လူအမ်ားသည္ က်န္းမာေရးေနာက္ေၾကာင္းရာဇ၀င္ မသိသူ ႏွင့္ လိင္ဆက္ဆံမႈသာ
အေလးထားေလ့ရွိၿပီး ႏႈတ္ခမ္းျခင္း အနမ္း ေပးျခင္းမွ ကူးစက္ႏိုင္ေသာ
ေရာဂါမ်ားအႏၲရာယ္ကို သတိထားမႈ နည္းပါးေလ့ရွိသည္။ က်န္းမာေရးမေကာင္းသူႏွင့္
အနမ္းမေပးမီ အလားတူ သတိ ထားမႈမ်ိဳးရွိရန္ လိုအပ္သည္။
တုပ္ေကြးေရာဂါသည္ ေရာဂါရွိသူမွတစ္ဆင့္ ကူးစက္ႏိုင္ၿပီး တံေတြး (သို႔မဟုတ္)
ခြၽဲသလိပ္မွတစ္ဆင့္ ကူးစက္ႏိုင္သည္။ ယင္း ေရာဂါသည္ အမ်ားအားျဖင့္
ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္း (သို႔မ ဟုတ္) အနမ္းေပးျခင္းမွတစ္ဆင့္
ကူးစက္ႏိုင္သည္။ ေရာဂါလကၡဏာမ်ားတြင္ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း၊
ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ အဖ်ားတက္ျခင္းတို႔ပါ၀င္ သည္။
ေရယုန္သည္လည္း အနမ္းေပးျခင္းမွတစ္ဆင့္ ကူးစက္ႏိုင္ၿပီး ခံတြင္းတစ္၀ိုက္
နာက်င္ႏိုင္သည္။
ဆစ္ဖလစ္ေရာဂါသည္ အနမ္းေပးျခင္း၊ လိင္ပိုင္းဆိုင္ရာ အျပဳ အမူမွတစ္ဆင့္
ကူးစက္ႏိုင္ၿပီး ခံတြင္းနာက်င္မႈျဖစ္ႏိုင္သည္။ သို႔ ေသာ္ ယင္းေရာဂါကို
ပဋိဇီ၀ေဆးမ်ားျဖင့္ ထိန္းခ်ဳပ္ႏိုင္သည္။
ဗက္တီးရီးယားေၾကာင့္ျဖစ္ေသာ ဦးေႏွာက္အေမွးပါးေရာင္ ေရာဂါသည္
အနမ္းေပးျခင္းမွတစ္ဆင့္ ကူးစက္ႏိုင္ျခင္း၊ အေအးမိ ျခင္း၊
တုပ္ေကြးျဖစ္ျခင္းႏွင့္ ၀က္သက္ေရာဂါတို႔သည္ ေရာဂါရွိသူႏွင့္
တစ္ခန္းတည္းအတူေန႐ံုျဖင့္ ကူးစက္ႏိုင္သည္။ ေရာဂါရွိသူႏွင့္ အနမ္းေပးမိပါက
ကူးစက္ႏိုင္သည့္ အႏၲရာယ္ပိုမိုျမင့္မားသည္။ သြားဖံုးေရာဂါမ်ားသည္
အနမ္းေပးျခင္းမွတစ္ဆင့္ မကူးစက္ ႏိိုင္ေသာ္လည္း
ဗက္တီးရီးယားမ်ား၀င္ေရာက္ျခင္းေၾကာင့္ ယင္း ေရာဂါျဖစ္ပြားႏိုင္သည္။
ထို႔အျပင္ သြားေရာဂါမ်ားသည္ အနမ္းေပးျခင္းမွတစ္ဆင့္ ဗက္တီးရီးယားမ်ား
၀င္ေရာက္ကာ ကူးစက္ႏိုင္သည္။
Credit : 7day daily
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူအများသည် ကျန်းမာရေးနောက်ကြောင်းရာဇဝင် မသိသူ နှင့် လိင်ဆက်ဆံမှုသာ
အလေးထားလေ့ရှိပြီး နှုတ်ခမ်းခြင်း အနမ်း ပေးခြင်းမှ ကူးစက်နိုင်သော
ရောဂါများအန္တရာယ်ကို သတိထားမှု နည်းပါးလေ့ရှိသည်။
ကျန်းမာရေးမကောင်းသူနှင့် အနမ်းမပေးမီ အလားတူ သတိ ထားမှုမျိုးရှိရန်
လိုအပ်သည်။
တုပ်ကွေးရောဂါသည် ရောဂါရှိသူမှတစ်ဆင့် ကူးစက်နိုင်ပြီး
တံတွေး (သို့မဟုတ်) ချွဲသလိပ်မှတစ်ဆင့် ကူးစက်နိုင်သည်။ ယင်း ရောဂါသည်
အများအားဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း (သို့မ ဟုတ်)
အနမ်းပေးခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ရောဂါလက္ခဏာများတွင်
ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
လည်ချောင်းနာခြင်းနှင့် အဖျားတက်ခြင်းတို့ပါဝင် သည်။ ရေယုန်သည်လည်း
အနမ်းပေးခြင်းမှတစ်ဆင့် ကူးစက်နိုင်ပြီး ခံတွင်းတစ်ဝိုက် နာကျင်နိုင်သည်။
ဆစ်ဖလစ်ရောဂါသည်
အနမ်းပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ အပြု အမူမှတစ်ဆင့် ကူးစက်နိုင်ပြီး
ခံတွင်းနာကျင်မှုဖြစ်နိုင်သည်။ သို့ သော် ယင်းရောဂါကို ပဋိဇီဝဆေးများဖြင့်
ထိန်းချုပ်နိုင်သည်။
ဗက်တီးရီးယားကြောင့်ဖြစ်သော
ဦးနှောက်အမှေးပါးရောင် ရောဂါသည် အနမ်းပေးခြင်းမှတစ်ဆင့် ကူးစက်နိုင်ခြင်း၊
အအေးမိ ခြင်း၊ တုပ်ကွေးဖြစ်ခြင်းနှင့် ဝက်သက်ရောဂါတို့သည် ရောဂါရှိသူနှင့်
တစ်ခန်းတည်းအတူနေရုံဖြင့် ကူးစက်နိုင်သည်။ ရောဂါရှိသူနှင့် အနမ်းပေးမိပါက
ကူးစက်နိုင်သည့် အန္တရာယ်ပိုမိုမြင့်မားသည်။ သွားဖုံးရောဂါများသည်
အနမ်းပေးခြင်းမှတစ်ဆင့် မကူးစက် နိုင်သော်လည်း
ဗက်တီးရီးယားများဝင်ရောက်ခြင်းကြောင့် ယင်း ရောဂါဖြစ်ပွားနိုင်သည်။
ထို့အပြင် သွားရောဂါများသည် အနမ်းပေးခြင်းမှတစ်ဆင့် ဗက်တီးရီးယားများ
ဝင်ရောက်ကာ ကူးစက်နိုင်သည်။
Credit : 7day daily
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ႏွစ္ကိုယ္ခ်င္း အနမ္းေပးခါနီး သတိျပဳရန္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။