iMyanmarHouse.com - Best Property Website for Myanmar
×

ဖိအားေတြမ်ားတဲ့အလုပ္မွာ လုပ္ေနရတာက မိသားစုဝင္ေတြ၊ လူမႈဘဝကိုပါ ပူပင္ေသာကေတြ ကူးစက္သြားေစပါတယ္။ လုပ္ငန္းခြင္စိတ္ဖိစီးမႈဟာ အလုပ္တာဝန္မ်ားျပားလြန္းတာနဲ႔ အခ်ိန္ဖိအားအျပင္ အလုပ္နဲ႔ဆက္ႏႊယ္တဲ့ အျခားအခ်က္ေတြကလည္း စိတ္ဖိစီးမႈကိုျဖစ္ေပၚေစကာ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ၃ မိနစ္အတြင္း စိတ္ဖိစီးမႈေတြကို ႐ွင္းလင္းတိုက္ထုတ္ဖုိ႔ ႀကိဳးစားၾကည့္ရေအာင္။

ဒီနည္းလမ္းကို အမ္မီလူ ႏိုးလက္စ္ဆုိတဲ့ စိတ္ၿငိမ္ေအာင္ေလ့က်င့္နည္း သင္ျပသူက ေျပာျပခဲ့တာပါ။ စိတ္ပူပင္မႈနဲ႔ စိတ္ဖိစီးမႈေတြကို ေမာင္းထုတ္တဲ့အခါ ေနရာတစ္ခုေတာ့ လိုပါတယ္။ ယခုေျပာျပမယ့္ နည္းကေတာ့ အေမႊးနံ႔သာတုိင္ေတြ၊ ဖေယာင္းတုိင္ေတြနဲ႔ ၾကမ္းျပင္မွာ ေျခယွက္ၿပီးထုိင္တာေတြ လုပ္ဖုိ႔ မလိုဘူးလို႔ သူမက ဆုိပါတယ္။ ကိုယ့္လက္ရွိ အေနအထားအတုိင္းေလးပဲ လုပ္လုိ႔ရပါတယ္။

ကိုယ့္ရဲ႕အလုပ္စားပြဲမွာပဲ ထိုင္ရာမထဘဲနဲ႔ လုပ္ရေအာင္ပါ။ မ်က္စိကိုမွိတ္လိုက္ပါ။ ဒါမွမဟုတ္ ေနရာတစ္ခုကို ပံုေသထားၿပီး ၾကည့္ေနလိုက္ပါ။ ေျခဖဝါးေတြကို ၾကမ္းျပင္နဲ႔ထိေနပါေစ။ ေနာက္တစ္ဆင့္မွာေတာ့ ေအာက္ဆီဂ်င္ေတြ ဗိုက္ထဲျပည့္သြားတယ္လို႔ ခံစားရတဲ့အထိ ႏွာေခါင္းကေန ျဖည္းျဖည္းခ်င္းနဲ႔ နက္နက္ရႈိင္းရႈိင္း ရႈသြင္းလိုက္ပါ။ သက္ျပင္းခ်လုိက္သလိုမ်ိဳး ေလေတြကို ထုတ္လိုက္ရမွာျဖစ္ပါတယ္။ ဒီလိုလုပ္လုိက္ျခင္းအားျဖင့္ ခႏၶာကိုယ္ဟာ တစ္ေက်ာ့ျပန္လည္ ႏုိးၾကားလာမွာပါ။ ၿပီးရင္ေတာ့ အသက္႐ႈသြင္း၊ ႐ႈထုတ္တာကို ေရတြက္ၾကည့္ပါ။ ၈ ႀကိမ္ေလာက္ ျပဳလုပ္ၾကည့္ပါ။ ဒါမွမဟုတ္ စိတ္သက္ေတာင့္သက္သာျဖစ္လာၿပီလို႔ ခံစားရတဲ့အထိ ျပဳလုပ္ပါ။ ပုခံုးေတြ၊ မ်က္လံုးေတြ၊ ပါးစပ္၊ မ်က္ခံုးေတြမွာ ေပ်ာ့ေျပာင္းေျပေလ်ာ့သြားတာကို ခံစားမိလာၿပီး စိတ္ဖိစီးေနတာေတြ ထြက္ေျပးသြားပါလိမ့္မယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဖိအားတွေများတဲ့အလုပ်မှာ လုပ်နေရတာက မိသားစုဝင်တွေ၊ လူမှုဘဝကိုပါ ပူပင်သောကတွေ ကူးစက်သွားစေပါတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုဟာ အလုပ်တာဝန်များပြားလွန်းတာနဲ့ အချိန်ဖိအားအပြင် အလုပ်နဲ့ဆက်နွှယ်တဲ့ အခြားအချက်တွေကလည်း စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ၃ မိနစ်အတွင်း စိတ်ဖိစီးမှုတွေကို ရှင်းလင်းတိုက်ထုတ်ဖို့ ကြိုးစားကြည့်ရအောင်။

ဒီနည်းလမ်းကို အမ်မီလူ နိုးလက်စ်ဆိုတဲ့ စိတ်ငြိမ်အောင်လေ့ကျင့်နည်း သင်ပြသူက ပြောပြခဲ့တာပါ။ စိတ်ပူပင်မှုနဲ့ စိတ်ဖိစီးမှုတွေကို မောင်းထုတ်တဲ့အခါ နေရာတစ်ခုတော့ လိုပါတယ်။ ယခုပြောပြမယ့် နည်းကတော့ အမွှေးနံ့သာတိုင်တွေ၊ ဖယောင်းတိုင်တွေနဲ့ ကြမ်းပြင်မှာ ခြေယှက်ပြီးထိုင်တာတွေ လုပ်ဖို့ မလိုဘူးလို့ သူမက ဆိုပါတယ်။ ကိုယ့်လက်ရှိ အနေအထားအတိုင်းလေးပဲ လုပ်လို့ရပါတယ်။

ကိုယ့်ရဲ့အလုပ်စားပွဲမှာပဲ ထိုင်ရာမထဘဲနဲ့ လုပ်ရအောင်ပါ။ မျက်စိကိုမှိတ်လိုက်ပါ။ ဒါမှမဟုတ် နေရာတစ်ခုကို ပုံသေထားပြီး ကြည့်နေလိုက်ပါ။ ခြေဖဝါးတွေကို ကြမ်းပြင်နဲ့ထိနေပါစေ။ နောက်တစ်ဆင့်မှာတော့ အောက်ဆီဂျင်တွေ ဗိုက်ထဲပြည့်သွားတယ်လို့ ခံစားရတဲ့အထိ နှာခေါင်းကနေ ဖြည်းဖြည်းချင်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်ပါ။ သက်ပြင်းချလိုက်သလိုမျိုး လေတွေကို ထုတ်လိုက်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ဟာ တစ်ကျော့ပြန်လည် နိုးကြားလာမှာပါ။ ပြီးရင်တော့ အသက်ရှုသွင်း၊ ရှုထုတ်တာကို ရေတွက်ကြည့်ပါ။ ၈ ကြိမ်လောက် ပြုလုပ်ကြည့်ပါ။ ဒါမှမဟုတ် စိတ်သက်တောင့်သက်သာဖြစ်လာပြီလို့ ခံစားရတဲ့အထိ ပြုလုပ်ပါ။ ပုခုံးတွေ၊ မျက်လုံးတွေ၊ ပါးစပ်၊ မျက်ခုံးတွေမှာ ပျော့ပြောင်းပြေလျော့သွားတာကို ခံစားမိလာပြီး စိတ်ဖိစီးနေတာတွေ ထွက်ပြေးသွားပါလိမ့်မယ်။

Credit : Duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top