ေအဒီ ၉ ရာစုတြင္ အီသီယိုးပီးယား ႏိုင္ငံကေန စတင္ေတြ႔႐ွိသံုးစြဲခဲ့တာပါ။
ကမာၻတစ္ဝွမ္းမွာ ေကာ္ဖီေသာက္သံုးသူေတြ အမ်ားႀကီး ျဖစ္လာေနပါၿပီ။
ထ႐ိုင္မီသိုင္းဇန္သင္း (Trimethylxanthine) ေခၚ ကဖင္း (caffeine)
ဓါတ္ပါဝင္လို႔ အာ႐ံု ႏိုးၾကားေစေသာ ေသာက္သံုးစရာ တစ္မ်ဳိး အျဖစ္ေသာက္ၾကတာ
ျဖစ္ပါတယ္။
ကဖင္းဓါတ္ဟာ ေကာ္ဖီေစ့ တစ္ေစ့ထဲမွာတင္ ၁% မွ ၂ % ထိ ပါ၀င္ ပါတယ္။ ေကာ္ဖီေစ့
အပံုႀကီး ၾကိတ္ၿပီးေဖ်ာ္ထားတဲ့ေကာ္ဖီဆိုရင္ စဥ္းစားသာၾကည့္ပါ။ ေရေႏြးနဲ႔
သၾကား၊ ႏို႔မႈန္႔ ဖယ္လိုက္ရင္ က်န္တာ ကဖင္းခ်ည္းပါပဲ။ အျခား ပါ၀င္တဲ့
ဓါတ္ပစၥည္းေတြကေတာ့ ဟိုက္ဒေရာက္ဆီ ဆစ္ထရစ္အက္စစ္ (Hydroxycitric acid)၊
ခ႐ိုမီယမ္ (Chromium)၊ လိေမၼာ္ခါး (Bitter Orange) တို႔ဟာ ခႏၶာကိုယ္ ဇီ၀ကမၼ
ျဖစ္ပ်က္မႈႏႈန္း (metabolic rate) ကို ၃၀% ထိ ပိုမို ျမန္ေစပါတယ္။ ေကာ္ဖီ
ေသာက္သံုးျခင္းျဖင့္ အယ္လ္ဇိုင္းမား ေရာဂါ (Alzheimer's disease)၊
ပါကင္ဆန္ေရာဂါ (Parkinson's disease)၊ လူၾကီးသူငယ္ျပန္ေရာဂါ (Demantia)၊
ႏွလံုးေရာဂါ (heart disease)၊ အမ်ဳိးအစား-၂ ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါ
(diabetes mellitus type 2)၊ အသည္းေျခာက္ေရာဂါ (cirrhosis of the liver)၊
ေဂါက္ေရာဂါ (Gout) ျဖစ္ပြားႏႈန္းတို႔ကို ေလ်ာ့က်ေစပါတယ္။
အစားအေသာက္ပ်က္သူမ်ားအေနနဲ႔ ေကာ္ဖီန႔ံရၿပီဆိုရင္ အစာစားခ်င္စိတ္
ျပန္လည္ျဖစ္ေပၚေစပါတယ္။ အရက္အမူးလြန္ၿပီး ေလးလံထိုင္းမႈိင္းသူေတြအတြက္ကေတာ့
ေကာ္ဖီ ေသာက္တာနဲ႔ လန္းဆန္းသြားေစပါတယ္။ ေကာ္ဖီက ဆီး႐ႊင္ေစတဲ့ (Diuretic
effect) အစြမ္းလည္း ရွိတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ ေကာ္ဖီက
စဲြေစတတ္တဲ့သဘာဝရွိတာမို႔ ေန႔စဥ္ ေကာ္ဖီ (၃) ခြက္မွ (၅) ခြက္
ေသာက္သံုးေနမယ္ဆိုရင္ ေကာ္ဖီ ျဖတ္လိုက္တဲ့ အခ်ိန္မွာ စိတ္ဓါတ္က်ဆင္းျခင္း
(Depression)၊ စိတ္ပူပန္မႈမ်ားလာျခင္း (Anxiety) တို႔ ျဖစ္ေပၚ လာတတ္ေၾကာင္း
ေတြ႔႐ွိရပါတယ္။ အူမွ သံဓါတ္ စုပ္ယူမႈကို အဟန္႔အတား ျဖစ္ေစႏိုင္တယ္။
ႏို႔တိုက္ မိခင္ႏွင့္ ကေလးငယ္တို႔တြင္ သံဓါတ္ခ်ဳိ႕တဲ့ေသာ ေသြးအားနည္းေရာဂါ
(Iron deficiency anaemia) ျဖစ္ေစႏိုင္ပါတယ္။ ေကာ္ဖီ ေသာက္သံုးျခင္းေၾကာင့္
ေသြးလႊတ္ေၾကာနံရံမ်ား တင္းမာမႈျဖစ္ေပၚေစျပီး ေကာ္ဖီေၾကာင့္ ႏွလံုး
ေသြးေၾကာဆိုင္ရာ ေရာဂါ ျဖစ္ပြားေၾကာင္း မေတြ႔ ႐ွိရေသးပါ။ ေကာ္ဖီက
ႏွလံုးခုန္ႏႈန္းျမန္ေစတာမို႔ ေသြးတိုးေစႏိုင္ပါတယ္။ အစာအိမ္
အက္စစ္ထြက္ျခင္း (acid reflux) ျဖစ္ေပၚ ေစတတ္တာမို႔ ေလတက္မယ္။ ရင္ပူ
တတ္သူမ်ား (Heart burn) ရတတ္လို႔ သတိထား သံုးစြဲသင့္ပါတယ္။
ေကာ္ဖီေသာက္ျခင္း၏ ေကာင္းက်ဳိး ဆိုးက်ဳိးမ်ား
မည္သို႔ပင္ ဆိုေစကာမူ တန္ေဆးလြန္ေဘး ဆိုသည့္ စကားအတိုင္း သင့္တင့္ေသာ ေကာ္ဖီေသာက္သံုးမႈရွိဖို႔ လိုအပ္ပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံကနေ စတင်တွေ့ရှိသုံးစွဲခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းမှာ ကော်ဖီသောက်သုံးသူတွေ အများကြီး ဖြစ်လာနေပါပြီ။ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပါဝင်လို့ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုး အဖြစ်သောက်ကြတာ ဖြစ်ပါတယ်။
ကဖင်းဓါတ်ဟာ ကော်ဖီစေ့ တစ်စေ့ထဲမှာတင် ၁% မှ ၂ % ထိ ပါဝင် ပါတယ်။ ကော်ဖီစေ့ အပုံကြီး ကြိတ်ပြီးဖျော်ထားတဲ့ကော်ဖီဆိုရင် စဉ်းစားသာကြည့်ပါ။ ရေနွေးနဲ့ သကြား၊ နို့မှုန့် ဖယ်လိုက်ရင် ကျန်တာ ကဖင်းချည်းပါပဲ။ အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ ဟိုက်ဒရောက်ဆီ ဆစ်ထရစ်အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်ပျက်မှုနှုန်း (metabolic rate) ကို ၃၀% ထိ ပိုမို မြန်စေပါတယ်။ ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန်ရောဂါ (Parkinson's disease)၊ လူကြီးသူငယ်ပြန်ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက်ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်းတို့ကို လျော့ကျစေပါတယ်။ အစားအသောက်ပျက်သူများအနေနဲ့ ကော်ဖီနံ့ရပြီဆိုရင် အစာစားချင်စိတ် ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အရက်အမူးလွန်ပြီး လေးလံထိုင်းမှိုင်းသူတွေအတွက်ကတော့ ကော်ဖီ သောက်တာနဲ့ လန်းဆန်းသွားစေပါတယ်။ ကော်ဖီက ဆီးရွှင်စေတဲ့ (Diuretic effect) အစွမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကော်ဖီက စွဲစေတတ်တဲ့သဘာဝရှိတာမို့ နေ့စဉ် ကော်ဖီ (၃) ခွက်မှ (၅) ခွက် သောက်သုံးနေမယ်ဆိုရင် ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှုများလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရပါတယ်။ အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်တယ်။ နို့တိုက် မိခင်နှင့် ကလေးငယ်တို့တွင် သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ (Iron deficiency anaemia) ဖြစ်စေနိုင်ပါတယ်။ ကော်ဖီ သောက်သုံးခြင်းကြောင့် သွေးလွှတ်ကြောနံရံများ တင်းမာမှုဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပါ။ ကော်ဖီက နှလုံးခုန်နှုန်းမြန်စေတာမို့ သွေးတိုးစေနိုင်ပါတယ်။ အစာအိမ် အက်စစ်ထွက်ခြင်း (acid reflux) ဖြစ်ပေါ် စေတတ်တာမို့ လေတက်မယ်။ ရင်ပူ တတ်သူများ (Heart burn) ရတတ်လို့ သတိထား သုံးစွဲသင့်ပါတယ်။
ကော်ဖီသောက်ခြင်း၏ ကောင်းကျိုး ဆိုးကျိုးများ
မည်သို့ပင် ဆိုစေကာမူ တန်ဆေးလွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော ကော်ဖီသောက်သုံးမှုရှိဖို့ လိုအပ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေကာ္ဖီေသာက္ျခင္း၏ ေကာင္းက်ဳိး ဆိုးက်ဳိးမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။