ေကာ္ဖီ၊ တအုံေႏြးေႏြးဟင္း သုိ႔မဟုတ္ မီးကင္ျပီးခါစ အစားအစာတစ္ခုခုေၾကာင့္ လွ်ာအပူေလာင္သြားတာမ်ိဳး ခံစားရဖူးပါသလား။ တကယ္ေတာ့ ဒါဟာ မိမိလွ်ာေရာင္ကုိင္း၊ တစစ္စစ္ ကိုက္၊ ကသိကေအာက္ျဖစ္ျပီး အရသာခံလုိ႔ မရျဖစ္ေစတာေတြက လြဲလုိ႔ ဘာမွစိုးရိမ္စရာ မရိွပါဘူး။ အဲဒီလုိလွ်ာအပူေလာင္မိတဲ့အခါ လက္ေတြ႔ထိေရာက္တဲ့ ေအာက္ပါေဆးနည္းေတြ လက္ငင္းစမ္းသုံးၾကည့္ပါ။
ေရေအးေသာက္ပါ
အပူတစ္ခုခုနဲ႔ မေတာ္တဆထိမိတဲ့အခါ လုပ္ေဆာင္ရတဲ့အရာတစ္ခုက အပူျမိဳက္ခံရတဲ့ေနရာကို စီးေနတဲ့ေရေအးေအာက္မွာ ထားတာပါပဲ။ လွ်ာအပူေလာင္မိတဲ့အခါမွာလည္း ထုိနည္း၎ပဲ လုပ္ေပးရပါမယ္။ ျဖစ္ျပီးျပီးခ်င္း ေရေအးေအးေလးတစ္ခြက္ ေသာက္ေပးပါ။
ေရခဲတုံး ငုံပါ
အစားအေသာက္ေၾကာင့္ လွ်ာမေတာ္တဆ အပူေလာင္တဲ့အခါ ေရခဲတုံးေလးေတြ ငုံေပးတာ ေကာင္းမြန္တဲ့နည္းလမ္းတစ္ခု ျဖစ္ပါတယ္။
သၾကားျဖဴးပါ
လွ်ာအပူေလာင္မႈအတြက္ ေနာက္ေဆးနည္းတစ္ခုက အနာေပၚ သၾကားအနည္းငယ္ ျဖဴးေပးျခင္းပဲ ျဖစ္ပါတယ္။ လွ်ာထုတ္ျပီး သၾကားထည့္ရပါမယ္။ မိနစ္အနည္းငယ္အတြင္း စကားမေျပာ၊ ဘာမွမေသာက္၊ မစားဘဲ သၾကားေတြ လုံးဝအရည္ေပ်ာ္တဲ့အထိ ထားပါ။
ပ်ားရည္ တစ္ဇြန္း
သၾကားအျပင္ ပ်ားရည္ကလည္း လွ်ာအပူေလာင္မႈကို ကုသေပးႏုိင္ပါတယ္။ သင္လုပ္ရမွာက ေဝဒနာသက္သာေအာင္ ပ်ားရည္တစ္ဇြန္းကုိ အနာျဖစ္တဲ့ လွ်ာေပၚတင္ျပီး ထားႏုိင္သေလာက္ ထားရပါမယ္။ ပ်ားရည္နည္းကို ၁ ႏွစ္နဲ႔ ၁ႏွစ္ေအာက္ကေလးေတြကိုေတာ့ ေပးမသံုးသင့္ေၾကာင္း သတိခ်ပ္ပါ။
ရုိးရုိးဒိန္ခ်ဥ္စားပါ
ဒိန္ခ်ဥ္က ကလီစာအတြက္ ေကာင္းတဲ့အခ်က္လို႕ပဲ သိထားၾကျပီး လွ်ာအပူေလာင္မႈ သက္သာေပ်ာက္ကင္းေစျခင္းအတြက္ ေကာင္းတာကိုေတာ့ သိပ္သတိမထားမိၾကပါဘူး။ လွ်ာအပူေလာင္ခံရျပီဆုိတာနဲ႔ ဒိန္ခ်ဥ္ ေျပးစားလုိက္ပါ။ ေဝဒနာသက္သာျခင္းအတြက္ အထူးေကာင္းမြန္တဲ့ နည္းလမ္းျဖစ္ပါတယ္။
Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ကော်ဖီ၊ တအုံနွေးနွေးဟင်း သို့မဟုတ် မီးကင်ပြီးခါစ အစားအစာတစ်ခုခုကြောင့် လျှာအပူလောင်သွားတာမျိုး ခံစားရဖူးပါသလား။ တကယ်တော့ ဒါဟာ မိမိလျှာရောင်ကိုင်း၊ တစစ်စစ် ကိုက်၊ ကသိကအောက်ဖြစ်ပြီး အရသာခံလို့ မရဖြစ်စေတာတွေက လွဲလို့ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ အဲဒီလိုလျှာအပူလောင်မိတဲ့အခါ လက်တွေ့ထိရောက်တဲ့ အောက်ပါဆေးနည်းတွေ လက်ငင်းစမ်းသုံးကြည့်ပါ။
ရေအေးသောက်ပါ
အပူတစ်ခုခုနဲ့ မတော်တဆထိမိတဲ့အခါ လုပ်ဆောင်ရတဲ့အရာတစ်ခုက အပူမြိုက်ခံရတဲ့နေရာကို စီးနေတဲ့ရေအေးအောက်မှာ ထားတာပါပဲ။ လျှာအပူလောင်မိတဲ့အခါမှာလည်း ထိုနည်း၎င်းပဲ လုပ်ပေးရပါမယ်။ ဖြစ်ပြီးပြီးချင်း ရေအေးအေးလေးတစ်ခွက် သောက်ပေးပါ။
ရေခဲတုံး ငုံပါ
အစားအသောက်ကြောင့် လျှာမတော်တဆ အပူလောင်တဲ့အခါ ရေခဲတုံးလေးတွေ ငုံပေးတာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သကြားဖြူးပါ
လျှာအပူလောင်မှုအတွက် နောက်ဆေးနည်းတစ်ခုက အနာပေါ် သကြားအနည်းငယ် ဖြူးပေးခြင်းပဲ ဖြစ်ပါတယ်။ လျှာထုတ်ပြီး သကြားထည့်ရပါမယ်။ မိနစ်အနည်းငယ်အတွင်း စကားမပြော၊ ဘာမှမသောက်၊ မစားဘဲ သကြားတွေ လုံးဝအရည်ပျော်တဲ့အထိ ထားပါ။
ပျားရည် တစ်ဇွန်း
သကြားအပြင် ပျားရည်ကလည်း လျှာအပူလောင်မှုကို ကုသပေးနိုင်ပါတယ်။ သင်လုပ်ရမှာက ဝေဒနာသက်သာအောင် ပျားရည်တစ်ဇွန်းကို အနာဖြစ်တဲ့ လျှာပေါ်တင်ပြီး ထားနိုင်သလောက် ထားရပါမယ်။ ပျားရည်နည်းကို ၁ နှစ်နဲ့ ၁နှစ်အောက်ကလေးတွေကိုတော့ ပေးမသုံးသင့်ကြောင်း သတိချပ်ပါ။
ရိုးရိုးဒိန်ချဉ်စားပါ
ဒိန်ချဉ်က ကလီစာအတွက် ကောင်းတဲ့အချက်လို့ပဲ သိထားကြပြီး လျှာအပူလောင်မှု သက်သာပျောက်ကင်းစေခြင်းအတွက် ကောင်းတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ လျှာအပူလောင်ခံရပြီဆိုတာနဲ့ ဒိန်ချဉ် ပြေးစားလိုက်ပါ။ ဝေဒနာသက်သာခြင်းအတွက် အထူးကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လွ်ာအပူေလာင္မႈေဝဒနာ သက္သာေစမယ့္ နည္းလမ္းတခ်ဳိ႕
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။