(၁) အိပ္ခ်ိန္ (၇)နာရီႏွင့္ အထက္ရွိပါေစ။
လူတစ္ေယာက္အတြက္
အိပ္စက္ျခင္းဟာ အစာစားျခင္းနဲ႔ေရေသာက္ျခင္းလိုပဲ အေရးႀကီးပါတယ္။
လူေတာ္ေတာ္မ်ားမ်ားဟာ အိပ္ေရးဝေအာင္ အိပ္စက္ေလ့ မရွိပါဘူး။
အိပ္ေရးမဝျခင္းေၾကာင့္ ႀကံဳေတြ႔ရတဲ႔ ျပႆနာေတြမွာ က်န္းမာေရးထိခိုက္မႈကလည္း
ပါဝင္ေနပါတယ္။ ဒါေၾကာင့္ မနက္(၈)နာရီမထိုးခင္ သင္ႏိုးထၿပီဆိုတာနဲ႔
သင့္အိပ္ခ်ိန္က (၇)နာရီနဲ႔အထက္ ရွိေနသင့္ပါတယ္။
(၂) ဘုရားရွိခိုးျခင္းႏွင့္ တရားထိုင္ျခင္းကို ျပဳလုပ္ပါ။
မနက္ခင္း
လန္းဆန္းစြာ ႏိုးထလာၿပီးတဲ႔ေနာက္မွာေတာ့ တစ္ေန႔တာ
စိ္တ္ၾကည္လင္လန္းဆန္းေနေစဖို႔နဲ႔ သင့္စိတ္ေတြ အေပါင္းလကၡဏာဆန္ေနေစဖို႔
ဘုရားရွိခိုးျခင္းနဲ႔ တရားထိုင္ျခင္းတို႔ကို ျပဳလုပ္သင့္ပါတယ္။
(၃) ကိုယ္ကာယေလ့က်င့္ခန္းျပဳလုပ္ပါ။
က်န္းမာေပ်ာ္ရႊင္တဲ႔
ဘဝကိုလိုခ်င္ရင္ ကိုယ္ကာယေလ့က်င့္ခန္းျပဳလုပ္ဖို႔ လိုအပ္ပါတယ္။
လူေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ္ကာယေလ့က်င့္ခန္းေတာ့ gym
ေတြကိုသြားေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ကၽြႏု္ပ္မၾကာေသးခင္က
ေလ့လာေတြ႔ရွိတာကေတာ့ နံနက္ခင္း ျခံဝင္းထဲမွာ ေလ့က်င့္ခန္းလုပ္ျခင္းက
တစ္ေန႔တာ စိတ္ၾကည္လင္ျပတ္သားေစၿပီး ဥာဏ္ကြန္႔ျမဴးေစပါတယ္။
(၄) ပရိုတင္းဓာတ္(၃၀) ဂရမ္ပါဝင္တဲ႔ မနက္စာကို စားပါ။
မနက္(၈)နာရီမထိုးခင္မွာ
သင့္ရဲ႕မနက္စာကို ပရိုတင္းဓာတ္ပါဝင္တဲ႔ အစားအေသာက္ေတြကို
ေရြးခ်ယ္စားေသာက္သင့္ပါတယ္။ ပရိုတင္းဓာတ္ပါဝင္တဲ႔ အစားအေသာက္ေတြက
အဆာခံေစရံုသာမက သင့္ရဲ႕ဆီးခ်ိဳအဆင့္ကို လည္းထိန္းညွိေပးႏိုင္ပါတယ္။
(၅) လန္းဆန္းသြားေအာင္ ေရေအးေအးခ်ိဳးပါ။
မနက္ခင္းမွာ
ေရေႏြးနဲ႔မဟုတ္ပဲ ေရေအးနဲ႔ခ်ိဳးျခင္းက သင့္ရဲ႕ ကိုယ္ခႏၶာကိုသာမက စိတ္ကိုပါ
လန္းဆန္းေစပါတယ္။ မနက္ခင္းတိုင္းမွာ ပံုမွန္ေရေအးနဲ႔ေရခ်ိဳးေပးပါက
ခႏၶာကိုယ္ ေသြးလည္ပတ္မႈနဲ႔ အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ႔အျပင္ ခႏၶာကိုယ္
ဇီဝကမၼေဗဒကို တိုးျမွင့္ေပးပါတယ္။
(၆) သတင္းတစ္ခုခုကို ဖတ္ပါ (သို႔) နားေထာင္ပါ။
ပံုမွန္လူတစ္ေယာက္က
ေဖ်ာ္ေျဖမႈကို ရွာပါတယ္။ သာမန္ထက္ သာလြန္တဲ႔သူေတြက ပညာနဲ႔
သင္ယူေလ့လာျခင္းကို ရွာပါတယ္။ မနက္ပိုင္းမွာ အနည္းဆံုး(၁၅)မိနစ္ကေန
(၃၀)မိနစ္အထိ update ျဖစ္တဲ႔ သတင္းမ်ားဖတ္ျခင္းျဖင့္ ဗဟုသုတမ်ား
ရွာေဖြသင့္ပါတယ္။
(၇) ဘဝကို ခံယူထားတဲ႔ သင့္ရဲ႕အေတြးအျမင္ကို ဆန္းစစ္ပါ။
သင့္ရဲ႕ဘဝရည္မွန္းခ်က္ေတြကို
ခ်ေရးထားသင့္ပါတယ္။ မနက္ခင္းတိုင္းမွာ သင္ရဲ႕ဘဝပန္းတုိင္ေတြကို
အခ်ိန္ခဏေပးၿပီး ဖတ္ျခင္းက သင့္ရဲ႕ တစ္ေန႔တာလုပ္ေဆာင္မႈေတြ
အားအင္အျပည့္ျဖစ္ေအာင္ တိုးျမွင့္ေပးပါတယ္။
(၈) သင့္ရဲ႕ဘဝပန္းတုိင္နဲ႔ သက္ဆိုင္တဲ႔အလုပ္တစ္ခု လုပ္ပါ။
သင္ဒီေန႔လုပ္ႏိုင္တဲ႔
အလုပ္တစ္ခုကို မနက္ျဖန္ေပါင္းမ်ားစြာကို မေရႊ႕သင့္ပါဘူး။
သင့္ပန္းတိုင္ဆီကုိ ဦးတည္ေနတဲ႔ အလုပ္ကို မနက္ခင္းတိုင္း လုပ္ျခင္းအားျဖင့္
သင့္ရဲ႕ပန္းတိုင္က မေဝးေတာ့တဲ႔ အနာဂတ္မွာရွိေနၿပီဆိုတာကို
သင္နားလည္လာပါလိမ့္မယ္။
Credit : momolay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
(၁) အိပ်ချိန် (၇)နာရီနှင့် အထက်ရှိပါစေ။
လူတစ်ယောက်အတွက် အိပ်စက်ခြင်းဟာ အစာစားခြင်းနဲ့ရေသောက်ခြင်းလိုပဲ အရေးကြီးပါတယ်။ လူတော်တော်များများဟာ အိပ်ရေးဝအောင် အိပ်စက်လေ့ မရှိပါဘူး။ အိပ်ရေးမဝခြင်းကြောင့် ကြုံတွေ့ရတဲ့ ပြဿနာတွေမှာ ကျန်းမာရေးထိခိုက်မှုကလည်း ပါဝင်နေပါတယ်။ ဒါကြောင့် မနက်(၈)နာရီမထိုးခင် သင်နိုးထပြီဆိုတာနဲ့ သင့်အိပ်ချိန်က (၇)နာရီနဲ့အထက် ရှိနေသင့်ပါတယ်။
(၂) ဘုရားရှိခိုးခြင်းနှင့် တရားထိုင်ခြင်းကို ပြုလုပ်ပါ။
မနက်ခင်း လန်းဆန်းစွာ နိုးထလာပြီးတဲ့နောက်မှာတော့ တစ်နေ့တာ စိတ်ကြည်လင်လန်းဆန်းနေစေဖို့နဲ့ သင့်စိတ်တွေ အပေါင်းလက္ခဏာဆန်နေစေဖို့ ဘုရားရှိခိုးခြင်းနဲ့ တရားထိုင်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
(၃) ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပါ။
ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုလိုချင်ရင် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ လူတော်တော်များများကတော့ ကိုယ်ကာယလေ့ကျင့်ခန်းတော့ gym တွေကိုသွားလေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွနု်ပ်မကြာသေးခင်က လေ့လာတွေ့ရှိတာကတော့ နံနက်ခင်း ခြံဝင်းထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းက တစ်နေ့တာ စိတ်ကြည်လင်ပြတ်သားစေပြီး ဉာဏ်ကွန့်မြူးစေပါတယ်။
(၄) ပရိုတင်းဓာတ်(၃၀) ဂရမ်ပါဝင်တဲ့ မနက်စာကို စားပါ။
မနက်(၈)နာရီမထိုးခင်မှာ သင့်ရဲ့မနက်စာကို ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေက အဆာခံစေရုံသာမက သင့်ရဲ့ဆီးချိုအဆင့်ကို လည်းထိန်းညှိပေးနိုင်ပါတယ်။
(၅) လန်းဆန်းသွားအောင် ရေအေးအေးချိုးပါ။
မနက်ခင်းမှာ ရေနွေးနဲ့မဟုတ်ပဲ ရေအေးနဲ့ချိုးခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာကိုသာမက စိတ်ကိုပါ လန်းဆန်းစေပါတယ်။ မနက်ခင်းတိုင်းမှာ ပုံမှန်ရေအေးနဲ့ရေချိုးပေးပါက ခန္ဓာကိုယ် သွေးလည်ပတ်မှုနဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ် ဇီဝကမ္မဗေဒကို တိုးမြှင့်ပေးပါတယ်။
(၆) သတင်းတစ်ခုခုကို ဖတ်ပါ (သို့) နားထောင်ပါ။
ပုံမှန်လူတစ်ယောက်က ဖျော်ဖြေမှုကို ရှာပါတယ်။ သာမန်ထက် သာလွန်တဲ့သူတွေက ပညာနဲ့ သင်ယူလေ့လာခြင်းကို ရှာပါတယ်။ မနက်ပိုင်းမှာ အနည်းဆုံး(၁၅)မိနစ်ကနေ (၃၀)မိနစ်အထိ update ဖြစ်တဲ့ သတင်းများဖတ်ခြင်းဖြင့် ဗဟုသုတများ ရှာဖွေသင့်ပါတယ်။
(၇) ဘဝကို ခံယူထားတဲ့ သင့်ရဲ့အတွေးအမြင်ကို ဆန်းစစ်ပါ။
သင့်ရဲ့ဘဝရည်မှန်းချက်တွေကို ချရေးထားသင့်ပါတယ်။ မနက်ခင်းတိုင်းမှာ သင်ရဲ့ဘဝပန်းတိုင်တွေကို အချိန်ခဏပေးပြီး ဖတ်ခြင်းက သင့်ရဲ့ တစ်နေ့တာလုပ်ဆောင်မှုတွေ အားအင်အပြည့်ဖြစ်အောင် တိုးမြှင့်ပေးပါတယ်။
(၈) သင့်ရဲ့ဘဝပန်းတိုင်နဲ့ သက်ဆိုင်တဲ့အလုပ်တစ်ခု လုပ်ပါ။
သင်ဒီနေ့လုပ်နိုင်တဲ့ အလုပ်တစ်ခုကို မနက်ဖြန်ပေါင်းများစွာကို မရွှေ့သင့်ပါဘူး။ သင့်ပန်းတိုင်ဆီကို ဦးတည်နေတဲ့ အလုပ်ကို မနက်ခင်းတိုင်း လုပ်ခြင်းအားဖြင့် သင့်ရဲ့ပန်းတိုင်က မဝေးတော့တဲ့ အနာဂတ်မှာရှိနေပြီဆိုတာကို သင်နားလည်လာပါလိမ့်မယ်။
Credit : momolay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မနက္(၈)နာရီမထိုးခင္ ျပဳလုပ္သင့္သည့္အခ်က္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။