iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ္လ္မြန္ငါးဟာ က်န္းမာေရးအတြက္ အထူးေကာင္းတဲ့ ငါးတစ္မ်ိဳး ျဖစ္ပါတယ္။ ဆယ္လ္မြန္ငါးကို စားျခင္းေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္နဲ႔ အာဟာရဓာေတြကို ရရွိႏုိင္မွာျဖစ္သလို စိတ္ဓာတ္က်ဆင္းေနသူေတြလည္း စားသံုးသင့္တဲ့ အစားအစာျဖစ္ပါတယ္။ ဆယ္လ္မြန္ႀကိဳက္သူေတြအေနနဲ႔ နည္းအမ်ိဳးမ်ိဳး လုပ္စားလို႔ရေအာင္ ေျပာျပပါ့မယ္။

၁။ ပထမဆံုးနည္းကေတာ့ ဝိတ္မတက္ခ်င္ဘူး ဆုိသူေတြအတြက္ ျဖစ္ပါတယ္။ ေပါင္းထားသလို ႏူးအိၿပီး အရသာ႐ွိတဲ့ ခ်က္ျပဳတ္နည္းပါ။ မီးဖုိေပၚကို ေရေႏြးတစ္အိုး တည္ထားလိုက္ပါ။ ေရေႏြးဆူလာၿပီဆုိရင္ ဆား၊ ျငဳပ္ေကာင္းေစ့နဲ႔ စမုန္ျဖဴပင္တုိ႔ကို ထည့္လိုက္ရပါမယ္။ သံပ႐ိုသီးကို အကြင္းေလးေတြလွီးၿပီး အိုးထဲထပ္ထည့္၊ ဆယ္လ္မြန္ငါးအသားတံုးကိုထည့္ကာ အေပၚကေန အဖံုးအုပ္ထားလိုက္ပါ။ သံပရာသီးက အခန္႔မသင့္ရင္ ခါးတတ္လို႔ သံပ႐ိုကိုသံုးပါတယ္။ မိနစ္ ၂၀ ၾကာရင္ ငါးလည္း က်က္ပါၿပီ။ အိုးထဲကထုတ္ၿပီး ငါးေပၚကို အရသာမႈန္႔နဲ႔ ျငဳပ္ေကာင္းမႈန္႔ျဖဴးကာ ႏွစ္သက္ရာ ဟင္းသီးဟင္းရြက္နဲ႔ တြဲဖက္သံုးေဆာင္လို႔ရပါၿပီ။

၂။ ေနာက္တစ္မ်ိဳးကေတာ့ ေၾကာ္စားတာ ျဖစ္ပါတယ္။ ဆားနဲ႔ ျငဳပ္ေကာင္းမႈန္႔ေလးသုတ္ၿပီး ဆီနည္းနည္းနဲ႔ ေၾကာ္စားမယ္ဆုိလည္း အရသာ႐ွိတယ္ေလ။ ေၾကာ္ထားတာဆုိေတာ့ အနံ႔က ေမႊးႀကိဳင္ေနတာပဲ။

၃။ ကင္စားၾကည့္ရေအာင္။ ငါးအသားတံုးကို သံလြင္ဆီနဲ႔နယ္ပါ။ အရသာအတြက္ေတာ့ ဆားနဲ႔ ျငဳပ္ေကာင္းမႈန္႔ ျဖဴးလိုက္တာေပါ့။ ငါးအသားတံုးေပၚမွာ သံပ႐ိုသီး ၂ ကြင္း၊ စမုန္ျဖဴ ၂ ပင္ကို ထပ္တင္လိုက္ပါ။ မိုက္ခ႐ိုေဝ့ဗ္မီးဖိုထဲမွာ အပူခ်ိန္ ၂၀၀ ဒီဂရီစင္တီဂရိတ္နဲ႔ ၁၀ မိနစ္မွ ၁၂ မိနစ္ၾကား အပူေပးထားရပါမယ္။ ျပဳတ္တာထက္လည္း အရသာေကာင္းတယ္၊ ေၾကာ္တာထက္လည္း က်န္းမာေရးနဲ႔ ပိုညီညြတ္တယ္။ အနံ႔အရသာကေတာ့ ႏူးအိေမႊးႀကိဳင္ေနပါလိမ့္မယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆယ်လ်မွန်ငါးဟာ ကျန်းမာရေးအတွက် အထူးကောင်းတဲ့ ငါးတစ်မျိုး ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးကို စားခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတွေကို ရရှိနိုင်မှာဖြစ်သလို စိတ်ဓာတ်ကျဆင်းနေသူတွေလည်း စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ဆယ်လ်မွန်ကြိုက်သူတွေအနေနဲ့ နည်းအမျိုးမျိုး လုပ်စားလို့ရအောင် ပြောပြပါ့မယ်။

၁။ ပထမဆုံးနည်းကတော့ ဝိတ်မတက်ချင်ဘူး ဆိုသူတွေအတွက် ဖြစ်ပါတယ်။ ပေါင်းထားသလို နူးအိပြီး အရသာရှိတဲ့ ချက်ပြုတ်နည်းပါ။ မီးဖိုပေါ်ကို ရေနွေးတစ်အိုး တည်ထားလိုက်ပါ။ ရေနွေးဆူလာပြီဆိုရင် ဆား၊ ငြုပ်ကောင်းစေ့နဲ့ စမုန်ဖြူပင်တို့ကို ထည့်လိုက်ရပါမယ်။ သံပရိုသီးကို အကွင်းလေးတွေလှီးပြီး အိုးထဲထပ်ထည့်၊ ဆယ်လ်မွန်ငါးအသားတုံးကိုထည့်ကာ အပေါ်ကနေ အဖုံးအုပ်ထားလိုက်ပါ။ သံပရာသီးက အခန့်မသင့်ရင် ခါးတတ်လို့ သံပရိုကိုသုံးပါတယ်။ မိနစ် ၂၀ ကြာရင် ငါးလည်း ကျက်ပါပြီ။ အိုးထဲကထုတ်ပြီး ငါးပေါ်ကို အရသာမှုန့်နဲ့ ငြုပ်ကောင်းမှုန့်ဖြူးကာ နှစ်သက်ရာ ဟင်းသီးဟင်းရွက်နဲ့ တွဲဖက်သုံးဆောင်လို့ရပါပြီ။

၂။ နောက်တစ်မျိုးကတော့ ကြော်စားတာ ဖြစ်ပါတယ်။ ဆားနဲ့ ငြုပ်ကောင်းမှုန့်လေးသုတ်ပြီး ဆီနည်းနည်းနဲ့ ကြော်စားမယ်ဆိုလည်း အရသာရှိတယ်လေ။ ကြော်ထားတာဆိုတော့ အနံ့က မွှေးကြိုင်နေတာပဲ။

၃။ ကင်စားကြည့်ရအောင်။ ငါးအသားတုံးကို သံလွင်ဆီနဲ့နယ်ပါ။ အရသာအတွက်တော့ ဆားနဲ့ ငြုပ်ကောင်းမှုန့် ဖြူးလိုက်တာပေါ့။ ငါးအသားတုံးပေါ်မှာ သံပရိုသီး ၂ ကွင်း၊ စမုန်ဖြူ ၂ ပင်ကို ထပ်တင်လိုက်ပါ။ မိုက်ခရိုဝေ့ဗ်မီးဖိုထဲမှာ အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်နဲ့ ၁၀ မိနစ်မှ ၁၂ မိနစ်ကြား အပူပေးထားရပါမယ်။ ပြုတ်တာထက်လည်း အရသာကောင်းတယ်၊ ကြော်တာထက်လည်း ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်။ အနံ့အရသာကတော့ နူးအိမွှေးကြိုင်နေပါလိမ့်မယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top