ယခုေခတ္မွာတစ္ကုိယ္ရည္သံုး လွ်ပ္စစ္ပစၥည္းေလးေတြျဖစ္တဲ့စမတ္ဖုန္းေတြ၊ တက္ဘလက္ေတြ၊ သီခ်င္းဖြင့္စက္ေတြစတာေတြကေစ်းကြက္မွာအလြန္တရာမွေပါမ်ား လွပါတယ္။ ယင္းလွ်ပ္စစ္ပစၥည္းေလး ေတြကိုအလြန္အကြၽံသံုးျခင္းအားျဖင့္ အသက္အ႐ြယ္ အိုမင္းလာခ်ိန္ မွာႀကံဳရႏိုင္တဲ့ လကၡဏာေတြ ကိုႀကိဳတင္ႀကံဳရႏိုင္တယ္လို႔က်န္းမာေရး အထူးကြၽမ္းက်င္သူေတြကအႀကံျပဳခဲ့ပါတယ္။
ကြၽမ္းက်င္သူေတြရဲ႕အဆိုအရ tech neck ရဲ႕လကၡဏာေတြကေနအေရျပားေတြေလ်ာ့ရဲလာတာ၊ ပါးစံုေတြတြဲက်လာတာ၊ ညႇပ္႐ိုး အေပၚ အေရျပားေတြတြန္႔ေခါက္လာတာ၊ မ်က္တြင္းေတြပိုခ်ိဳင့္လာတာ၊ မ်က္ရည္အိတ္ေတြပိုတြဲလာတာ၊ လည္ပင္းအရစ္ေတြ ပိုမ်ားလာတာ စတာေတြ ႀကံဳလာ ရႏိုင္တယ္လို႔ ဆိုပါတယ္ ။ လွ်ပ္စစ္ပစၥည္းေလးေတြကိုနာရီေပါင္းမ်ားစြာၾကာေအာင္ကိုင္တြယ္ၿပီး ငံု႔သံုးေနတဲ့သူေတြကနဖူး မွာအတြန္႔အေခါက္ေတြပိုမ်ားၿပီး၊ အခ်ိန္အၾကာႀကီး ငံု႔ၿပီးသံုးေနတာၾကာလာတဲ့အခါလည္ပင္း၊ ခါးနဲ႔၊ ပုခံုးနာတာေတြအျပင္၊ ေခါင္းကိုက္လက္ေတြထံုက်ဥ္တာ၊ လက္၊ တံေတာင္နဲ႔ လက္ေကာက္၀တ္ေတြ နာက်င္တာကိုခံစားရႏိုင္ပါတယ္။Internet and Mobile Association of India (IAMAI) က ျပဳလုပ္ခဲ့တဲ့တင္ျပခ်က္အရ ယခုလမွာအိႏၵိယ၌မိုဘိုင္းဖုန္းျဖင့္အင္တာနက္သံုးစြဲသူဦးေရ ၃၇၁ သန္းခန္႔ ႐ွိမယ္လို႔ ဆုိပါတယ္။
ယင္းအထဲမွာ ၄၀% ကေတာ့အသက္ ၁၉ ႏွစ္ကေန ၃၀ႏွစ္ၾကား ႐ွိမယ္လို႔ ဆိုပါတယ္။ ကြၽမ္းက်င္သူေတြကမၾကာခဏ ေ႐ွ႕ကိုကုန္း၍ ေနထိုင္ျခင္းက လည္ဆစ္႐ိုးမ်ား၊ အ႐ြတ္မ်ား ၊ အဆစ္ ဆက္မ်ား၏ ေကြးေၾကာင္းမ်ား၊ ၾကြက္သားမ်ားတြင္ပံုစံေျပာင္းလဲမႈမ်ား ျဖစ္ေစႏိုင္တယ္လို႔သတိေပးခဲ့ပါတယ္။ ဒါ့အျပင္လူအမ်ားစုက ယင္းလွ်ပ္စစ္ပစၥည္း ေလးေတြအလြန္အကြၽံသံုးျခင္းကသူတို႔ရဲ႕ လည္ပင္း႐ိုးေတြ အေရျပား ေတြမွာဆိုးက်ိဳးေတြျဖစ္ေစတာကိုသတိမထားမိတတ္ၾကပါဘူး။ အ၀ လြန္တဲ့သူေတြမွာေတာ့ ဆိုးက်ိဳးေတြပိုႀကံဳရႏိုင္တဲ့အတြက္ပိုၿပီး ဂ႐ုစိုက္ သင့္ပါတယ္။
စမတ္ဖုန္းေတြကိုအလြန္အကြၽံသံုးတဲ့အခါလည္ပင္း ၾကြက္သားေတြတိုလာၿပီး အေရျပား အေပၚမွ တင္းအားေတြပိုမိုသက္ေရာက္ကာၾကာလာေတာ့အေရျပား ေလ်ာ့ရဲလာတာ၊ ေမးႏွစ္ထပ္ျဖစ္တာ၊ ေမး႐ိုးပါးစံုေတြ တြဲလာတာစသည့္လကၡဏာေတြေတြ႕ရၿပီး ယင္း အသြင္အျပင္ကိုေဆးပညာအားျဖင့္ smartphone face လို႔ေခၚပါတယ္။
Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယခုခေတ်မှာတစ်ကိုယ်ရည်သုံး လျှပ်စစ်ပစ္စည်းလေးတွေဖြစ်တဲ့စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ သီချင်းဖွင့်စက်တွေစတာတွေကဈေးကွက်မှာအလွန်တရာမှပေါများ လှပါတယ်။ ယင်းလျှပ်စစ်ပစ္စည်းလေး တွေကိုအလွန်အကျွံသုံးခြင်းအားဖြင့် အသက်အရွယ် အိုမင်းလာချိန် မှာကြုံရနိုင်တဲ့ လက္ခဏာတွေ ကိုကြိုတင်ကြုံရနိုင်တယ်လို့ကျန်းမာရေး အထူးကျွမ်းကျင်သူတွေကအကြံပြုခဲ့ပါတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ tech neck ရဲ့လက္ခဏာတွေကနေအရေပြားတွေလျော့ရဲလာတာ၊ ပါးစုံတွေတွဲကျလာတာ၊ ညှပ်ရိုး အပေါ် အရေပြားတွေတွန့်ခေါက်လာတာ၊ မျက်တွင်းတွေပိုချိုင့်လာတာ၊ မျက်ရည်အိတ်တွေပိုတွဲလာတာ၊ လည်ပင်းအရစ်တွေ ပိုများလာတာ စတာတွေ ကြုံလာ ရနိုင်တယ်လို့ ဆိုပါတယ် ။ လျှပ်စစ်ပစ္စည်းလေးတွေကိုနာရီပေါင်းများစွာကြာအောင်ကိုင်တွယ်ပြီး ငုံ့သုံးနေတဲ့သူတွေကနဖူး မှာအတွန့်အခေါက်တွေပိုများပြီး၊ အချိန်အကြာကြီး ငုံ့ပြီးသုံးနေတာကြာလာတဲ့အခါလည်ပင်း၊ ခါးနဲ့၊ ပုခုံးနာတာတွေအပြင်၊ ခေါင်းကိုက်လက်တွေထုံကျဉ်တာ၊ လက်၊ တံတောင်နဲ့ လက်ကောက်ဝတ်တွေ နာကျင်တာကိုခံစားရနိုင်ပါတယ်။Internet and Mobile Association of India (IAMAI) က ပြုလုပ်ခဲ့တဲ့တင်ပြချက်အရ ယခုလမှာအိန္ဒိယ၌မိုဘိုင်းဖုန်းဖြင့်အင်တာနက်သုံးစွဲသူဦးရေ ၃၇၁ သန်းခန့် ရှိမယ်လို့ ဆိုပါတယ်။
ယင်းအထဲမှာ ၄၀% ကတော့အသက် ၁၉ နှစ်ကနေ ၃၀နှစ်ကြား ရှိမယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကမကြာခဏ ရှေ့ကိုကုန်း၍ နေထိုင်ခြင်းက လည်ဆစ်ရိုးများ၊ အရွတ်များ ၊ အဆစ် ဆက်များ၏ ကွေးကြောင်းများ၊ ကြွက်သားများတွင်ပုံစံပြောင်းလဲမှုများ ဖြစ်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ ဒါ့အပြင်လူအများစုက ယင်းလျှပ်စစ်ပစ္စည်း လေးတွေအလွန်အကျွံသုံးခြင်းကသူတို့ရဲ့ လည်ပင်းရိုးတွေ အရေပြား တွေမှာဆိုးကျိုးတွေဖြစ်စေတာကိုသတိမထားမိတတ်ကြပါဘူး။ အ၀ လွန်တဲ့သူတွေမှာတော့ ဆိုးကျိုးတွေပိုကြုံရနိုင်တဲ့အတွက်ပိုပြီး ဂရုစိုက် သင့်ပါတယ်။
စမတ်ဖုန်းတွေကိုအလွန်အကျွံသုံးတဲ့အခါလည်ပင်း ကြွက်သားတွေတိုလာပြီး အရေပြား အပေါ်မှ တင်းအားတွေပိုမိုသက်ရောက်ကာကြာလာတော့အရေပြား လျော့ရဲလာတာ၊ မေးနှစ်ထပ်ဖြစ်တာ၊ မေးရိုးပါးစုံတွေ တွဲလာတာစသည့်လက္ခဏာတွေတွေ့ရပြီး ယင်း အသွင်အပြင်ကိုဆေးပညာအားဖြင့် smartphone face လို့ခေါ်ပါတယ်။
Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
အေထြေထြ
» တစ္ကိုယ္ရည္သံုး လွ်ပ္စစ္ပစၥည္းေတြက အ႐ြယ္မတိုင္မီရင့္ေရာ္မႈပိုျဖစ္ေစ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။