iMyanmarHouse.com - Best Property Website for Myanmar
×


ပေါင်းတင်နည်း (၁)


ပေါင်းတင်နည်း (၂)


ပေါင်းတင်နည်း(၃)

Credit : momolay



Unicode Version

ဆံပင်ရှည်လာရင် ကျစ်ဆံမြီးလေးကျစ်မယ်၊ ဆံထုံးလှလှလေး ထုံးမယ်၊ ဆံပင်ကို ပုံစံအမျိုးမျိုး ပြုလုပ်ဖို့ စိတ်ကူးယဉ်ကြတဲ့ မိန်းကလေးတွေ အများကြီး ရှိပါတယ်။ ဆံပင်အရှည်နှေးသူတွေအတွက်ကတော့ စိတ်ကူးထဲကလိုမျိုး ဆံပင်ရှည်လေး ရရှိဖို့ စောင့်ဆိုင်းရတာ စိတ်ရှည်မယ်မထင်ပါဘူး။ ဒါကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဆံပင်မြန်မြန်ရှည်အောင် ပြုလုပ်လို့ ရပါတယ်။ ဦးရေပြားမှာ အနာရှိတဲ့ နေရာကိုတော့ မလိမ်းပါနဲ့။ ကြက်သွန်ဖြူအရည်က စပ်နိုင်တာကြောင့်ပါ။

ပေါင်းတင်နည်း (၁)

ပထမဦးဆုံး ခွက်တစ်ခုထဲမှာ အုန်းဆီ လက်ဖက်စားဇွန်း(၃) ဇွန်းကို ထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူ အမွှာအကြီး(၃) မွှာကို အရည်ထွက်အောင် ကြိတ်ပါ။ ထွက်လာတဲ့အရည်ကို အုန်းဆီနဲ့ ရောပြီး ဦးရေပြားမှာ လိမ်းပေးပါ။ ဦးရေပြားကို အနည်းငယ်နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။ တပတ်ကို (၂) ကြိမ် ပြုလုပ်နိုင်ပြီး ဆံပင်အရှည်မြန်လာမှာ အသေအချာပါပဲ။

ပေါင်းတင်နည်း (၂)

ဒီနည်းလမ်းကတော့ ဆံပင်အရှည်မြန်စေဖို့ အလုပ်မရှုပ်ဘဲ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းလျှော်ရင် အသုံးပြုမယ့် ခေါင်းလျှော်ရည်ထဲကို ကြက်သွန်ဖြူထောင်းပြီးသား အရည် ထည့်ပြီး လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ပြုလုပ်နိုင်ပြီး ဆံပင်အရှည်မြန်စေပါတယ်။

ပေါင်းတင်နည်း(၃)
သံလွင်ဆီက ဆံပင်သန်စေတဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။ သံလွင်ဆီကို ကြက်သွန်ဖြူထောင်းထားတဲ့ အရည်နဲ့ ရောကာ ဦးရေပြားမှာ လိမ်းပေးပါ။ (၁၀) မိနစ်လောက်ကြာတဲ့အခါ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းက ဆံပင်ရှည်စေတဲ့ အကောင်းဆုံ းနည်းလမ်းဖြစ်ပါတယ်။

Credit : momolay



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top