iMyanmarHouse.com - Best Property Website for Myanmar
×

အရွက္အေၾကာက္ၾကီးသူတစ္ေယာက္ကို ခ်ဥ္းကပ္ဖုိ႔ အေကာင္းဆုံးနည္းလမ္းက မရွက္နဲ႔လို႔ အတင္းတုိက္တြန္းဖုိ႔ မဟုတ္ပါဘူး။ သူတို႔က ဘြင္းဘြင္းေပ်ာ္တတ္သူေတြလုိ မဟုတ္ၾကတဲ့အတြက္ ရွက္တာ ဘာအမွားအယြင္းမွ မရိွဘူးဆိုတာကိုေတာ့ လက္ခံထားရမွာ ျဖစ္ပါတယ္။ ရွက္တတ္တဲ့ ပုဂၢိဳလ္ေတြက အထူးသျဖင့္ သူတုိ႔အေၾကာင္း ေကာင္းစြာမသိသူေတြ သူတုိ႔ကို တြန္႔ဆုတ္ေအာင္ တြန္းပို႔တဲ့အခ်ိန္မွာ အဲဒီလူကို အမုန္းဆုံးျဖစ္ပါတယ္။ ဒီလုိလုပ္ျခင္းျဖင့္ ဆန္႔က်င္ဘက္ အက်ဳိးသက္ေရာက္မႈသာ ျဖစ္ေစပါလိမ့္မယ္။ သူတုိ႔လည္း သူတုိ႔ရဲ႕ေအးတိေအးစက္ျဖစ္ေနမႈကို ေျပာင္းလဲခ်င္မိပါလိမ့္မယ္။ ရွက္တတ္သူကို ေဒါသမထြက္ေစခ်င္ရင္ ဒီ (၅) ခ်က္ကို သတိထားေျပာဆိုပါ။

၁။ နင္ ဘာလုိ႔ အရမ္းရွက္ေနတာလဲ
ရွက္တတ္သူတစ္ေယာက္အဖုိ႔ ဒီလုိစကားမ်ဳိး ၾကားရတာ စိတ္တုိစရာအေကာင္းဆုံး ျဖစ္ပါတယ္။ ဒီေမးခြန္းကို သူတုိ႔ ဘယ္လုိတုံ႔ျပန္ၾကမလဲ။ ဒီလုိေမးျမန္းလုိက္ျခင္းျဖင့္ ရွက္ရြံ႕မႈဟာ အပ်က္သေဘာေဆာင္တဲ့ အရည္အခ်င္းတစ္ခုလုိ႔ သေဘာသက္ေရာက္ကာ မဝံ့မရဲ ပိုျဖစ္ေစပါလိမ့္မယ္။ ကသိကေအာက္မႈေတြ မျဖစ္ပြားေစလုိရင္ သူတို႔ဆီ ဒီလိုစကားမ်ဳိး သြားမေျပာမိပါေစနဲ႔။

၂။ ကုိယ့္ဘာသာကိုယ္ေန
ဒီလူေတြက သူတို႔ဟာသူတုိ႔ ရွက္ေနၾကသူေတြ ျဖစ္ပါတယ္။ ဒါကို ပြင့္ပြင့္လင္းလင္းေျပာသူတစ္ေယာက္ဟာ ဒီလူနဲ႔ ရင္းႏွီးသူမဟုတ္လုိ႔ပဲ။ အကယ္၍ သူတို႔အျပဳအမူေတြနဲ႔ ရင္းႏွီးျပီးသားျဖစ္ပါက ျခားနားမွာ ျဖစ္ပါတယ္။

၃။ လာ… ငုိင္မေနနဲ႔
ဟုတ္ပါတယ္။ ခုလုိသြားေျပာလုိက္တဲ့အခ်ိန္ တက္ၾကြသလုိ ျဖစ္လာပါလိမ့္မယ္။ ဒီလုိုေျပာလုိက္ျခင္းျဖင့္ ဒီလူဟာ ျငီးေငြ႔စရာေကာင္းျပီး ဒီထက္ ေပ်ာ္ေပ်ာ္ေနဖုိ႔ လုိအပ္ေၾကာင္း ေျပာလုိက္သလုိ ျဖစ္သြားပါတယ္။ သူတို႔ကုိ ေအးေဆးသက္သာပိုျဖစ္ေစဖုိ႔ အေကာင္းဆုံးနည္းလမ္းက ဘာဖိအားမွမေပးဘဲ ပုံမွန္အတိုင္း စကားေျပာဆိုဆက္ဆံဖို႔ပါပဲ။

၄။ မင္းအရမ္း ေအးလြန္းတယ္
ေျပာခ်င္စိတ္မရိွလုိ႔ သူတို႔ စကားမေျပာခ်င္မေျပာဘူး။ ဒါ ရုိင္းတာ မဟုတ္ပါဘူး။ သူတုိ႔စကားဝင္မေျပာလုိ႔ဆုိျပီး ေဝဖန္ေထာက္ျပေနစရာ မလုိပါဘူး။ သက္ေတာင့္သက္သာျဖစ္တဲ့အခါ သူတို႔ေျပာလာပါလိမ့္မယ္။

၅။ မင္းစိတ္မေကာင္း ျဖစ္ေနတာလား… တစ္ခုခုျဖစ္တာလား
သူတို႔ အဆင္ေျပမေျပ သုိ႔မဟုတ္ တစ္ခုခုျဖစ္မျဖစ္ သြားေမးစရာမလုိပါဘူး။ သူဝမ္းနည္းေနလည္း မင္းအလုပ္မဟုတ္ပါ။ ဒီေတာ့ ဘာေၾကာင့္ သြားေမးေနရမွာလဲ။ စကားေျပာသင့္တဲ့ အရိပ္လကၡဏာေတြ မျပဘူးဆိုရင္ အေရးထားျပီး သူ႔ဟာသူ ထားလုိက္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရှက်အကြောက်ကြီးသူတစ်ယောက်ကို ချဉ်းကပ်ဖို့ အကောင်းဆုံးနည်းလမ်းက မရှက်နဲ့လို့ အတင်းတိုက်တွန်းဖို့ မဟုတ်ပါဘူး။ သူတို့က ဘွင်းဘွင်းပျော်တတ်သူတွေလို မဟုတ်ကြတဲ့အတွက် ရှက်တာ ဘာအမှားအယွင်းမှ မရှိဘူးဆိုတာကိုတော့ လက်ခံထားရမှာ ဖြစ်ပါတယ်။ ရှက်တတ်တဲ့ ပုဂ္ဂိုလ်တွေက အထူးသဖြင့် သူတို့အကြောင်း ကောင်းစွာမသိသူတွေ သူတို့ကို တွန့်ဆုတ်အောင် တွန်းပို့တဲ့အချိန်မှာ အဲဒီလူကို အမုန်းဆုံးဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာ ဖြစ်စေပါလိမ့်မယ်။ သူတို့လည်း သူတို့ရဲ့အေးတိအေးစက်ဖြစ်နေမှုကို ပြောင်းလဲချင်မိပါလိမ့်မယ်။ ရှက်တတ်သူကို ဒေါသမထွက်စေချင်ရင် ဒီ (၅) ချက်ကို သတိထားပြောဆိုပါ။

၁။ နင် ဘာလို့ အရမ်းရှက်နေတာလဲ
ရှက်တတ်သူတစ်ယောက်အဖို့ ဒီလိုစကားမျိုး ကြားရတာ စိတ်တိုစရာအကောင်းဆုံး ဖြစ်ပါတယ်။ ဒီမေးခွန်းကို သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ ဒီလိုမေးမြန်းလိုက်ခြင်းဖြင့် ရှက်ရွံ့မှုဟာ အပျက်သဘောဆောင်တဲ့ အရည်အချင်းတစ်ခုလို့ သဘောသက်ရောက်ကာ မဝံ့မရဲ ပိုဖြစ်စေပါလိမ့်မယ်။ ကသိကအောက်မှုတွေ မဖြစ်ပွားစေလိုရင် သူတို့ဆီ ဒီလိုစကားမျိုး သွားမပြောမိပါစေနဲ့။

၂။ ကိုယ့်ဘာသာကိုယ်နေ
ဒီလူတွေက သူတို့ဟာသူတို့ ရှက်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကို ပွင့်ပွင့်လင်းလင်းပြောသူတစ်ယောက်ဟာ ဒီလူနဲ့ ရင်းနှီးသူမဟုတ်လို့ပဲ။ အကယ်၍ သူတို့အပြုအမူတွေနဲ့ ရင်းနှီးပြီးသားဖြစ်ပါက ခြားနားမှာ ဖြစ်ပါတယ်။

၃။ လာ… ငိုင်မနေနဲ့
ဟုတ်ပါတယ်။ ခုလိုသွားပြောလိုက်တဲ့အချိန် တက်ကြွသလို ဖြစ်လာပါလိမ့်မယ်။ ဒီလိုပြောလိုက်ခြင်းဖြင့် ဒီလူဟာ ငြီးငွေ့စရာကောင်းပြီး ဒီထက် ပျော်ပျော်နေဖို့ လိုအပ်ကြောင်း ပြောလိုက်သလို ဖြစ်သွားပါတယ်။ သူတို့ကို အေးဆေးသက်သာပိုဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖိအားမှမပေးဘဲ ပုံမှန်အတိုင်း စကားပြောဆိုဆက်ဆံဖို့ပါပဲ။

၄။ မင်းအရမ်း အေးလွန်းတယ်
ပြောချင်စိတ်မရှိလို့ သူတို့ စကားမပြောချင်မပြောဘူး။ ဒါ ရိုင်းတာ မဟုတ်ပါဘူး။ သူတို့စကားဝင်မပြောလို့ဆိုပြီး ဝေဖန်ထောက်ပြနေစရာ မလိုပါဘူး။ သက်တောင့်သက်သာဖြစ်တဲ့အခါ သူတို့ပြောလာပါလိမ့်မယ်။

၅။ မင်းစိတ်မကောင်း ဖြစ်နေတာလား… တစ်ခုခုဖြစ်တာလား
သူတို့ အဆင်ပြေမပြေ သို့မဟုတ် တစ်ခုခုဖြစ်မဖြစ် သွားမေးစရာမလိုပါဘူး။ သူဝမ်းနည်းနေလည်း မင်းအလုပ်မဟုတ်ပါ။ ဒီတော့ ဘာကြောင့် သွားမေးနေရမှာလဲ။ စကားပြောသင့်တဲ့ အရိပ်လက္ခဏာတွေ မပြဘူးဆိုရင် အရေးထားပြီး သူ့ဟာသူ ထားလိုက်ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top