iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးမ်ားကုိ ပုိျပီး ဆြဲေဆာင္ႏုိင္ေစရန္ ရွိသင့္တဲ့ အခ်က္ေတြလုိ႕ ကၽြန္ေတာ္တုိ႕ ယူဆထားတဲ့ အခ်က္ေတြရွိပါတယ္။ဥပမာ အားျဖင့္ ပုိက္ဆံရွိရမယ္ေပါ့။မိန္းကေလးအားလုံးေတာ့ မဟုတ္ေပမဲ့ အမ်ားစုကေတာ့ ပုိက္ဆံရွိတဲ့ ေယာက္ကၤ်ားေလးကုိ နွစ္သက္ေလ့ရွိၾကပါတယ္။ဒုတိယအေနနဲ႕ကေတာ့ ရုပ္ေခ်ာရမယ္ဆုိတဲ့ အခ်က္ပါပဲ။ဒါေတြကေတာ့ လူတုိင္းသိၾကတဲ့ ေယဘုယ်အခ်က္ေတြ။ဒါေပမဲ့ သင့္မွာ ဒီလုိအခ်က္ေတြမရွိဘူး။ဒါေပမဲ့ မိန္းကေလးေတြကုိ ပုိျပီးဆြဲေဆာင္ႏုိင္ေစဖို႕ ၾကဳိးစားခ်င္ေသးတယ္ ဆုိရင္ေတာ့ အသုံး၀င္မဲ့ ေယဘုယ် အခ်က္ေလးေတြ ကိုေဖာ္ျပ လုိက္ပါတယ္။

၁။မတ္မတ္ေနပါ။

ခၽြင္းခ်က္ေတြရွိေနေပမဲ့ ေယာကၤ်ားေလးဆုိတာ သဘာ၀အားျဖင့္ကုိ မိန္းကေလးမ်ားအတြက္ မွီခုိစရာ ျဖစ္ပါတယ္။သင္ပုံစံက ေပ်ာ့ေတာ့ေတာ့နဲ႕ ေက်ာရုိးမရွိသလုိပုံစံ ျဖစ္ေနမယ္ဆုိရင္ေတာ့ မိန္းကေလးမ်ားရဲ႕ စိတ္ထဲကကုိက ၾကဳိက္ႏွစ္သက္ေတာ့မွာ မဟုတ္ပါဘူး။ဒါေၾကာင့္ လမ္းေလွ်ာက္ရင္ ခါးမတ္မတ္ထားျပီးေလွ်ာက္ပါ။ထုိင္ရင္လည္း ခါးမတ္မတ္ထားျပီးထုိင္ၾကည့္ပါ။

၂။အ၀တ္အစားသပ္ရပ္စြာ၀တ္ပါ။

ေတာင္းမွာအကြပ္ လူမွအ၀တ္ဆုိတဲ့ စကားရွိပါတယ္။ဘယ္ေလာက္ပဲ လူပုံစံက ဆုိးေနပါေစ အ၀တ္အစားသပ္သပ္ရပ္ရပ္ေလး ၀တ္လုိက္ရင္ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိပါတယ္။ဒါေပမဲ့ ဘယ္အရာပဲ ျဖစ္ျဖစ္ တရားလြန္ေတာ့ မေကာင္းဘူးေပါ့။အ၀တ္အစားေကာင္းေကာင္း ၀တ္ရင္ ေစာ္ၾကည္တယ္ဟ ဆုိျပီး မ်က္စိေႏွာက္ေလာက္ေအာင္ကုိ ၀တ္စားလာရင္ေတာ့ သင့္အေနနဲ႕ ဆန္႕က်င္ဘက္အက်ဳိးကုိသာ ရမွာ ျဖစ္ပါတယ္။

၃။ေရပုံမွန္ခ်ဳိးျပီး ဆံပင္ေကကုိ ဂရုစုိက္ပါ။

ဆံပင္ဆုိတာ သင့္ရဲ႕ ဒုတိယ မ်က္ႏွာပါပဲ။ဒါေၾကာင့္ သင့္အေနနဲ႕ ဆံပင္စတုိင္ကုိ ေသခ်ာဂရုစုိက္ဖို႕ လုိအပ္ပါတယ္။ေရပုံမွန္ခ်ဳိးတာကေတာ့ သန္႕ရွင္းသပ္ရပ္မႈ အျပင္ က်န္းမာေရးအတြက္လည္း အက်ဳိးရွိပါတယ္။


၄။ပထမဆုံးလႈပ္ရွားပါ။

အားလုံးသိၾကမွာပါ။မိန္ကေလးတစ္ေယာက္ကုိ ပုိးပန္းတဲ့ ေနရာမွာ လက္ေနွးရင္ ခြက္ေဆးရမွာပါ။ဒီေတာ့ ေၾကာက္တာ လန္႕တာေတြကုိအသာထားျပီး မိန္းကေလးတစ္ေယာက္ကုိ စ စကားေျပာတာတုိ႕၊ဒိတ္ဖုိ႕ခ်ိန္းတာတုိ႕ကုိ သင့္ဘက္က အရင္စလုပ္ပါ။ဒီလုိျပဳလုပ္ျခင္းဟာ ကုိယ္ကုိ႕ကုိယ္ ယုံၾကည္မႈ ရွိျခင္းနဲ႕ ေခါင္းေဆာင္ႏုိင္စြမ္းကုိ ျပသေနျပီး ဒီအရည္အခ်င္းမ်ားကုိ မိန္းကေလးမ်ားက သေဘာက်ၾကပါတယ္။

၅။အေကာင္းျမင္တဲ့ စိတ္ေမြးပါ။

ရုပ္ရွင္မင္းသား အာႏုိးက ” ေအာင္ျမင္မႈအတြက္ လွ်ဳိ႕၀ွက္ခ်က္တစ္ခုက သင့္ရဲ႕စိတ္ဟာ သင့္အတြက္ အလုပ္လုပ္ေနဖုိ႕ပါပဲ။သင့္ကုိ ဆန္႕က်င္ေနရင္ေတာ့ သင္လည္းေအာင္ျမင္မွာ မဟုတ္ပါဘူး ” လုိ႕ေျပာခဲ့ဖူးပါတယ္။ဒါဟာတကယ္ေတာ့ အမွန္ပါပဲ။မိန္းကေလးတစ္ေယာက္ကုိ ပုိးပန္းတဲ့ ေနရာမွာသာမက ဘ၀ရဲ႕ တျခားေသာကိစၥေတြမွာလည္း သင့္စိတ္က သင့္ကုိမဆန္႕က်င္ပါေစနဲ႕။အေကာင္းျမင္တဲ့ စိတ္ေမြးထားပါ။သင့္စိတ္က သင့္ကုိ စျပီး ဆန္႕က်င္ေနတယ္ဆုိရင္ေတာ့ သင္တစ္၀က္ရႈံးေနပါျပီ။ဒါေၾကာင့္ ဒီမိန္းကေလးက ငါ့ကုိ စိတ္၀င္စားပါ့မလား၊ငါနဲ႕ သူနဲ႕ ကမျဖစ္ႏုိင္ပါဘူးေလ စတဲ့ အေတြးေတြကုိ ခ်က္ျခင္းေမာင္းထုတ္လုိက္ပါ။ေမာင္းထုတ္လုိ႕မရရင္ ဆက္မပုိးပန္းေနပါနဲ႕ေတာ့။ရမွာမဟုတ္ပါဘူး။

၆။သင့္အသံေနအသံထားကုိ ဂရုိစုိက္ပါ။

မိန္းကေလးေတြကို သြားစကားေျပာတဲ့အခါမွာ သင့္အသံက သြားႏြဲ႕ေနရင္ ဘာမွ သုံးစားလုိ႕ရေတာ့မွာမဟုတ္ပါဘူး။စကားမေျပာခင္ အသက္ကုိ ျပင္းစြာရူလုိက္ပါ။ဒီလုိျပဳလုပ္ျခင္းဟာ သင့္အသံကုိ ထိန္းျပီးေျပာႏုိင္ေအာင္ကူညီေပးမွာ ျဖစ္ပါတယ္။

၇။သူမ ရယ္ေအာင္ျပဳလုပ္ပါ။


ဟာသဟာ သူနဲ႕ကုိယ္နဲ႕ စကား၀ုိင္းက တိတ္ဆိတ္ေနတဲ့အခါ အင္မတန္အသုံး၀င္တဲ့ လက္နက္တစ္ခုပါ။နွစ္ေယာက္သား တူတူရယ္ေမာ လုိက္ျခင္းဟာ သင္တုိ႕ႏွစ္ေယာက္ကုိလည္း ပုိျပီး ရင္းနွီး ကၽြမ္း၀င္မႈရွိလာေစမွာ ျဖစ္ပါတယ္။ဒါေပမဲ့ သူမရည္ေမာေအာင္ဆုိျပီး အျမဲေပါျပေနရင္လည္း အဆင္မေျပပါဘူး။အသင့္အတင့္သာ လုပ္ေဆာင္ပါ။

၈။ေနွးေႏွးၿပံဳးၾကည့္ပါ။

အထက္က နည္းလမ္းေတြလုိပဲ သင္ ဘယ္အရာကိုမဆုိ တရားလြန္လုပ္ေဆာင္လုိက္ရင္ အေကာင္းထက္ အဆုိးကုိသာ ျဖစ္ေစမွာပါ။သင္ျပဳံးရင္ ခပ္ျမန္ျမန္ျပဳံးတာထက္ ေႏွးေနွးျပဳံးၾကည့္ပါ။ဒီလုိျပဳံးၾကည့္တာဟာ သင့္ကုိ ရင့္က်က္တဲ့ လူတစ္ေယာက္ကဲ့သုိထင္ျမင္ယူဆ ခံရမွာ ျဖစ္ပါတယ္။

၉။သိခ်င္စိတ္ ျပင္းျပပါ။

သင့္ရဲ႕ အေၾကာင္းေတြကုိပဲ ေျပာျပေနတာဟာ မိန္းကေလးတစ္ေယာက္ကုိ ပုိးပန္းတဲ့ေနရာမွာသာမက တျခားေသာ ဘယ္လူမႈဆက္ဆံေရးအတြက္မွ မေကာင္းပါဘူး။ဘာေၾကာင့္လဲဆုိေတာ့ ဒီလုိ လူမ်ဳိးေတြဟာ တပါးသူရဲ႕ အေၾကာင္းကုိ စိတ္၀င္စားစြာ နားမေထာင္တတ္လုိ႕ပါ။ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ရဲ႕ အေၾကာင္းကုိ တကယ္စစ္မွန္စြာ နားေထာင္ေပးၾကည့္ပါ။သူတုိ႕ ဘာေတြလုပ္လဲ၊ဘယ္လုိခံစားေနရလဲ၊ဘာေတြကုိ ၾကဳိက္တတ္လဲ၊တစ္ေန႕မွာ ဒီလုိနားေထာင္ေပးျခင္းက သင့္အတြက္လည္း တစ္ခ်ိန္မွာ အသုံး၀င္ေစမွာ ျဖစ္ပါတယ္။

၁၀။ခႏၶာကုိယ္ကုိ ဂရုစိုက္ပါ။

ဗလ အဖုဖုအထစ္ထစ္ ျဖစ္ေနစရာမလုိပါဘူး။ဘာပဲ ျဖစ္ျဖစ္ ခႏၶာကုိယ္ေပ်ာ့တိေပ်ာ့ဖတ္နဲ႕ ေယာက်ၤားတစ္ေယာက္ထက္ ခႏၶာကုိယ္ေတာင့္တင္းတဲ့ ေယာကၤ်ားေလးတစ္ေယာက္ကုိ မိန္းကေလးေတြ ပုိစိတ္၀င္စားတတ္ၾကပါတယ္။

Credit:(Shwemom)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးများကို ပိုပြီး ဆွဲဆောင်နိုင်စေရန် ရှိသင့်တဲ့ အချက်တွေလို့ ကျွန်တော်တို့ ယူဆထားတဲ့ အချက်တွေရှိပါတယ်။ဥပမာ အားဖြင့် ပိုက်ဆံရှိရမယ်ပေါ့။မိန်းကလေးအားလုံးတော့ မဟုတ်ပေမဲ့ အများစုကတော့ ပိုက်ဆံရှိတဲ့ ယောက်င်္ကျားလေးကို နှစ်သက်လေ့ရှိကြပါတယ်။ဒုတိယအနေနဲ့ကတော့ ရုပ်ချောရမယ်ဆိုတဲ့ အချက်ပါပဲ။ဒါတွေကတော့ လူတိုင်းသိကြတဲ့ ယေဘုယျအချက်တွေ။ဒါပေမဲ့ သင့်မှာ ဒီလိုအချက်တွေမရှိဘူး။ဒါပေမဲ့ မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်စေဖို့ ကြိုးစားချင်သေးတယ် ဆိုရင်တော့ အသုံးဝင်မဲ့ ယေဘုယျ အချက်လေးတွေ ကိုဖော်ပြ လိုက်ပါတယ်။

၁။မတ်မတ်နေပါ။

ချွင်းချက်တွေရှိနေပေမဲ့ ယောင်္ကျားလေးဆိုတာ သဘာဝအားဖြင့်ကို မိန်းကလေးများအတွက် မှီခိုစရာ ဖြစ်ပါတယ်။သင်ပုံစံက ပျော့တော့တော့နဲ့ ကျောရိုးမရှိသလိုပုံစံ ဖြစ်နေမယ်ဆိုရင်တော့ မိန်းကလေးများရဲ့ စိတ်ထဲကကိုက ကြိုက်နှစ်သက်တော့မှာ မဟုတ်ပါဘူး။ဒါကြောင့် လမ်းလျှောက်ရင် ခါးမတ်မတ်ထားပြီးလျှောက်ပါ။ထိုင်ရင်လည်း ခါးမတ်မတ်ထားပြီးထိုင်ကြည့်ပါ။

၂။အဝတ်အစားသပ်ရပ်စွာဝတ်ပါ။

တောင်းမှာအကွပ် လူမှအဝတ်ဆိုတဲ့ စကားရှိပါတယ်။ဘယ်လောက်ပဲ လူပုံစံက ဆိုးနေပါစေ အဝတ်အစားသပ်သပ်ရပ်ရပ်လေး ဝတ်လိုက်ရင် ကြည့်ပျော်ရှုပျော်ရှိပါတယ်။ဒါပေမဲ့ ဘယ်အရာပဲ ဖြစ်ဖြစ် တရားလွန်တော့ မကောင်းဘူးပေါ့။အဝတ်အစားကောင်းကောင်း ဝတ်ရင် စော်ကြည်တယ်ဟ ဆိုပြီး မျက်စိနှောက်လောက်အောင်ကို ဝတ်စားလာရင်တော့ သင့်အနေနဲ့ ဆန့်ကျင်ဘက်အကျိုးကိုသာ ရမှာ ဖြစ်ပါတယ်။

၃။ရေပုံမှန်ချိုးပြီး ဆံပင်ကေကို ဂရုစိုက်ပါ။

ဆံပင်ဆိုတာ သင့်ရဲ့ ဒုတိယ မျက်နှာပါပဲ။ဒါကြောင့် သင့်အနေနဲ့ ဆံပင်စတိုင်ကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ရေပုံမှန်ချိုးတာကတော့ သန့်ရှင်းသပ်ရပ်မှု အပြင် ကျန်းမာရေးအတွက်လည်း အကျိုးရှိပါတယ်။


၄။ပထမဆုံးလှုပ်ရှားပါ။

အားလုံးသိကြမှာပါ။မိန်ကလေးတစ်ယောက်ကို ပိုးပန်းတဲ့ နေရာမှာ လက်နှေးရင် ခွက်ဆေးရမှာပါ။ဒီတော့ ကြောက်တာ လန့်တာတွေကိုအသာထားပြီး မိန်းကလေးတစ်ယောက်ကို စ စကားပြောတာတို့၊ဒိတ်ဖို့ချိန်းတာတို့ကို သင့်ဘက်က အရင်စလုပ်ပါ။ဒီလိုပြုလုပ်ခြင်းဟာ ကိုယ်ကို့ကိုယ် ယုံကြည်မှု ရှိခြင်းနဲ့ ခေါင်းဆောင်နိုင်စွမ်းကို ပြသနေပြီး ဒီအရည်အချင်းများကို မိန်းကလေးများက သဘောကျကြပါတယ်။

၅။အကောင်းမြင်တဲ့ စိတ်မွေးပါ။

ရုပ်ရှင်မင်းသား အာနိုးက ” အောင်မြင်မှုအတွက် လျှို့ဝှက်ချက်တစ်ခုက သင့်ရဲ့စိတ်ဟာ သင့်အတွက် အလုပ်လုပ်နေဖို့ပါပဲ။သင့်ကို ဆန့်ကျင်နေရင်တော့ သင်လည်းအောင်မြင်မှာ မဟုတ်ပါဘူး ” လို့ပြောခဲ့ဖူးပါတယ်။ဒါဟာတကယ်တော့ အမှန်ပါပဲ။မိန်းကလေးတစ်ယောက်ကို ပိုးပန်းတဲ့ နေရာမှာသာမက ဘဝရဲ့ တခြားသောကိစ္စတွေမှာလည်း သင့်စိတ်က သင့်ကိုမဆန့်ကျင်ပါစေနဲ့။အကောင်းမြင်တဲ့ စိတ်မွေးထားပါ။သင့်စိတ်က သင့်ကို စပြီး ဆန့်ကျင်နေတယ်ဆိုရင်တော့ သင်တစ်ဝက်ရှုံးနေပါပြီ။ဒါကြောင့် ဒီမိန်းကလေးက ငါ့ကို စိတ်ဝင်စားပါ့မလား၊ငါနဲ့ သူနဲ့ ကမဖြစ်နိုင်ပါဘူးလေ စတဲ့ အတွေးတွေကို ချက်ခြင်းမောင်းထုတ်လိုက်ပါ။မောင်းထုတ်လို့မရရင် ဆက်မပိုးပန်းနေပါနဲ့တော့။ရမှာမဟုတ်ပါဘူး။

၆။သင့်အသံနေအသံထားကို ဂရိုစိုက်ပါ။

မိန်းကလေးတွေကို သွားစကားပြောတဲ့အခါမှာ သင့်အသံက သွားနွဲ့နေရင် ဘာမှ သုံးစားလို့ရတော့မှာမဟုတ်ပါဘူး။စကားမပြောခင် အသက်ကို ပြင်းစွာရူလိုက်ပါ။ဒီလိုပြုလုပ်ခြင်းဟာ သင့်အသံကို ထိန်းပြီးပြောနိုင်အောင်ကူညီပေးမှာ ဖြစ်ပါတယ်။

၇။သူမ ရယ်အောင်ပြုလုပ်ပါ။


ဟာသဟာ သူနဲ့ကိုယ်နဲ့ စကားဝိုင်းက တိတ်ဆိတ်နေတဲ့အခါ အင်မတန်အသုံးဝင်တဲ့ လက်နက်တစ်ခုပါ။နှစ်ယောက်သား တူတူရယ်မော လိုက်ခြင်းဟာ သင်တို့နှစ်ယောက်ကိုလည်း ပိုပြီး ရင်းနှီး ကျွမ်းဝင်မှုရှိလာစေမှာ ဖြစ်ပါတယ်။ဒါပေမဲ့ သူမရည်မောအောင်ဆိုပြီး အမြဲပေါပြနေရင်လည်း အဆင်မပြေပါဘူး။အသင့်အတင့်သာ လုပ်ဆောင်ပါ။

၈။နှေးနှေးပြုံးကြည့်ပါ။

အထက်က နည်းလမ်းတွေလိုပဲ သင် ဘယ်အရာကိုမဆို တရားလွန်လုပ်ဆောင်လိုက်ရင် အကောင်းထက် အဆိုးကိုသာ ဖြစ်စေမှာပါ။သင်ပြုံးရင် ခပ်မြန်မြန်ပြုံးတာထက် နှေးနှေးပြုံးကြည့်ပါ။ဒီလိုပြုံးကြည့်တာဟာ သင့်ကို ရင့်ကျက်တဲ့ လူတစ်ယောက်ကဲ့သိုထင်မြင်ယူဆ ခံရမှာ ဖြစ်ပါတယ်။

၉။သိချင်စိတ် ပြင်းပြပါ။

သင့်ရဲ့ အကြောင်းတွေကိုပဲ ပြောပြနေတာဟာ မိန်းကလေးတစ်ယောက်ကို ပိုးပန်းတဲ့နေရာမှာသာမက တခြားသော ဘယ်လူမှုဆက်ဆံရေးအတွက်မှ မကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီလို လူမျိုးတွေဟာ တပါးသူရဲ့ အကြောင်းကို စိတ်ဝင်စားစွာ နားမထောင်တတ်လို့ပါ။ဒါကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို တကယ်စစ်မှန်စွာ နားထောင်ပေးကြည့်ပါ။သူတို့ ဘာတွေလုပ်လဲ၊ဘယ်လိုခံစားနေရလဲ၊ဘာတွေကို ကြိုက်တတ်လဲ၊တစ်နေ့မှာ ဒီလိုနားထောင်ပေးခြင်းက သင့်အတွက်လည်း တစ်ချိန်မှာ အသုံးဝင်စေမှာ ဖြစ်ပါတယ်။

၁၀။ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

ဗလ အဖုဖုအထစ်ထစ် ဖြစ်နေစရာမလိုပါဘူး။ဘာပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်ပျော့တိပျော့ဖတ်နဲ့ ယောကျၤားတစ်ယောက်ထက် ခန္ဓာကိုယ်တောင့်တင်းတဲ့ ယောင်္ကျားလေးတစ်ယောက်ကို မိန်းကလေးတွေ ပိုစိတ်ဝင်စားတတ်ကြပါတယ်။

Credit:(Shwemom)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top