iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူဘဝမွာ တစ္ေယာက္လက္တစ္ေယာက္ ဆုပ္ကိုင္ၿပီး လမ္းေလွ်ာက္ေနရၿပီဆုိ စၾကဝဠာအဆံုးထိေတာင္ ေလွ်ာက္သြားခ်င္တဲ့အထိ ၾကည္ႏူးရပါတယ္။ လက္ခ်င္းဆုပ္ကိုင္ျခင္းဟာ ခ်စ္သူစံုတြဲေတြမွာသာမက ဇနီးေမာင္ႏွံေတြ ၊ မိတ္ေဆြသူငယ္ခ်င္း၊ ေမာင္ႏွမေတြကလည္း လက္ခ်င္းတြဲေလွ်ာက္ၾကပါေသးတယ္။ ခ်စ္သူေတြအခ်င္းခ်င္း လက္ခ်င္းတြဲေလွ်ာက္တဲ့အခါ ေယာက်္ားေလးဘက္က ဘယ္လုိမ်ိဳး လက္ကိုဆုပ္ကိုင္သလဲဆိုတာကိုၾကည့္ၿပီး သူ႔စိတ္ကို အကဲခတ္ၾကည့္ရေအာင္ပါ။

 

၁။ လက္ေခ်ာင္းေလးေတြကို ခပ္ဖြဖြဆုပ္ကိုင္တာ
သူဆိုလိုခ်င္တာက ကိုယ္တုိ႔ႏွစ္ေယာက္ လက္ခ်င္းတြဲၿပီးေလွ်ာက္ေနတာကို တစ္ေလာကလံုးျမင္ေအာင္ ျပလိုက္ခ်င္ပါတယ္တဲ့။ ခ်စ္ဖုိ႔ေကာင္းတဲ့ အမူအရာေလးလည္း ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ေကာင္မေလးကို ပိုင္ဆုိင္ထားရလို႔ အေပ်ာ္လြန္ေနတဲ့သူေပါ့။
 

၂။ လက္ခ်င္းပြတ္တုိက္မိေအာင္လုပ္တာ
ေဘးခ်င္းယွဥ္ေလွ်ာက္လာတုန္း လက္ခ်င္း ခလုတ္တုိက္မိေအာင္ လုပ္တာမ်ိဳးက သူငယ္ခ်င္းအဆင့္ေလာက္မွာ ျဖစ္တတ္ပါတယ္။ ခ်စ္သူမျဖစ္ေသးေတာ့ လက္ကိုကိုင္ထားလို႔မရဘူးေလ။ သူ႔ဘက္က တစ္ဆင့္တက္ခ်င္ၿပီလို႔ အရိပ္အကဲျပ ေတာင္းဆုိေနတာပါ။
 

၃။ ၿမဲၿမဲဆုပ္ကိုင္တာ
ဒီလိုဆုိရင္ေတာ့ မင္းကိုငါ လံုးဝပိုင္ထားတယ္။ မင္းက ငါ့အတြက္ပဲျဖစ္ရမယ္။ ငါေျပာသမွ် လိုက္နာရမယ္လို႔ စိတ္ထားရွိတဲ့လူပါ။ သူ႔ဘက္ကလည္း ကိုယ္တစ္ေယာက္တည္းကိုပဲ လံုးလံုးလ်ားလ်ား ပံုၿပီးခ်စ္ေနတာ ျဖစ္ပါတယ္။
 

၄။ လက္ေခ်ာင္းေလးေတြယွက္
တစ္ေယာက္ရဲ႕လက္ေခ်ာင္းေတြထဲကို ေနာက္တစ္ေယာက္ရဲ႕လက္ေခ်ာင္းေတြနဲ႔ ယွက္ျဖာၿပီး ကိုင္ထားတာမ်ိဳးေပါ့။ သူ႔ရဲ႕လက္ဖဝါးတစ္ခုလံုး သင့္လက္ဖဝါးနဲ႔ အပ္ထားတာျဖစ္သလို သင့္ရဲ႕လက္ဖဝါးတစ္ခုလံုးကလည္း သူ႔လက္နဲ႔ထိကပ္ေနတာပါ။ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကတဲ့သူေတြကသာ ဒီလိုမ်ိဳး လက္ခ်င္းဆုပ္ကိုင္ၾကေလ့ရွိပါတယ္။

Credit:Duwun



ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ချစ်သူဘဝမှာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ပြီး လမ်းလျှောက်နေရပြီဆို စကြဝဠာအဆုံးထိတောင် လျှောက်သွားချင်တဲ့အထိ ကြည်နူးရပါတယ်။ လက်ချင်းဆုပ်ကိုင်ခြင်းဟာ ချစ်သူစုံတွဲတွေမှာသာမက ဇနီးမောင်နှံတွေ ၊ မိတ်ဆွေသူငယ်ချင်း၊ မောင်နှမတွေကလည်း လက်ချင်းတွဲလျှောက်ကြပါသေးတယ်။ ချစ်သူတွေအချင်းချင်း လက်ချင်းတွဲလျှောက်တဲ့အခါ ယောကျ်ားလေးဘက်က ဘယ်လိုမျိုး လက်ကိုဆုပ်ကိုင်သလဲဆိုတာကိုကြည့်ပြီး သူ့စိတ်ကို အကဲခတ်ကြည့်ရအောင်ပါ။


၁။ လက်ချောင်းလေးတွေကို ခပ်ဖွဖွဆုပ်ကိုင်တာ
သူဆိုလိုချင်တာက ကိုယ်တို့နှစ်ယောက် လက်ချင်းတွဲပြီးလျှောက်နေတာကို တစ်လောကလုံးမြင်အောင် ပြလိုက်ချင်ပါတယ်တဲ့။ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ကောင်မလေးကို ပိုင်ဆိုင်ထားရလို့ အပျော်လွန်နေတဲ့သူပေါ့။


၂။ လက်ချင်းပွတ်တိုက်မိအောင်လုပ်တာ
ဘေးချင်းယှဉ်လျှောက်လာတုန်း လက်ချင်း ခလုတ်တိုက်မိအောင် လုပ်တာမျိုးက သူငယ်ချင်းအဆင့်လောက်မှာ ဖြစ်တတ်ပါတယ်။ ချစ်သူမဖြစ်သေးတော့ လက်ကိုကိုင်ထားလို့မရဘူးလေ။ သူ့ဘက်က တစ်ဆင့်တက်ချင်ပြီလို့ အရိပ်အကဲပြ တောင်းဆိုနေတာပါ။


၃။ မြဲမြဲဆုပ်ကိုင်တာ
ဒီလိုဆိုရင်တော့ မင်းကိုငါ လုံးဝပိုင်ထားတယ်။ မင်းက ငါ့အတွက်ပဲဖြစ်ရမယ်။ ငါပြောသမျှ လိုက်နာရမယ်လို့ စိတ်ထားရှိတဲ့လူပါ။ သူ့ဘက်ကလည်း ကိုယ်တစ်ယောက်တည်းကိုပဲ လုံးလုံးလျားလျား ပုံပြီးချစ်နေတာ ဖြစ်ပါတယ်။



၄။ လက်ချောင်းလေးတွေယှက်
တစ်ယောက်ရဲ့လက်ချောင်းတွေထဲကို နောက်တစ်ယောက်ရဲ့လက်ချောင်းတွေနဲ့ ယှက်ဖြာပြီး ကိုင်ထားတာမျိုးပေါ့။ သူ့ရဲ့လက်ဖဝါးတစ်ခုလုံး သင့်လက်ဖဝါးနဲ့ အပ်ထားတာဖြစ်သလို သင့်ရဲ့လက်ဖဝါးတစ်ခုလုံးကလည်း သူ့လက်နဲ့ထိကပ်နေတာပါ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့သူတွေကသာ ဒီလိုမျိုး လက်ချင်းဆုပ်ကိုင်ကြလေ့ရှိပါတယ်။


Credit:Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top