ္မွာ အလြန္ ေရပန္းစားေနတဲ႔ ေခါင္းစဥ္တစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ အျမဲတမ္း စမတ္က်က် ေနသင့္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီလို ယုံကြည်မှုပျက်ပြားနေတဲ့ အချိန်အခါ၊ အခြေအနေမျိုး ကြုံခဲ့ရင် အချက် (၃) ချက်နဲ့ ကိုယ့်ကိုယ်ကို ပြုပြင်ပြီး ယုံကြည်မှုကို ပြန်လည် ရယူနိုင်ပါတယ်။

(၁) “မနေ့ကငါ” နဲ့ “ဒီနေ့ငါ” ကိုသာ နှိုင်းယှဉ်ပါ

မနေ့က ငါနဲ့ ဒီနေ့ ငါဟာ ဘာမှ မထူးလာပါဘူးလို့ ထင်တဲ့သူတွေ ရှိမှာပါ။ အမှန်တကယ်ကတော့ (၂၄) နာရီဆိုတဲ့ အတွေ့အကြုံကို ဖြတ်သန်းလာရတဲ့နောက်တော့ ”မနေ့ကငါ” နဲ့ “ဒီနေ့ငါ”ဟာ ဘယ်လိုမှ မတူပါဘူး။

ဒီနေ့ ငါသည် မနေ့က ငါထက် နည်းနည်း ပိုတိုးတက်လာတာပဲ ကောင်းတယ်။ တခြား လူများနဲ့ မိမိကိုယ်ကို မနှိုင်းယှဉ်ပဲ မနေ့က ငါနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ငါဆိုတာမှာ ရုပ်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ မနေ့က ငါလုပ်တဲ့အရာတွေ အကုန်လုံးနဲ့ မနေ့က ငါ့မှာ ရှိနေတဲ့ စိတ်ဓာတ်၊ မနေ့က ငါ သူများတွေနဲ့ ပြောဆိုဆက်ဆံပုံ၊ မနေ့က ငါ့ စိတ် အခြေအနေတွေနဲ့ပါ မနေ့ ငါ က ပြိုင်ကြည့်ပါ။ ဒီလို တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်လာမယ်။ ဒီလိုနည်းနဲ့ တိုးတက်လာတာဟာ သူများရဲ့တိုးတက်မှုနဲ့ ယှဉ်မိရင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်တာက ပျောက်မသွားဘူး။

(၂)  “ငါ ဘာကိုကြောက်နေတာလဲ” လို့ စမ်းစစ်သင့်တယ်

ယုံကြည်မှု ပျောက်တယ်ဆိုတာ လိုအပ်တာထက် အကြောက်တရားကပိုနေတာဖြစ်တယ်။ တကယ်လို့ မအောင်မြင်ခဲ့ဘူးဆိုရင် ဆိုတဲ့ အပျက်သဘောဆောင်သော အတွေးတွေ စိတ်ထဲမှာ အမြဲ တွေးနေတော့ ကိုယ့်ရဲ့ တခြားအတွေးနဲ့ လှုပ်ရှားမှုတွေဟာ အပျက်သဘောဖက်ကို ရောက်သွားတတ်တယ်။ ဒီလိုု အပျက်သဘောတွေချည်းသာ တွေးနေ၊ လုုပ်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရဖို့ အတော်ခက်လိမ့်မယ်။ အသက်ရှင် လှုပ်ရှားဖိုု့အတွက် နေ့စဉ်လှုပ်ရှားမှု တော်တော်များများဟာ “အကြောက်တရား” ကနေ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်။ ယုံကြည်မှုမရှိလို့ မလုပ်နိုင်တာ မဟုတ်ပဲ ကြောက်လို့ မလုပ်နိုင်တဲ့ အကြောင်းအရာတွေက ပိုများတတ်တယ်။ အကြောက်တရားနဲ့ မိမိကိုယ်ကို ယုံကြည်မှုဟာ လက်ဖဝါးနဲ့ လက်ဖမိုးလို ကျောချင်းကပ်နေတာပါ။

(၃) လူနေဟန်ထားကို ပြင်ပါ

မျက်နှာဟန်ထားက ရှေ့ကို(သို့) ကောင်းကင်ကို ဦးတည်သလို ကိုယ်နေဟန်မတ်မတ် ရှိတဲ့သူဟာ ဆွဲဆောင်မှုအား ကောင်းပါတယ်။ ကိုယ်နေဟန်ထား ပြောင်းတာနဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ အကျင့်စရိုက်တွေလည်း ပြောင်းလာပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားဟာ သူ့ရဲ့စိတ်ကို အများကြီး လွမ်းမိုးမှုရှိတယ် ဆိုတာ ဒီနေ့ခေတ် ဦးနှောက်နဲ့ စိတ်ပညာဘာသာရပ်မှာ အလွန် ရေပန်းစားနေတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း စမတ်ကျကျ နေသင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top