iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Trend Myanmar



Unicode Version

Rascette lines တွေ ဆိုတာ လက်ဖဝါး နဲ့ လက်ကြား လက်ကောက်ဝတ် အပေါ် က ကန့်ပေးထားတဲ့ အလျား လိုက် သို့မဟုတ် ကွေးကောက် တဲ့ မျဉ်းကြောင်းတွေဖြစ်ပါတယ်။ တစ်နည်း အားဖြင့် လက်ကောက်ဝတ် အစင်း အကြောင်း လို့လည်း သိရတဲ့ rascette lines များကို လက္ခဏာဗေဒ မှာ အရေး မပါတဲ့ မျဉ်းကြောင်းများ အဖြစ် သတ်မှတ်ထားပါတယ်။

အခုအခါမှာတော့ လူအများစု မှာ တစ်ခုတည်း လည်း ရှိနိုင်ပေမယ့် လက်ကောက် အရေး အကြောင်း ၂ ခု သို့မဟုတ် ၃ ခု ရှိကြပါတယ်။ ဒါပေမယ့် လက်ကောက် အစင်း အကြောင်း ၄ ခု ရှိခြင်း မှာ အသက် ၁၀၀ အသက် ရှင်နိုင်ခြေရှိတဲ့ အမှတ်အသား တစ်ခု ဖြစ်ပါတယ်။

အမှန်တော့ ဒီ မျဉ်းကောက်ကြောင်းများ က လူတစ်ယောက် ရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာရေး၊ ဘဝ ကံကြမ္မာ နဲ့ အခွင့် အလမ်းတွေ ကိုယ်စားပြုနေတာပါ။ လူတစ်ယောက် ရဲ့ အတွေး၊ ခန္ဓာ နဲ့ စိတ် ဟန်ချက် ညီမှု၊ မညီ မှု သဘောလည်း ဆောင်ပါတယ်။ လက္ခဏာဗေဒင် အရ မျဉ်းကြောင်းတွေ ပိုပြီး ထင်ရှားပြတ် သားလေ၊ ကောင်းမွန် ကျန်းမာတဲ့ ဘဝ အခွင့်အလမ်း ပိုများလေဖြစ်ပါတယ်။


သို့သော် အဲဒီ အားလုံးတို့ အနက် ဖြစ်တောင့်ဖြစ်ခဲတဲ့ အချက်က လက်ကောက်ဝတ် မှာ တြိဂံ ပုံသဏ္ဍာန် တစ်ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အမှန်တော့ လက်ကောက်ဝတ် ရှိ တြိဂံပုံ ဟာ အလွန့်အလွန် ကံကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။

အခု အခါမှာ လက်ကောက်ဝတ် ကို ကြည့်ပြီး မျဉ်းကြောင်းတွေ ဘာနဲ့ တူလဲဆိုတာ ကြည့်ပါ။ လက်ကောက် အစင်း အကြောင်းများဖြင့် တြိဂံ ပုံသဏ္ဍာန် တစ်ခု ပုံဖော်ထားတဲ့ မျဉ်းကြောင်းလေး တစ်ခု ရှိပါက မမျှော်လင့် ဘဲ  ပိုက်ဆံ ရနိုင်ခြေ ရှိတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

ထီပေါက်တာလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခွင့်အရေး ကို လက်လွှတ်ဆုံးရှုံး မခံပါနဲ့။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top