iMyanmarHouse.com - Best Property Website for Myanmar
×
နွားနို့
အစေ့အဆန်
ပင်လယ်စာ
ပဲပိစပ် (သို့) ပဲနို့
အသား
တို့ဟူး
Credit:(ရွှေအင်းလေး)
Unicode Version
မိန်ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွက် ရင်သားလှပမှုကလည်း မပါမဖြစ်ပါပဲ ။ ရင်သားသေးတဲ့ မိန်းကလေးတွေအနေနဲ့ sexy ကျကျ မဟုတ်သော်ငြားလည်း အဝတ်အစားဝတ်တဲ့အခါ အချိုးကျကျ အဖုအထစ်လေးတွေတော့ ထွက်ချင်ကြတာပါပဲ ။ ရင်သားသေးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလျော့နည်းပြီး စိတ်အလိုမကျတွေလည်း ဖြစ်လေ့ရှိကြပါတယ် ။ ဒီလိုမိန်းကလေးတွေအတွက် လေ့ကျင့်ခန်းနဲ့မဟုတ်ဘဲ အစားအသောက်နဲ့ သဘာဝအတိုင်း ထွားလာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ် ။
နွားနို့
နို့ နှင့် နို့ထွက်ပစ္စည်းတွေမှာ လူခန္ဓာကိုယ်ကြီးထွားမှုအတွက် ဟော်မုန်းတွေကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တွေ အများကြီးပါဝင်ပါတယ် ။ နွားနို့ဟာ ရင်သားကြီးထွားမှုအတွက် လိုအပ်တဲ့ estrogen , progesterone , prolactin စတဲ့ ဟော်မုန်းဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးကောင်းမွန်စေပြီး ရင်သားတစ်သျှူး ကြီးထွားအောင်လည်း လှုံဆော်ပေးနိုင်စွမ်း ရှိပါတယ် ။ ဟင်းနုနယ် ၊ ပန်ဂေါ်ဖီစိမ်းတို့မှာ ဓါတ်တိုးဆန့်ကျင်ဓါတ် ၊ သံဓါတ် နှင့်ကယ်လ်ဆီယံဓါတ် တွေ များစွာပါဝင်ပြီး ရင်သားကြီးထွားမှုကိုလည်း အထောက်အကူပေးသဖြင့် စားသုံးသင့်တဲ့ အစိမ်းရောင် အစားအစာပဲဖြစ်ပါတယ် ။
အစေ့အဆန်
နေကြာစေ့ ၊ ဖရုံစေ့ ၊ ဗန်ဒါစေ့ စသဖြင့် အစေ့အဆန်တွေများစွာဟာ estrogen ကို သဘာဝအတိုင်း မြှင့်တင်ပေးပြီး ရင်သားကိုလည်း ကြီးထွားစေမှာပါ ။ အိမ်မှာ အရွက်သုပ် သုပ်စားတဲ့အခါမျိုးမှာလည်း ထည့်ရော၍ စားပေးနိုင်ပါသည် ။ မည်သို့ပင်ဖြစ်စေ အစေ့အဆန်များများ စားပေးတာကတော့ သင့်ခန္ဓာကိုယ် နဲ့ ရင်သားအတွက် ကောင်းမွန်စေမှာပါ ။
ပင်လယ်စာ
ပင်လယ်စာကြိုက်တတ်တဲ့ ပျိုမေတွေအတွက်တော့ သတင်ကောင်းပါပဲ ။ ပင်လယ်စာဟာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကို မြင့်တက်စေတာကြောင့် ရင်သားတစ်သျှူးဖွံဖြိုးမှုကိုလည်း လှုံ့ဆော်ပေးပါတယ် ။ နေ့စဉ်စားပေးမယ်ဆိုရင်တော့ ထွက်လာမယ့်ရလဒ်က သင့်ကိုအံ့အားသင့်စေမှာပါ။
ပဲပိစပ် (သို့) ပဲနို့
ပဲပိစပ်ဟာလည်း ရင်သားကြီးထွားမှုအတွက် စူပါအစားအစာ တစ်မျိုးပါပဲ ။ phytoestrogens လို့ခေါ်တဲ့ ဟော်မုန်းဓါတ်တွေ ကြွယ်ဝပြီး ရင်သားဖွံဖြိုးမှုကို အထောက်အကူများစွာ ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးလို့ ကျန်းမာရေးအတွက်ပါ စားသောက်သင့်တဲ့ အရာပါ ။ ပဲနို့ကို နေ့စဉ်သောက်ပေးမယ်ဆိုလည်း ကောင်းမွန်တဲ့ ရလဒ်ကို ရရှိမှာပဲ ဖြစ်ပါတယ်။
အသား
ပရိုတိန်းဓါတ်တွေ အပြည့်အဝပါတဲ့ အသားစားဖို့ကိုလည်း မမေ့ပါနဲ့ ။ ကြီးထွားဖွံဖြိုးမှုအတွက် အသားကလည်း မပါမဖြစ်ပါပဲနော်…
တို့ဟူး
တို့ဟူးမှာ estrogen ဓါတ် ကြွယ်ဝပြီး ပရိုတိန်းဓါတ်ကိုလည်း ရရှိစေကာ အဆီလည်း ကျစေပါတယ် ။ ကြီးထွားဖွံဖြိုးမှုအတွက် ပရိုတိန်းဓါတ်က အရေးကြီးပါတယ်။ သက်သက်လွတ်စားတဲ့သူတွေအတွက်တော့ အသားအစား တိုဟူးစားမယ်ဆိုရင်လည်း တူညီသောရလဒ်ကိုပဲ ရရှိစေမှာပါ။
Credit:(ရွှေအင်းလေး)
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top