iMyanmarHouse.com - Best Property Website for Myanmar
×



Credit : Trend Myanmar

ပို့သပေးပါတယ်။

Unicode Version

ရုံးအလုပ်ကို ဘယ်တော့မှ အိမ်ယူမသွားနဲ့လို့ ပြောတာ မကြာခဏကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အိမ်အလုပ်ကို ရုံးယူတာရော။ အရှင်းဆုံး ရုံးခန်းမှာ ပြောင်းနေလိုက်တာကရော။ နိုး… အမေရိကန်ဒရာမာ ဇာတ်ကား Keith ထဲက မိတ္တူကူးကောင်လေးလို လုပ်ခိုင်းတာမဟုတ်ပါဘူး။ တကယ်လို့ နောက်နေ့ အလုပ်မှာ ပိုမိုကောင်းမွန်အောင် အလုပ်လုပ်လိုတယ်ဆိုရင် မိမိလက်တွဲဖော်နဲ့ ညဘက် အိမ်မှာ အလိုဆန္ဒချင်းဖြည့်ဆည်းပေးဖို့ အကြံပြုနေခြင်းသာ ဖြစ်ပါတယ်။ လေ့လာမှုအသစ်တစ်ခုက ဒီလိုဆိုထားပါတယ်။

သိပ်မကြာသေးမီက The Journal of Management က အလုပ်အကိုင်နဲ့ အိမ်ထောင်ရှိသူ စုံတွဲ ၁၅၉ ကို လေ့လာသုတေသနပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ၂ပတ်ကြာ တစ်နေ့ ၃ကြိမ် နေ့စဉ်မှတ်တမ်း ပြုလုပ်ကြပါတယ်။ ညက ချစ်တင်းနှောပြီး စိတ်ဖိစီးမှုသက်သာစေတဲ့ဟော်မုန်း မြှင်တင်ခဲ့ပါတယ်ဆိုရင် အဲဒီလူဟာ အလုပ်ကို ပိုမြတ်နိုးပြီး ပိုမိုကောင်းမွန်စွာ လုပ်လေ့ရှိကြောင်း ရလဒ်အဖြေတွေက ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

လိင်မှုကိစ္စပြုလုပ်ခြင်းက လူကို စိတ်ပျော်ရွှင်ရရှိစေကြောင်း တွေးကြည့်မယ်ဆိုရင် စိတ်ဝင်စားစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလေ့လာမှုကို အတည်ပြုတာ ပထမဆုံးအကြိမ်လို့ သိရပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top