ကေလးတစ္ေယာက္ စၿပီး ၿပံဳးတတ္တဲ့အခ်ိန္က မိဘေတြအတြက္ မွတ္မွတ္ရရျဖစ္ေနမယ့္
ၾကည္ႏူးစရာအခ်ိန္ တစ္ခုပါ။ ကေလးေတြ ဘယ္အရြယ္မွာ စၿပီး ၿပံဳးတတ္ၾကသလဲဆိုေတာ့
မေမြးခင္ကတည္းကပါ။ ဟိုးငယ္ငယ္ကတည္းက ေမ့ေမ့ဗိုက္ထဲမွာကတည္းက
ၿပံဳးႏိုင္တာပါ။ ဒါေပမယ့္ ဗိုက္ထဲမွာတုန္း ၿပံဳးတာနဲ႔ ေမြးၿပီးခါစအရြယ္မွာ
ၿပံဳးတာေတြက သူ႔ကို တကယ္ေပ်ာ္လို႔၊ စိတ္ေက်နပ္လို႔ ၿပံဳးတာ မဟုတ္ပါဘူး။
ေမြးၿပီးခါစမွာ ကေလးေလးေတြ အာရုံေၾကာေတြနဲ႔ အျခားအာရုံခံစားတဲ့ အရာေတြက
အစမ္း လႈပ္ၾကည့္ေနတာမို႔လုိ႔ ၿပံဳးသလိုလို ျဖစ္သြားရတာပါ။ လက္နဲ႔
ေျခေထာက္ေတြ ဆတ္ခနဲ လႈပ္တာလိုမ်ိဳး သူအလိုလို လႈပ္ၿပီး ၿပံဳးတာပါ။
ကေလးေလးက တကယ္ၿပံဳးေနတာလား
ကေလးေတြရဲ့
အသက္ (၂) လ အရြယ္ေလာက္မွာ ခႏၶာကိုယ္က အာရုံေၾကာေတြေၾကာင့္ သူ႔အလိုအေလ်ာက္
ၿပံဳးတာေတြ ေပ်ာက္ကြယ္သြားၿပီး တကယ္ႀကီး ေပ်ာ္လို႔ သေဘာက်လို႔ ၿပံဳးတဲ့
အၿပံဳးေတြ စၿပံဳးလာပါၿပီ။ အမွန္တကယ္ ၿပံဳးတတ္တာကေတာ့ တစ္လခဲြ ကေန ႏွစ္လ
(သို႔) အရြယ္မွာ စပါတယ္။ အိပ္ေပ်ာ္ေနတဲ့အခ်ိန္၊ ႏံုးေနတဲ့အခ်ိန္မွာ
ၿပံဳးတဲ့အၿပံဳးက တိုေတာင္းၿပီး ေမေမ့မ်က္ႏွာကို ၾကည့္ၿပီး မွတ္မိတဲ့အခ်ိန္၊
သူ႔ေမာင္ႏွမရဲ့ စူးစူးဝါးဝါးေအာ္သံေတြကို ၾကားတဲ့အခ်ိန္ေတြမွာဆိုရင္
အၾကာႀကီး ၿပံဳးတတ္ပါတယ္။ အဲဒီလို အၾကာႀကီးၿပံဳးၿပီဆိုရင္
တကယ္ၿပံဳးတာျဖစ္ၿပီး ကေလးေလးရဲ႕မ်က္လံုးမွာပါ သူသိတယ္ဆိုတဲ့ ခံစားခ်က္ကိုပါ
ေတြ႔ႏိုင္ပါတယ္။
ကေလးေလးကို ၿပံဳးေအာင္ ဘယ္လိုလုပ္ရမလဲ။
တူတူေရဝါး
ေဆာ့ေပးတာကို ကေလးေတြက အလြန္သေဘာက်ပါတယ္။ ကေလးကို ခဏခဏစကားေျပာေပးၿပီး
ျမႇဴလို႔ ရပါတယ္။ ကေလးနဲ႔ မ်က္လံုးခ်င္းဆံုေအာင္ ၾကည့္ၿပီး ကေလးကို
တစ္ေန႔လံုး ၿပံဳးျပေပးပါ။ ဘူး-ဘူး ကစားေပးမယ္ဆိုရင္လည္း ကေလးကို
ပိုၿပံဳးေစပါတယ္။ ေျခဖဝါးပိစိေလးေတြကို လက္နဲ႔ ကလိထိုးေပး၊
ယားေအာင္လုပ္ေပးတာကလည္း ကေလးေလးကို ပိုၿပံဳးေစပါတယ္။ ဒါေပမယ့္
အရမ္းအလြန္အကၽြံေတာ့ မလုပ္ပါနဲ႔။ ကေလးေတြရဲ႕ ခံစားမႈအတိုင္းအတာ လြန္သြားရင္
ကေလးအသက္ရႈမဝဘဲ ဒုကၡျဖစ္တတ္ပါတယ္။
ကေလးေလးရဲ့
အျမင္အာ႐ံုဖြ႔ံၿဖိဳးလာၿပီး မ်က္ႏွာေတြကို မွတ္တတ္လာတာေၾကာင့္
ၿပံဳးျပတတ္လာတာ ျဖစ္ပါတယ္။ ကေလးေလးက အခုဆိုရင္ တျခားသူေတြကို
ႏႈတ္ဆက္တတ္ေနၿပီ။ သူ႔ခံစားခ်က္ကို သူသိၿပီး သူ႔ ခံစားခ်က္အတိုင္း
မ်က္ႏွာမွာ ေဖာ္ျပတတ္လာၿပီ။ ေပ်ာ္ရႊင္မႈ၊ စိတ္လႈပ္ရွားမႈ၊
စိတ္ေက်နပ္မႈေတြကိုလည္း ခံစားသိလာပါၿပီ။
ဘယ္အရြယ္မွာ ကေလးေလးေတြ စၿပံဳးတတ္ၾကတာလဲ ?
ကေလးတစ္ေယာက္နဲ႔တစ္ေယာက္
ၿပံဳးတဲ့အခ်ိန္ မတူၾကပါဘူး၊ တစ္ခ်ိဳ႕က ပံုမွန္ထက္ ရက္သတၱပတ္
အနည္းငယ္ေနာက္က်ၿပီးမွ ၿပံဳးတတ္ၾကပါတယ္။ ဒါေပမယ့္ ကေလး
သံုးလအရြယ္ေလာက္ထိကို မၿပံဳးတတ္ေသးဘူး ဆိုရင္ေတာ့ ကေလးအထူးကုဆရာဝန္နဲ႔
ျပၾကည့္ဖို႔ လိုပါမယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ကလေးတစ်ယောက် စပြီး ပြုံးတတ်တဲ့အချိန်က မိဘတွေအတွက် မှတ်မှတ်ရရဖြစ်နေမယ့် ကြည်နူးစရာအချိန် တစ်ခုပါ။ ကလေးတွေ ဘယ်အရွယ်မှာ စပြီး ပြုံးတတ်ကြသလဲဆိုတော့ မမွေးခင်ကတည်းကပါ။ ဟိုးငယ်ငယ်ကတည်းက မေ့မေ့ဗိုက်ထဲမှာကတည်းက ပြုံးနိုင်တာပါ။ ဒါပေမယ့် ဗိုက်ထဲမှာတုန်း ပြုံးတာနဲ့ မွေးပြီးခါစအရွယ်မှာ ပြုံးတာတွေက သူ့ကို တကယ်ပျော်လို့၊ စိတ်ကျေနပ်လို့ ပြုံးတာ မဟုတ်ပါဘူး။ မွေးပြီးခါစမှာ ကလေးလေးတွေ အာရုံကြောတွေနဲ့ အခြားအာရုံခံစားတဲ့ အရာတွေက အစမ်း လှုပ်ကြည့်နေတာမို့လို့ ပြုံးသလိုလို ဖြစ်သွားရတာပါ။ လက်နဲ့ ခြေထောက်တွေ ဆတ်ခနဲ လှုပ်တာလိုမျိုး သူအလိုလို လှုပ်ပြီး ပြုံးတာပါ။
ကလေးလေးက တကယ်ပြုံးနေတာလား
ကလေးတွေရဲ့ အသက် (၂) လ အရွယ်လောက်မှာ ခန္ဓာကိုယ်က အာရုံကြောတွေကြောင့် သူ့အလိုအလျောက် ပြုံးတာတွေ ပျောက်ကွယ်သွားပြီး တကယ်ကြီး ပျော်လို့ သဘောကျလို့ ပြုံးတဲ့ အပြုံးတွေ စပြုံးလာပါပြီ။ အမှန်တကယ် ပြုံးတတ်တာကတော့ တစ်လခွဲ ကနေ နှစ်လ (သို့) အရွယ်မှာ စပါတယ်။ အိပ်ပျော်နေတဲ့အချိန်၊ နုံးနေတဲ့အချိန်မှာ ပြုံးတဲ့အပြုံးက တိုတောင်းပြီး မေမေ့မျက်နှာကို ကြည့်ပြီး မှတ်မိတဲ့အချိန်၊ သူ့မောင်နှမရဲ့ စူးစူးဝါးဝါးအော်သံတွေကို ကြားတဲ့အချိန်တွေမှာဆိုရင် အကြာကြီး ပြုံးတတ်ပါတယ်။ အဲဒီလို အကြာကြီးပြုံးပြီဆိုရင် တကယ်ပြုံးတာဖြစ်ပြီး ကလေးလေးရဲ့မျက်လုံးမှာပါ သူသိတယ်ဆိုတဲ့ ခံစားချက်ကိုပါ တွေ့နိုင်ပါတယ်။
ကလေးလေးကို ပြုံးအောင် ဘယ်လိုလုပ်ရမလဲ။
တူတူရေဝါး ဆော့ပေးတာကို ကလေးတွေက အလွန်သဘောကျပါတယ်။ ကလေးကို ခဏခဏစကားပြောပေးပြီး မြှူလို့ ရပါတယ်။ ကလေးနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပြီး ကလေးကို တစ်နေ့လုံး ပြုံးပြပေးပါ။ ဘူး-ဘူး ကစားပေးမယ်ဆိုရင်လည်း ကလေးကို ပိုပြုံးစေပါတယ်။ ခြေဖဝါးပိစိလေးတွေကို လက်နဲ့ ကလိထိုးပေး၊ ယားအောင်လုပ်ပေးတာကလည်း ကလေးလေးကို ပိုပြုံးစေပါတယ်။ ဒါပေမယ့် အရမ်းအလွန်အကျွံတော့ မလုပ်ပါနဲ့။ ကလေးတွေရဲ့ ခံစားမှုအတိုင်းအတာ လွန်သွားရင် ကလေးအသက်ရှုမဝဘဲ ဒုက္ခဖြစ်တတ်ပါတယ်။
ကလေးလေးရဲ့ အမြင်အာရုံဖွံ့ဖြိုးလာပြီး မျက်နှာတွေကို မှတ်တတ်လာတာကြောင့် ပြုံးပြတတ်လာတာ ဖြစ်ပါတယ်။ ကလေးလေးက အခုဆိုရင် တခြားသူတွေကို နှုတ်ဆက်တတ်နေပြီ။ သူ့ခံစားချက်ကို သူသိပြီး သူ့ ခံစားချက်အတိုင်း မျက်နှာမှာ ဖော်ပြတတ်လာပြီ။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျေနပ်မှုတွေကိုလည်း ခံစားသိလာပါပြီ။
ဘယ်အရွယ်မှာ ကလေးလေးတွေ စပြုံးတတ်ကြတာလဲ ?
ကလေးတစ်ယောက်နဲ့တစ်ယောက် ပြုံးတဲ့အချိန် မတူကြပါဘူး၊ တစ်ချို့က ပုံမှန်ထက် ရက်သတ္တပတ် အနည်းငယ်နောက်ကျပြီးမှ ပြုံးတတ်ကြပါတယ်။ ဒါပေမယ့် ကလေး သုံးလအရွယ်လောက်ထိကို မပြုံးတတ်သေးဘူး ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ကေလးေလးေတြ ဘယ္အရြယ္မွာ စၿပံဳးတတ္ၾကတာလဲ ?
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။