မျက်နှာပေါ်ကျတဲ့ ဆံနွယ်စုတွေကို သိမ်းဖို့ မာကြောတင်းကျပ်တဲ့ခေါင်းစည်းကြိုးတွေကို ကျွန်ုပ်တို့ အသုံးပြုလေ့ရှိပါတယ်။ ကျွန်ုပ်တို့ဟာ ခန္ဓာကိုယ်ရဲ့ သိသာထင်ရှားမှုအများဆုံး အစိတ်အပိုင်းဖြစ်တဲ့ ဆံပင်ကို မကြာခဏဆိုသလို ဂရုစိုက်ထိန်းသိမ်းမှုအနည်းဆုံး ဖြစ်တတ်ပါတယ်။ ခေါင်းစည်းကြိုးတွေ ဆံပင်ကို ပျက်စီးစေတဲ့ ပုံစံတချို့ ရှိပါတယ်။
ဆံပင်ရေစိုခြင်း
ခေါင်းလျှော်ပြီးပြီးချင်း ဆံပင်စီးပါက ဆံပင်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဗောက်၊ ဦးရေပြားယားယံမှုလည်း ဖြစ်စေနိုင်ပြီး ဆံနွယ်တွေ အားနည်းစေပါတယ်။
တစ်ခါစီးတိုင်း ဆံပင်တွေကျွတ်ထွက်နေတာ
တကယ်လို့ ဆံပင်ပုံမှန်စီးထားမယ်ဆိုရင် ကိုယ်မသိလိုက်ချိန်မှာပဲ ဆံပင်ပျက်စီးပြီး ပါးလွှာနေပါလိမ့်မယ်။
နောက်စေ့မှာ တင်းကျပ်စွာ စုခြည်ခြင်း
ဆံပင်ကို တင်းလွန်းအောင် ဆွဲထားတဲ့အခါ ဆံစတွန်းဖိမှုဖြစ်စေပါတယ်။ အဲဒါက မွေးညင်းပေါက်တွေပျက်စီးကာ ကျွတ်ထွက်စေနိုင်ပါတယ်။ မကြခဏ ခေါင်းကိုက်မှုလည်း ဖြစ်စေပါတယ်။
ဆံပင်အမြစ်
အိပ်ရာထဲ လူးလှိမ့်နေရတာမို့ အိပ်နေစဉ် ဆံပင်စီးတာ ဆံပင်ထိခိုက်စေပါတယ်။ အဲဒါက ဆံပင်အမြစ်နဲ့ ဆံစကို တွန်းဖိမှု ဖြစ်စေပါတယ်။
တင်းမာတဲ့ ခေါင်းစည်းကြိုးများ
ဆွဲဆန့်ရခက်တဲ့ ရာဘာခေါင်းစည်းကြိုးတွေက အမွေးအမျှင်တွေကျွတ်၍ ပျက်စီးစေပြီး ထိပ်ပြောင်စေနိုင်ပါတယ်။
- အောက်ပါတို့ မိမိဆံပင်မပျက်စီးအောင် ထိန်းသိမ်းနိုင်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။
ဖွတ်မြှီးကြိုးပုံစံ ကျစ်ခြင်း
ဒီလိုဆံပင်ပုံစံပြောင်းလဲခြင်းက ဆံပင်ပျက်စီးမှုမရှိဘဲ ဆံနွယ်စုတွေ စုစုစည်းစည်းဖြစ်စေပါလိမ့်မယ်။
ခေါင်းစည်း
ခေါင်းစည်းက ကြည့်လှစေရုံမက ခေါင်းကိုက်ပြသနာ မဖြစ်စေဘဲ ဆံပင်ကို ချည်ပေးပါလိမ့်မယ်။
ကလစ်
ဆံပင်ညှပ်ကလစ်က ဆံပင်မွှေး နာကျင်မှု မဖြစ်စေတဲ့ နည်းလမ်းပါပဲ။
ခေါင်းစည်းကြိုးအပျော့ 
ဒီပျော့ပျောင်းတဲ့ ခေါင်းစည်းကြိုးတွေကို အရောင်မျိုးစုံဖြင့် ဝယ်ယူရနိုင်ပြီး ဆံပင်ပျက်စီးမှုလည်း မဖြစ်စေပါဘူး။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Unicode Version
မျက်နှာပေါ်ကျတဲ့ ဆံနွယ်စုတွေကို သိမ်းဖို့
မာကြောတင်းကျပ်တဲ့ခေါင်းစည်းကြိုးတွေကို ကျွန်ုပ်တို့ အသုံးပြုလေ့ရှိပါတယ်။
ကျွန်ုပ်တို့ဟာ ခန္ဓာကိုယ်ရဲ့ သိသာထင်ရှားမှုအများဆုံး အစိတ်အပိုင်းဖြစ်တဲ့
ဆံပင်ကို မကြာခဏဆိုသလို ဂရုစိုက်ထိန်းသိမ်းမှုအနည်းဆုံး ဖြစ်တတ်ပါတယ်။
ခေါင်းစည်းကြိုးတွေ ဆံပင်ကို ပျက်စီးစေတဲ့ ပုံစံတချို့ ရှိပါတယ်။
ဆံပင်ရေစိုခြင်း
ခေါင်းလျှော်ပြီးပြီးချင်း
ဆံပင်စီးပါက ဆံပင်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဗောက်၊
ဦးရေပြားယားယံမှုလည်း ဖြစ်စေနိုင်ပြီး ဆံနွယ်တွေ အားနည်းစေပါတယ်။
တစ်ခါစီးတိုင်း ဆံပင်တွေကျွတ်ထွက်နေတာ
တကယ်လို့ ဆံပင်ပုံမှန်စီးထားမယ်ဆိုရင် ကိုယ်မသိလိုက်ချိန်မှာပဲ ဆံပင်ပျက်စီးပြီး ပါးလွှာနေပါလိမ့်မယ်။
နောက်စေ့မှာ တင်းကျပ်စွာ စုခြည်ခြင်း
ဆံပင်ကို
တင်းလွန်းအောင် ဆွဲထားတဲ့အခါ ဆံစတွန်းဖိမှုဖြစ်စေပါတယ်။ အဲဒါက
မွေးညင်းပေါက်တွေပျက်စီးကာ ကျွတ်ထွက်စေနိုင်ပါတယ်။ မကြခဏ ခေါင်းကိုက်မှုလည်း
ဖြစ်စေပါတယ်။
ဆံပင်အမြစ်
အိပ်ရာထဲ လူးလှိမ့်နေရတာမို့ အိပ်နေစဉ် ဆံပင်စီးတာ ဆံပင်ထိခိုက်စေပါတယ်။ အဲဒါက ဆံပင်အမြစ်နဲ့ ဆံစကို တွန်းဖိမှု ဖြစ်စေပါတယ်။
တင်းမာတဲ့ ခေါင်းစည်းကြိုးများ
ဆွဲဆန့်ရခက်တဲ့ ရာဘာခေါင်းစည်းကြိုးတွေက အမွေးအမျှင်တွေကျွတ်၍ ပျက်စီးစေပြီး ထိပ်ပြောင်စေနိုင်ပါတယ်။
- အောက်ပါတို့ မိမိဆံပင်မပျက်စီးအောင် ထိန်းသိမ်းနိုင်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။
ဖွတ်မြှီးကြိုးပုံစံ ကျစ်ခြင်း
ဒီလိုဆံပင်ပုံစံပြောင်းလဲခြင်းက ဆံပင်ပျက်စီးမှုမရှိဘဲ ဆံနွယ်စုတွေ စုစုစည်းစည်းဖြစ်စေပါလိမ့်မယ်။
ခေါင်းစည်း
ခေါင်းစည်းက ကြည့်လှစေရုံမက ခေါင်းကိုက်ပြသနာ မဖြစ်စေဘဲ ဆံပင်ကို ချည်ပေးပါလိမ့်မယ်။
ကလစ်
ဆံပင်ညှပ်ကလစ်က ဆံပင်မွှေး နာကျင်မှု မဖြစ်စေတဲ့ နည်းလမ်းပါပဲ။
ခေါင်းစည်းကြိုးအပျော့ 
ဒီပျော့ပျောင်းတဲ့ ခေါင်းစည်းကြိုးတွေကို အရောင်မျိုးစုံဖြင့် ဝယ်ယူရနိုင်ပြီး ဆံပင်ပျက်စီးမှုလည်း မဖြစ်စေပါဘူး။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ခေါင်းစည်းကြိုးတွေ ဆံပင်ကို ဘယ်လိုပျက်စီးစေသလဲဆိုတာ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။