လူအမ်ားအျပာရွိတဲ့ ေနရာတစ္ခုမွာ ကိုယ့္ကိုလ်စ္လ်ဴရႈျပီး အားလံုးက တျခားတစ္ေယာက္ကို အေလးထား၊ ဂရုစိုက္ေနတာမ်ိဳး ဘယ္သူက လုိခ်င္မွာလဲ။ ဒါေပမယ့္ ခုေျပာျပမယ့္ ရာသီခြင္ (၅)မ်ိဳးကေတာ့ သူမ်ားေတြထက္ကို သူတုိ႕ကို အာရံုစိုက္တာ ပိုလိုခ်င္ၾကျပီး ဘယ္ေနရာသြားသြား မ်က္ႏွာပြင့္ကာ ပတ္၀န္းက်င္ရဲ႕ သတိျပဳအေလးထားတာကို လိုခ်င္တတ္ၾကသူေတြပါ။ အဲ့ဒါဘယ္ရာသီခြင္ ေတြလဲ ၾကည့္လုိက္ၾကရေအာင္။
Aries - မိႆ ရာသီဖြား (မတ္လ ၂၁ ရက္ - ဧၿပီလ ၁၉ ရက္)
ဘယ္သူကမွ မိႆ ရာသီဖြားေတြေလာက္ ယံုၾကည္မႈရွိရွိေနတတ္တဲ့လူမ်ိဳး ေတြ႕ဖူးမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္လည္း တစ္ေနရာရာေရာက္တဲ့အခါတုိင္း သူတုိ႕က နာမည္ၾကီးေနတတ္တာပါ။ သင္က မိႆ ရာသီဖြား ဘယ္သူမွန္းမသိဘူးဆုိရင္ သူတုိ႕ကိုရွာဖုိ႕က လြယ္လြယ္ေလးပါ။ ေဘးဘက္၀ဲယာကို တစ္ခ်က္ေလာက္ပဲ ၾကည့္လိုက္၊ ေဘးနားမွာ အေပါင္းအေဖာ္ေတြနဲ႕၊ စမတ္က်က် ေျခလွမ္းေတြေတြ နင္းေလ်ွာက္ျပီး သင့္နားက ျဖတ္သြားတဲ့ သူတစ္ေယာက္ပါပဲ။ အျခားလူေတြကလည္း သူ႕ကိုပဲ ၾကည့္ေနၾကပါလိမ့္မယ္။
အမွန္ေတာ့ ဒီရာသီဖြားေတြက လူေတြရဲ႕အာရံုစိုက္တာကို ရွာေဖြေနစရာလိုတဲ့သူေတြ မဟုတ္ၾကပါဘူး။ ဘာလုိ႕လဲဆုိေတာ့ သူတုိ႕ကိုယ္တုိင္ကိုက အားလံုးၾကားမွာ အျမဲေတာက္ပေနျပီးသား ျဖစ္ေနလုိ႕ပါ။ ဒါေပမယ့္ သူတုိ႕ကလည္း သူတုိ႕ကို အာရံုမစိုက္မွာ သိပ္ကိုစိုးရိမ္တတ္ၾကတဲ့သူေတြမုိ႕ လူေတြပိုလုိ႕ပိုလို႕ အာရံုစိုက္ေငးေမာေအာင္ လုပ္ေဆာင္တတ္ၾကပါတယ္။
Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )
ေမထုန္ရာသီဖြားေတြဟာ ဆုိရွယ္က်ျပီး သူငယ္ခ်င္းေတြ အေပါင္းအသင္းေတြနဲ႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေန ရတာကို သေဘာက်ၾကသူေတြပါ။ ပါတီပြဲတစ္ခုမွာ ေမထုန္ရာသီဖြားက ဘယ္သူမွန္းမသိဘူးဆုိရင္ သူငယ္ခ်င္းေတြနဲ႕ အဖြဲ႕က်ျပီး စကားေတြေျပာေနတဲ့ သူဟာေမထုန္ရာသီဖြားပါပဲ။ သူတုိ႕ရဲ႕ မိတ္ေဆြသစ္ ဖြဲ႕ႏိုင္ျခင္း စြမ္းရည္က အိမ္သာ၀င္ဖုိ႕ ေစာင့္ေနရင္းေတာင္ အိမ္သာအျပင္ဘက္က တန္းစီေနတဲ့သူေတြနဲ႕ အဖြဲ႕က်သြားတဲ့အထိပါပဲ။
ေမထုန္ရာသီဖြားေတြဟာ သူတုိ႕ဘယ္ေလာက္ပဲ လူေတြက အာရံုစိုက္စိုက္ ဒါကို လံုေလာက္တယ္လို႕ မထင္တတ္ၾကပါဘူး။ တျခားလူေတြရဲ႕ အာရံုစိုက္အသိအမွတ္ျပဳတာကို ထပ္လိုခ်င္တတ္ၾကသူေတြပါ။ တကယ္ေတာ့ သူတုိ႕ဟာ လက္ရွိအေနအထားနဲ႕တင္ ေတာ္ေတာ္ေလး ျပည့္စံုေန သူေတြသာ ျဖစ္ပါတယ္။
Leo - သိဟ္ ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ - ၾသဂုတ္လ ၂၂ ရက္ )
သိဟ္ရာသီဖြားေတြကေတာ့ Drama King၊ Drama Queen ေတြလို႕ဆုိရေလာက္ေအာင္ကို လူေတြ အာရံုစိုက္မစိုက္ေအာင္ လုပ္တတ္သူေတြပါ။ ဒီေတာ့ သင္က သိဟ္ရာသီဖြားကို သတိမထားမိဘူး၊ အာရံုမစိုက္မိဘူးဆုိရင္ သူတုိ႕က သူတုိ႕ကို သတိထားမိေအာင္ စြမ္းေဆာင္ပါလိမ့္မယ္။
တစ္ေနရာရာသြားရင္ သူတုိ႕ဒီေနရာမွာရွိေနတယ္ဆုိတာကို လူေတြသိေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႕ အသိေပးတတ္ပါတယ္။ လူေတြသူတုိ႕ကို ေငးၾကည့္တာ၊ ၀ိုင္းၾကည့္တာမ်ိဳးကိုလည္း သူတုိ႕ခံခ်င္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ တစ္နည္းနည္းနဲ႕ေတာ့ လူၾကည့္ခံရေအာင္ လုပ္ဦးမွာပါ။
Scorpio - ၿဗိစာၦရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ - ႏို၀င္ဘာလ ၂၁ ရက္ )
ၿဗိစာၦရာသီဖြားေတြနဲ႕ သင့္ရဲ႕ဆက္ဆံေရးအေျခအေနေပၚ မူတည္ျပီး သူက အရမ္းေကာင္းတာ၊ တစ္ခါတစ္ေလ ေတာ္ေတာ္ေလး ရန္လုိတတ္တာမ်ိဳးေတြ ၾကံဳရႏိုင္ပါတယ္။ သူက ပံုေသတစ္နည္းတည္း ေတာ့ သင့္ကို ဆက္ဆံေနမွာ မဟုတ္ပါဘူး။ သူ႕ပံုစံကိုက လူေတြရဲ႕အာရံုစိုက္မႈကို တစ္နည္းနည္းနဲ႕ရေအာင္ လုပ္မယ္ဆုိတဲ့စိတ္မ်ိဳး ရွိေနတာကိုး။
ဒီရာသီဖြားေတြဟာ သူတုိ႕ကို တျခားလူေတြရဲ႕ စိတ္ထဲ တစ္နည္းနည္းရွိေနေအာင္ ၾကိဳးစားတတ္ၾကပါတယ္။ သူငယ္ခ်င္းဆုိလည္း သူငယ္ခ်င္းေတြထဲမွာ သူ႕ကိုပိုခင္ေအာင္၊ သူစိမ္းဆုိရင္ေတာင္ သူ႕ကို သတိထားမိသြားေအာင္ လုပ္တတ္တာမ်ိဳးေပါ့။ ဒါ့ေၾကာင့္ လူေတြအာရံုစိုက္ ေအာင္ အတင္းၾကီးမလုပ္ယူေပမယ့္ လူေတြရဲ႕စိတ္ထဲသူရွိေနအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာကိုေတာ့ အျမဲၾကိဳးစားအားထုတ္ၾကေလ့ရွိပါတယ္။
Sagittarius – ဓႏုရာသီဖြား ( ႏို၀င္ဘာလ ၂၂ ရက္ - ဒီဇင္ဘာလ ၂၁ ရက္ )
ဓႏုရာသီဖြားေတြက်ေတာ့ အထူးတလည္ မၾကိဳးစားရပဲနဲ႕ စိတ္လႈပ္ရွားရင္ခုန္စရာေကာင္းတဲ့ ဘ၀မ်ိဳးေတြကို ဦးေဆာင္ေနၾကသူေတြပါ။ တစ္ခါတစ္ေလ အထူးအဆန္းေတြ၊ လူေတြမေတြးထင္ထားတဲ့ အရာေတြ လုပ္ေဆာင္လိုက္ျခင္းနဲ႕ အားလံုးရဲ႕အာရံုစိုက္သတိျပဳျခင္းကို ခံလာရပါတယ္။
ဒီလိုနဲ႕ပဲ သူဟာ လူေတြၾကားေပၚျပဴလာျဖစ္လာတယ္လို႕ ဆုိရပါလိမ့္မယ္။ သူနဲ႕အတူရွိခ်ိန္ေတြမွာေတာ့ သင္ကိုယ္တုိင္ စိတ္လႈပ္ရွားရင္ခုန္စရာေတြ ၾကံဳေနရတတ္ပါတယ္။ ဓႏုရာသီဖြားေတြဟာ လူေတြ အာရံုစိုက္ခံခ်င္တာထက္ လူေတြရဲ႕အခ်စ္ခံခ်င္တာက ပိုမ်ားပါတယ္။
Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
လူအများအပြာရှိတဲ့ နေရာတစ်ခုမှာ ကိုယ့်ကိုလျစ်လျူရှုပြီး အားလုံးက တခြားတစ်ယောက်ကို အလေးထား၊ ဂရုစိုက်နေတာမျိုး ဘယ်သူက လိုချင်မှာလဲ။ ဒါပေမယ့် ခုပြောပြမယ့် ရာသီခွင် (၅)မျိုးကတော့ သူများတွေထက်ကို သူတို့ကို အာရုံစိုက်တာ ပိုလိုချင်ကြပြီး ဘယ်နေရာသွားသွား မျက်နှာပွင့်ကာ ပတ်ဝန်းကျင်ရဲ့ သတိပြုအလေးထားတာကို လိုချင်တတ်ကြသူတွေပါ။ အဲ့ဒါဘယ်ရာသီခွင် တွေလဲ ကြည့်လိုက်ကြရအောင်။
Aries - မိဿ ရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)
ဘယ်သူကမှ မိဿ ရာသီဖွားတွေလောက် ယုံကြည်မှုရှိရှိနေတတ်တဲ့လူမျိုး တွေ့ဖူးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း တစ်နေရာရာရောက်တဲ့အခါတိုင်း သူတို့က နာမည်ကြီးနေတတ်တာပါ။ သင်က မိဿ ရာသီဖွား ဘယ်သူမှန်းမသိဘူးဆိုရင် သူတို့ကိုရှာဖို့က လွယ်လွယ်လေးပါ။ ဘေးဘက်ဝဲယာကို တစ်ချက်လောက်ပဲ ကြည့်လိုက်၊ ဘေးနားမှာ အပေါင်းအဖော်တွေနဲ့၊ စမတ်ကျကျ ခြေလှမ်းတွေတွေ နင်းလျှောက်ပြီး သင့်နားက ဖြတ်သွားတဲ့ သူတစ်ယောက်ပါပဲ။ အခြားလူတွေကလည်း သူ့ကိုပဲ ကြည့်နေကြပါလိမ့်မယ်။
အမှန်တော့ ဒီရာသီဖွားတွေက လူတွေရဲ့အာရုံစိုက်တာကို ရှာဖွေနေစရာလိုတဲ့သူတွေ မဟုတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကိုက အားလုံးကြားမှာ အမြဲတောက်ပနေပြီးသား ဖြစ်နေလို့ပါ။ ဒါပေမယ့် သူတို့ကလည်း သူတို့ကို အာရုံမစိုက်မှာ သိပ်ကိုစိုးရိမ်တတ်ကြတဲ့သူတွေမို့ လူတွေပိုလို့ပိုလို့ အာရုံစိုက်ငေးမောအောင် လုပ်ဆောင်တတ်ကြပါတယ်။
Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )
မေထုန်ရာသီဖွားတွေဟာ ဆိုရှယ်ကျပြီး သူငယ်ချင်းတွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေ ရတာကို သဘောကျကြသူတွေပါ။ ပါတီပွဲတစ်ခုမှာ မေထုန်ရာသီဖွားက ဘယ်သူမှန်းမသိဘူးဆိုရင် သူငယ်ချင်းတွေနဲ့ အဖွဲ့ကျပြီး စကားတွေပြောနေတဲ့ သူဟာမေထုန်ရာသီဖွားပါပဲ။ သူတို့ရဲ့ မိတ်ဆွေသစ် ဖွဲ့နိုင်ခြင်း စွမ်းရည်က အိမ်သာဝင်ဖို့ စောင့်နေရင်းတောင် အိမ်သာအပြင်ဘက်က တန်းစီနေတဲ့သူတွေနဲ့ အဖွဲ့ကျသွားတဲ့အထိပါပဲ။
မေထုန်ရာသီဖွားတွေဟာ သူတို့ဘယ်လောက်ပဲ လူတွေက အာရုံစိုက်စိုက် ဒါကို လုံလောက်တယ်လို့ မထင်တတ်ကြပါဘူး။ တခြားလူတွေရဲ့ အာရုံစိုက်အသိအမှတ်ပြုတာကို ထပ်လိုချင်တတ်ကြသူတွေပါ။ တကယ်တော့ သူတို့ဟာ လက်ရှိအနေအထားနဲ့တင် တော်တော်လေး ပြည့်စုံနေ သူတွေသာ ဖြစ်ပါတယ်။
Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )
သိဟ်ရာသီဖွားတွေကတော့ Drama King၊ Drama Queen တွေလို့ဆိုရလောက်အောင်ကို လူတွေ အာရုံစိုက်မစိုက်အောင် လုပ်တတ်သူတွေပါ။ ဒီတော့ သင်က သိဟ်ရာသီဖွားကို သတိမထားမိဘူး၊ အာရုံမစိုက်မိဘူးဆိုရင် သူတို့က သူတို့ကို သတိထားမိအောင် စွမ်းဆောင်ပါလိမ့်မယ်။
တစ်နေရာရာသွားရင် သူတို့ဒီနေရာမှာရှိနေတယ်ဆိုတာကို လူတွေသိအောင် နည်းအမျိုးမျိုးနဲ့ အသိပေးတတ်ပါတယ်။ လူတွေသူတို့ကို ငေးကြည့်တာ၊ ဝိုင်းကြည့်တာမျိုးကိုလည်း သူတို့ခံချင်တတ်ကြပါတယ်။ ဒါ့ကြောင့် တစ်နည်းနည်းနဲ့တော့ လူကြည့်ခံရအောင် လုပ်ဦးမှာပါ။
Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
ဗြိစ္ဆာရာသီဖွားတွေနဲ့ သင့်ရဲ့ဆက်ဆံရေးအခြေအနေပေါ် မူတည်ပြီး သူက အရမ်းကောင်းတာ၊ တစ်ခါတစ်လေ တော်တော်လေး ရန်လိုတတ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ သူက ပုံသေတစ်နည်းတည်း တော့ သင့်ကို ဆက်ဆံနေမှာ မဟုတ်ပါဘူး။ သူ့ပုံစံကိုက လူတွေရဲ့အာရုံစိုက်မှုကို တစ်နည်းနည်းနဲ့ရအောင် လုပ်မယ်ဆိုတဲ့စိတ်မျိုး ရှိနေတာကိုး။
ဒီရာသီဖွားတွေဟာ သူတို့ကို တခြားလူတွေရဲ့ စိတ်ထဲ တစ်နည်းနည်းရှိနေအောင် ကြိုးစားတတ်ကြပါတယ်။ သူငယ်ချင်းဆိုလည်း သူငယ်ချင်းတွေထဲမှာ သူ့ကိုပိုခင်အောင်၊ သူစိမ်းဆိုရင်တောင် သူ့ကို သတိထားမိသွားအောင် လုပ်တတ်တာမျိုးပေါ့။ ဒါ့ကြောင့် လူတွေအာရုံစိုက် အောင် အတင်းကြီးမလုပ်ယူပေမယ့် လူတွေရဲ့စိတ်ထဲသူရှိနေအာင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတော့ အမြဲကြိုးစားအားထုတ်ကြလေ့ရှိပါတယ်။
Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ဓနုရာသီဖွားတွေကျတော့ အထူးတလည် မကြိုးစားရပဲနဲ့ စိတ်လှုပ်ရှားရင်ခုန်စရာကောင်းတဲ့ ဘဝမျိုးတွေကို ဦးဆောင်နေကြသူတွေပါ။ တစ်ခါတစ်လေ အထူးအဆန်းတွေ၊ လူတွေမတွေးထင်ထားတဲ့ အရာတွေ လုပ်ဆောင်လိုက်ခြင်းနဲ့ အားလုံးရဲ့အာရုံစိုက်သတိပြုခြင်းကို ခံလာရပါတယ်။
ဒီလိုနဲ့ပဲ သူဟာ လူတွေကြားပေါ်ပြူလာဖြစ်လာတယ်လို့ ဆိုရပါလိမ့်မယ်။ သူနဲ့အတူရှိချိန်တွေမှာတော့ သင်ကိုယ်တိုင် စိတ်လှုပ်ရှားရင်ခုန်စရာတွေ ကြုံနေရတတ်ပါတယ်။ ဓနုရာသီဖွားတွေဟာ လူတွေ အာရုံစိုက်ခံချင်တာထက် လူတွေရဲ့အချစ်ခံချင်တာက ပိုများပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...