iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ သားအိမ္ကင္ဆာကို ေလးလတစ္ႀကိမ္ ပံုမွန္ေသြးစစ္႐ံုနဲ႔ ေစာစီးစြာသိ႐ွိႏိုင္မယ္လို႔ သိရပါတယ္။ ယခင္ကေတာ့ သားအိမ္ကင္ဆာ ႐ွိ၊မ႐ွိကို အလံုးေတြေပၚလာၿပီဆိုမွသာ သိခဲ့ရတာေၾကာင့္ ကုသေရးပိုင္းမွာ ေႏွာင့္ေႏွးခဲ့ရၿပီး အသက္ဆံုး႐ႈံးမႈေတြ ျဖစ္ခဲ့ရပါတယ္။ ခုလို ပုံမွန္ေသြးစစ္ျခင္းေၾကာင့္ သားအိမ္ကင္ဆာကို ေစာလ်င္စြာသိရွိ ကုသႏိုင္မယ္လို႔ Clinical Oncology ေဆးပညာဂ်ာနယ္က ေဖာ္ျပလိုက္ပါတယ္။

အမ်ိဳးသမီးေပါင္း ၄၃၄၈ ကို စမ္းသပ္ေလ့လာခဲ့ၿပီးတဲ့ေနာက္  ၄ လ တစ္ႀကိမ္ ပံုမွန္ေသြးေဖာက္စစ္ေဆးၾကဖို႔ကိုလည္း က်န္းမာေရးပညာ႐ွင္ေတြက တုိက္တြန္းထားပါတယ္။ သားအိမ္ကင္ဆာျဖစ္ႏိုင္ေျခမ်ားျပားေၾကာင္း ေတြ႔႐ွိလာရသူေတြအေနနဲ႔ သားဥျပြန္ေတြကို ဖယ္႐ွားသင့္တယ္လို႔လည္း အၾကံေပးထားၾကပါတယ္။

သားအိမ္ကင္ဆာဟာ ကမၻာတစ္ဝန္းလံုးက အမ်ိဳးသမီးထုရဲ႕အသက္ကို ဇီဝိန္ေျခြပစ္ႏိုင္တဲ့ အျဖစ္အမ်ားဆံုးကင္ဆာစာရင္းမွာ အဆင့္ ၇ ေနရာက ရပ္တည္ေနပါတယ္။ ႏွစ္စဥ္ အမ်ိဳးသမီးဦးေရ၂၄၀,၀၀၀ ဝန္းက်င္ဟာ သားအိမ္ကင္ဆာျဖစ္ပြားလာေနၾကတယ္လို႔လည္း သိရပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ကင်ဆာကို လေးလတစ်ကြိမ် ပုံမှန်သွေးစစ်ရုံနဲ့ စောစီးစွာသိရှိနိုင်မယ်လို့ သိရပါတယ်။ ယခင်ကတော့ သားအိမ်ကင်ဆာ ရှိ၊မရှိကို အလုံးတွေပေါ်လာပြီဆိုမှသာ သိခဲ့ရတာကြောင့် ကုသရေးပိုင်းမှာ နှောင့်နှေးခဲ့ရပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ခုလို ပုံမှန်သွေးစစ်ခြင်းကြောင့် သားအိမ်ကင်ဆာကို စောလျင်စွာသိရှိ ကုသနိုင်မယ်လို့ Clinical Oncology ဆေးပညာဂျာနယ်က ဖော်ပြလိုက်ပါတယ်။

အမျိုးသမီးပေါင်း ၄၃၄၈ ကို စမ်းသပ်လေ့လာခဲ့ပြီးတဲ့နောက်  ၄ လ တစ်ကြိမ် ပုံမှန်သွေးဖောက်စစ်ဆေးကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။ သားအိမ်ကင်ဆာဖြစ်နိုင်ခြေများပြားကြောင်း တွေ့ရှိလာရသူတွေအနေနဲ့ သားဥပြွန်တွေကို ဖယ်ရှားသင့်တယ်လို့လည်း အကြံပေးထားကြပါတယ်။

သားအိမ်ကင်ဆာဟာ ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီးထုရဲ့အသက်ကို ဇီဝိန်ခြွေပစ်နိုင်တဲ့ အဖြစ်အများဆုံးကင်ဆာစာရင်းမှာ အဆင့် ၇ နေရာက ရပ်တည်နေပါတယ်။ နှစ်စဉ် အမျိုးသမီးဦးရေ၂၄၀,၀၀၀ ဝန်းကျင်ဟာ သားအိမ်ကင်ဆာဖြစ်ပွားလာနေကြတယ်လို့လည်း သိရပါတယ်။


Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top