iMyanmarHouse.com - Best Property Website for Myanmar
×

သြားဖံုး ေသြးယို ျခင္းနဲ႔ ႏွာေခါင္း ေသြးလွ်ံျခင္း ဟာ ေယဘုယ်အားျဖင့္ တူသေယာင္ ရွိေပမဲ့ တစ္ခုနဲ႔တစ္ခု အေၾကာင္း သက္ဆိုင္မႈ ရွိပါတယ္။

ထိခိုက္ဒဏ္ရာရလွ်င္ ႏွစ္ခုလံုး ယွဥ္ၿပီး ေတြ႕ႏုိင္တယ္။ တခ်ဳိ႕က သြားတိုက္တာ ၾကမ္းလို႔ ေသြးယိုတယ္။ တခ်ဳိ႕က သြားေရာဂါေၾကာင့္ ေသြးယိုတယ္။

ႏွာေခါင္း ေသြးလွ်ံ တာ ကေလးေတြမွာ ပိုျဖစ္တတ္တယ္။ ေနပူထဲ ေမ်ာက္႐ႈံးေအာင္ ေဆာ့ေတာ့ အတြင္း အပူခ်ိန္တက္ၿပီး၊ အပူရွပ္တဲ့ လကၡဏာ အျဖစ္ ႏွာေခါင္း ေသြးလွ်ံတာ ေတြ႕ရတယ္။

ပံုမွန္အားျဖင့္ သြားဖံုး ေသြးယိုျခင္းကို ေျခာက္လမွာ တစ္ႀကိမ္ေလာက္ သြားဆရာဝန္နဲ႔ စစ္ေဆးသင့္တယ္။ သြားေျခမွာ ေက်ာက္ျဖစ္ျခင္းနဲ႔ သြားဖံုးေရာင္ျခင္းေၾကာင့္ ျဖစ္ႏိုင္တယ္။ သြားဖံုးမ်ားၾကားမွာ သြားခ်ဳိးၿငိတြယ္ ေနပါက သြားဖံုးေရာင္ျခင္းျဖစ္ၿပီး သြား ကြၽတ္ထြက္သြားႏိုင္တယ္။ ကေလးငယ္မ်ား သြားလဲခ်ိန္မွာ အေရး မႀကီးေပမဲ့ လူႀကီးသြားဘဝ ေရာက္လာရင္ ဗက္တီးရီးယား ေၾကာင့္၊ သြားပိုးေၾကာင့္ သြားဖံုးေရာင္ၿပီး သြားယိုင္နဲ႔ လာကာ သြားခိုင္မာမႈ ေလ်ာ့ေစတယ္။ တခ်ဳိ႕ကေတာ့ ႏွပ္ညႇစ္ရင္ ႏွာေခါင္းေသြး ယိုႏုိင္သလုိ၊ သြားဖံုးေသြး ယိုတတ္တယ္။

နာတာရွည္ သြားဖံုးေရာဂါဟာ ဗက္တီးရီးယားေၾကာင့္ ျဖစ္ၿပီး အခ်ဳိ ႀကိဳက္တတ္တယ္။ ကာဗုိဟိုက္ဒရိတ္ကို မြမ္းမံျပင္ဆင္ထားတဲ့ ဘီစကြတ္၊ ကိတ္မုန္႔၊ မုန္႔အခ်ဳိေတြကို အလြန္အမင္း မစားသင့္ပါဘူး။ အစားအစာနဲ႔ ေသာက္ေရမွာ ဖလူရြိဳက္ မပါရင္လည္း မျဖစ္သလုိ မ်ားလို႔လည္း မျဖစ္ဘူး။ အပင္ရဲ႕ ဓာတ္ေျမၾသဇာက ေဘးထြက္ပစၥည္း အေနနဲ႔ သဘာဝေျမၾသဇာ ထြက္ရွိတာမွာ ဖလူရြိဳက္ပါတယ္။ ဖလူရြိဳက္ဟာ သြားမ်ား အေပါက္ျဖစ္ျခင္းကို ေလ်ာ့ေစတယ္။ ေသာက္သံုးေရထဲပါရင္ အဆိပ္အေတာက္ ျဖစ္ႏုိင္တယ္။ ဒါေၾကာင့္ သြားေပါက္ခါစ ကေလးငယ္ေတြ သြားတိုက္ရင္ စနစ္တက် တိုက္သင့္တယ္။ လက္လြတ္စပယ္ လူႀကီး သြားတိုက္တံနဲ႔ အတင္းထိုးႏွံျခင္း၊ တိုက္ျခင္း မလုပ္ရ။ ေန႔စဥ္ သန္႔စင္တဲ့ ေရေျခာက္ခြက္ေသာက္ပါ။ ႏြယ္ခ်ဳိဝါးရင္ သြားနဲ႔သြားဖံုး သန္႔ရွင္း စင္ၾကယ္ေစၿပီး ခံတြင္းမွာ မလိုလားတဲ့ ဗက္တီးရီးယားမ်ား ေပါက္ပြား ေစျခင္းကို ဟန္႔တားေပးတယ္။ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ား၊ ဆန္လံုးညိဳ၊ အသီးအႏွံမ်ားမွာ ပန္းသီး၊ ကတြတ္သီး၊ သဖန္းသီးနဲ႔ ခ်ယ္ရီသီးကဲ့သို႔ အသီးအႏွံမွာ ဗီတာမင္စီ ၾကြယ္ဝတယ္။ ယင္းတို႔ဟာ က်န္းမာတဲ့ သြားဖံုးနဲ႔ သြားမ်ား ျဖစ္ေစရန္ အေထာက္အပံ့ ျဖစ္ေစတယ္။ ဗီတာမင္စီဟာ ေသြးခဲ ဓာတ္ပစၥည္း ၁၂ မ်ဳိး ထြက္ရွိလာဖို႔ လႈံ႔ေဆာ္ႏိုင္တာမို႔ ႏွာေခါင္းေသြးလွ်ံ ေရာဂါမွာလည္း အဓိက ေသာက္သံုးသင့္တဲ့ အာဟာရ ျဖစ္ပါတယ္။


ေဆာင္သင့္တဲ့ အရာမ်ားမွာ ထမင္းစားၿပီးတိုင္း အသီးအႏွံ တစ္မ်ဳိး စားေပးပါ။ ပန္းသီး အေကာင္းဆံုး ျဖစ္တယ္။ အသီးအႏွံစားျခင္းျဖင့္ တံေတြးထုတ္မႈ မ်ားလာၿပီး အယ္လကာလုိင္း ျဖစ္လို႔ ဗက္တီးရီးယား မ်ားေၾကာင့္ျဖစ္တဲ့ အက္စစ္ဓာတ္ကို ေခ်ဖ်က္ေပးတယ္။ အက္စစ္ဓာတ္ဟာ သြားပိုးစားျခင္းကို ျဖစ္ေစတယ္။ ဆိုဒီယမ္လာႏုိင္းဆာဖိုက္ ပါရွိတဲ့ သြားတိုက္ေဆးဟာ ပါးေစာင္ အေျမႇးကို ပါးလႊာေစၿပီး သြားဖံုးတစ္သွ်ဴးမ်ား ထိခိုက္မႈ ျဖစ္ေစတယ္။ ကယ္လ္ဆီယမ္ေအာက္ဆိုဒ္ ေဆးလံုးကို သြားတိုက္ေဆးေပၚ ညႇစ္ခ် သြားဖံုးကို တိုက္ေစျခင္းျဖင့္ သြားဖံုး ခုိင္မာေစတယ္။ ဗီတာမင္စီပါတဲ့ ေဆးဝါးတခ်ဳိ႕မွာ သၾကားအုပ္ထားပါက ဝါးစားတဲ့ အခါ ေၾကြလႊာထိခိုက္ေစၿပီး သြားဖံုးက်န္းမာေရးကို အဟန္႔အတား ျဖစ္ေစတယ္။ အရည္အေသြး ေကာင္းမြန္တဲ့ အီလက္ထရြန္နစ္ သြားပြတ္တံ သံုးပါ။ ေန႔စဥ္ ခံတြင္းက်န္းမာေရး အတြက္ သြားၾကားညႇပ္ ႀကိဳးနဲ႔ သဘာဝ လက္ဖက္စိမ္း ခံတြင္းသန္႔ေဆးရည္ အသံုးျပဳေပးရမယ္။ ေန႔စဥ္ လက္ဖက္စိမ္း အဆီနဲ႔ ေလးညႇင္းဆီ တစ္စက္စီကို ေရေႏြးေႏြးမွာထည့္ၿပီး အာလုတ္က်င္းသင့္တယ္။ အခ်ဳိ႕ ခံတြင္းသန္႔ရွင္း ေဆးရည္မ်ား သံုးႏိုင္တယ္။ ရွားေစာင္းလက္ပပ္ပါတဲ့ သဘာဝ သြားတိုက္ေဆး၊ တမာသြားတိုက္ေဆးမ်ား သံုးႏုိင္တယ္။ သြားဆရာဝန္နဲ႔ ျပပါ။ ႏွာေခါင္းေသြးလွ်ံသူမ်ား ႏွာေခါင္းမညႇစ္ရ။ နား ႏွာေခါင္း လည္ေခ်ာင္း အထူးကုနဲ႔ ျပသင့္ပါက ျပရမယ္။ ။

Credit: ေဒါက္တာ လြင္သန္႔ (ေဆး-၂)


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သွားဖုံး သွေးယို ခြင်းနဲ့ နှာခေါင်း သွေးလျှံခြင်း ဟာ ယေဘုယျအားဖြင့် တူသယောင် ရှိပေမဲ့ တစ်ခုနဲ့တစ်ခု အကြောင်း သက်ဆိုင်မှု ရှိပါတယ်။

ထိခိုက်ဒဏ်ရာရလျှင် နှစ်ခုလုံး ယှဉ်ပြီး တွေ့နိုင်တယ်။ တချို့က သွားတိုက်တာ ကြမ်းလို့ သွေးယိုတယ်။ တချို့က သွားရောဂါကြောင့် သွေးယိုတယ်။

နှာခေါင်း သွေးလျှံ တာ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။ နေပူထဲ မျောက်ရှုံးအောင် ဆော့တော့ အတွင်း အပူချိန်တက်ပြီး၊ အပူရှပ်တဲ့ လက္ခဏာ အဖြစ် နှာခေါင်း သွေးလျှံတာ တွေ့ရတယ်။

ပုံမှန်အားဖြင့် သွားဖုံး သွေးယိုခြင်းကို ခြောက်လမှာ တစ်ကြိမ်လောက် သွားဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။ သွားခြေမှာ ကျောက်ဖြစ်ခြင်းနဲ့ သွားဖုံးရောင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွားဖုံးများကြားမှာ သွားချိုးငြိတွယ် နေပါက သွားဖုံးရောင်ခြင်းဖြစ်ပြီး သွား ကျွတ်ထွက်သွားနိုင်တယ်။ ကလေးငယ်များ သွားလဲချိန်မှာ အရေး မကြီးပေမဲ့ လူကြီးသွားဘဝ ရောက်လာရင် ဗက်တီးရီးယား ကြောင့်၊ သွားပိုးကြောင့် သွားဖုံးရောင်ပြီး သွားယိုင်နဲ့ လာကာ သွားခိုင်မာမှု လျော့စေတယ်။ တချို့ကတော့ နှပ်ညှစ်ရင် နှာခေါင်းသွေး ယိုနိုင်သလို၊ သွားဖုံးသွေး ယိုတတ်တယ်။

နာတာရှည် သွားဖုံးရောဂါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ပြီး အချို ကြိုက်တတ်တယ်။ ကာဗိုဟိုက်ဒရိတ်ကို မွမ်းမံပြင်ဆင်ထားတဲ့ ဘီစကွတ်၊ ကိတ်မုန့်၊ မုန့်အချိုတွေကို အလွန်အမင်း မစားသင့်ပါဘူး။ အစားအစာနဲ့ သောက်ရေမှာ ဖလူရွိုက် မပါရင်လည်း မဖြစ်သလို များလို့လည်း မဖြစ်ဘူး။ အပင်ရဲ့ ဓာတ်မြေသြဇာက ဘေးထွက်ပစ္စည်း အနေနဲ့ သဘာဝမြေသြဇာ ထွက်ရှိတာမှာ ဖလူရွိုက်ပါတယ်။ ဖလူရွိုက်ဟာ သွားများ အပေါက်ဖြစ်ခြင်းကို လျော့စေတယ်။ သောက်သုံးရေထဲပါရင် အဆိပ်အတောက် ဖြစ်နိုင်တယ်။ ဒါကြောင့် သွားပေါက်ခါစ ကလေးငယ်တွေ သွားတိုက်ရင် စနစ်တကျ တိုက်သင့်တယ်။ လက်လွတ်စပယ် လူကြီး သွားတိုက်တံနဲ့ အတင်းထိုးနှံခြင်း၊ တိုက်ခြင်း မလုပ်ရ။ နေ့စဉ် သန့်စင်တဲ့ ရေခြောက်ခွက်သောက်ပါ။ နွယ်ချိုဝါးရင် သွားနဲ့သွားဖုံး သန့်ရှင်း စင်ကြယ်စေပြီး ခံတွင်းမှာ မလိုလားတဲ့ ဗက်တီးရီးယားများ ပေါက်ပွား စေခြင်းကို ဟန့်တားပေးတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ အသီးအနှံများမှာ ပန်းသီး၊ ကတွတ်သီး၊ သဖန်းသီးနဲ့ ချယ်ရီသီးကဲ့သို့ အသီးအနှံမှာ ဗီတာမင်စီ ကြွယ်ဝတယ်။ ယင်းတို့ဟာ ကျန်းမာတဲ့ သွားဖုံးနဲ့ သွားများ ဖြစ်စေရန် အထောက်အပံ့ ဖြစ်စေတယ်။ ဗီတာမင်စီဟာ သွေးခဲ ဓာတ်ပစ္စည်း ၁၂ မျိုး ထွက်ရှိလာဖို့ လှုံ့ဆော်နိုင်တာမို့ နှာခေါင်းသွေးလျှံ ရောဂါမှာလည်း အဓိက သောက်သုံးသင့်တဲ့ အာဟာရ ဖြစ်ပါတယ်။


ဆောင်သင့်တဲ့ အရာများမှာ ထမင်းစားပြီးတိုင်း အသီးအနှံ တစ်မျိုး စားပေးပါ။ ပန်းသီး အကောင်းဆုံး ဖြစ်တယ်။ အသီးအနှံစားခြင်းဖြင့် တံတွေးထုတ်မှု များလာပြီး အယ်လကာလိုင်း ဖြစ်လို့ ဗက်တီးရီးယား များကြောင့်ဖြစ်တဲ့ အက်စစ်ဓာတ်ကို ချေဖျက်ပေးတယ်။ အက်စစ်ဓာတ်ဟာ သွားပိုးစားခြင်းကို ဖြစ်စေတယ်။ ဆိုဒီယမ်လာနိုင်းဆာဖိုက် ပါရှိတဲ့ သွားတိုက်ဆေးဟာ ပါးစောင် အမြှေးကို ပါးလွှာစေပြီး သွားဖုံးတစ်သျှူးများ ထိခိုက်မှု ဖြစ်စေတယ်။ ကယ်လ်ဆီယမ်အောက်ဆိုဒ် ဆေးလုံးကို သွားတိုက်ဆေးပေါ် ညှစ်ချ သွားဖုံးကို တိုက်စေခြင်းဖြင့် သွားဖုံး ခိုင်မာစေတယ်။ ဗီတာမင်စီပါတဲ့ ဆေးဝါးတချို့မှာ သကြားအုပ်ထားပါက ဝါးစားတဲ့ အခါ ကြွေလွှာထိခိုက်စေပြီး သွားဖုံးကျန်းမာရေးကို အဟန့်အတား ဖြစ်စေတယ်။ အရည်အသွေး ကောင်းမွန်တဲ့ အီလက်ထရွန်နစ် သွားပွတ်တံ သုံးပါ။ နေ့စဉ် ခံတွင်းကျန်းမာရေး အတွက် သွားကြားညှပ် ကြိုးနဲ့ သဘာဝ လက်ဖက်စိမ်း ခံတွင်းသန့်ဆေးရည် အသုံးပြုပေးရမယ်။ နေ့စဉ် လက်ဖက်စိမ်း အဆီနဲ့ လေးညှင်းဆီ တစ်စက်စီကို ရေနွေးနွေးမှာထည့်ပြီး အာလုတ်ကျင်းသင့်တယ်။ အချို့ ခံတွင်းသန့်ရှင်း ဆေးရည်များ သုံးနိုင်တယ်။ ရှားစောင်းလက်ပပ်ပါတဲ့ သဘာဝ သွားတိုက်ဆေး၊ တမာသွားတိုက်ဆေးများ သုံးနိုင်တယ်။ သွားဆရာဝန်နဲ့ ပြပါ။ နှာခေါင်းသွေးလျှံသူများ နှာခေါင်းမညှစ်ရ။ နား နှာခေါင်း လည်ချောင်း အထူးကုနဲ့ ပြသင့်ပါက ပြရမယ်။ ။

Credit: ဒေါက်တာ လွင်သန့် (ဆေး-၂)




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top