iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ယံုၾကည္သက္ဝင္မႈျခင္း တူညီတဲ့သူ

ညီမေလး ယံုၾကည္တာက ကိုယ္ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္။ မေကာင္းတာလုပ္ရင္ မေကာင္းတာ ျဖစ္မယ္။ ဒါကုိ ကံ-ကံ၏ အက်ိဳးလို႔ သိၾကတယ္။ ကိုယ္လုပ္တာ ကိုယ္ခံစားရမယ္။ "ကိုယ္ျဖစ္ ကိုယ္ခံ" သေဘာတရားနဲ႔ အတူတူပဲ။ ဒီလို ယံုၾကည္တဲ့စိတ္ရွိတယ္ဆို ညီမေလးရဲ့ လက္တဲြေဖာ္ကလည္း ဒီလို စိတ္ဓာတ္ရွိသူ ျဖစ္ရမယ္။ ယံုၾကည္ သက္ဝင္တဲ့စိတ္ခ်င္းတူရင္ လုပ္သမွ်ေတြကလည္း တူသြားမယ္။ မဟုတ္ရင္ ကိုယ္ျဖစ္ သူခံေပါ့ ဆိုတဲ့ စိတ္မ်ိဳး ရွိသူဆို စဥ္းစားၾကည့္ေနာ္။ သူဖာသာသူ လုပ္တဲ့အက်ိဳးဆက္ကို ညီမေလးခံေနရမွာေပါ့။ ဒီေတာ့ ယံုၾကည္မႈခ်င္းတူသူကို ေရြးခ်ယ္ပါ။ ဗုဒၶဘာသာအရေျပာရရင္ သဒၶါတရားတူသူ၊ ဘာသာတူသူ၊ အယူတူသူေပါ့။

(၂) ကိုယ္က်င့္တရားျခင္းတူတဲ့သူ

မိမိနဲ႔ အက်င့္သီလတူတဲ့သူေပါ့။ အက်င့္သီလကို ကိုယ္က်င့္တရားလို႔ ေျပာလို႔ရတယ္။ ကိုယ့္က်င့္တရားဆိုေတာ့ ကိုယ့္ ကိုယ္မွာ က်င့္သံုးတဲ့ အက်င့္ေကာင္းေလးေတြလို႔ အလြယ္ေျပာလို႔ရတယ္။ ဥပမာ ကိုယ္က သူမ်ားအသက္မသတ္ဘူးဆိုရင္ သူကလည္း သူမ်ားအသက္ သတ္တဲ့သူ မျဖစ္ရဘူး။ ကိုယ္က လိမ္ညာမေျပာတတ္သူဆိုရင္ သူကလည္း လိမ္ညာမေျပာတတ္သူျဖစ္ရမယ္။ ဒါမ်ိဳးကိုေျပာတာပါ။

(၃) ေပးကမ္းစြန္႔ႀကဲလွဴဒါန္းျခင္း တူညီသူ

ေပးကမ္းစြန္႔ၾကဲမွႈလွဴဒါန္းမႈဆိုတာ အလွဴႀကီး အႀကီးႀကီး ေပးမွ၊ လူေတြအမ်ားႀကီးကို ေကၽြးမွ အလွဴလို႔ ေခၚတာမဟုတ္ပါဘူး။ ေန႔တိုင္း မနက္ဆို ကားဂိတ္မွာ ခိုေလးေတြကို ပဲေစ့ေလး တစ္ပဲြ (၁၀၀) တန္ ဝယ္ေကၽြးတာကလည္း အလွဴပါပဲ။ ဒါကလည္း ဒီလိုိယံုၾကည္တဲ့စိတ္ခ်င္းတူမွ ဒီလိုေနရာမ်ိဳးမွာလည္း တူမွာဆိုေတာ့ နံပါတ္ (၁) မွာ ပါတဲ့ ယံုၾကည္မႈကလည္း (သဒၶါတရား) အေရးႀကီးေနတယ္။

(၄) မိမိႏွင့္ ပညာအရည္အခ်င္းတူတဲ့သူ

ညီမေလးကို ဒီေနရာမွာ ေျပာခ်င္တာက ဘဲြ႕ေတြ၊ ဒီဂရီေတြ ရထားတဲ့ Certificate ေတြကို ေျပာတာမဟုတ္ပါဘူး။ ပညာဆုိတာက အေၾကာင္းအက်ိဳး၊အေကာင္းအဆုိးကုိ ခြဲျခားသိျခင္းကို ဆုိလိုတာပါ။ ေလာကမွာ ကိုယ္တန္ဖိုးထားတဲ့အရာေတြ၊ ကိုယ္ျမတ္ႏိုးတဲ့အရာေတြ ထပ္တူမက်ရင္ေတာင္ နားလည္သိထားတဲ့သူမွ အဆင္ေျပလိမ့္မယ္။ တစ္ခ်ိဳ႕က ပစၥည္းဥစၥာကို မက္ေမာတယ္။ တစ္ခ်ိဳ႕က ေအးေအးေဆးေဆးေနရတာႏွစ္သက္တယ္။ ေစာေစာကေျပာသလိုပဲ မိမိနဲ႔ ေတြးေခၚပံုျခင္း၊ အယူအဆျခင္း၊ အက်င့္စရိုက္ျခင္း မတူသူဆိုရင္ ဘယ္လိုလုပ္ စိတ္ခ်မ္းသာမွာလဲ။

 ညီမေလးမွာ ခ်စ္သူရွိေနတယ္ဆိုရင္ ေသခ်ာစဥ္းစားၾကည့္ဖို႔ တစ္ခုေျပာျပခ်င္တယ္။ ဒီေန႔ စိတ္အေျခအေနနဲ႔ သူ႔နဲ႔ ပတ္သတ္ရတဲ့ အေနအထားကို ေက်နပ္လား။ တစ္ခုေလာက္ေမးခ်င္တယ္။ ေနာင္ ငါးႏွစ္မွာ ညီမေလး ဒီအေျခအေနနဲ႔ ဒီလိုခံစားမႈမ်ိဳးနဲ႔ပဲ ေနရမယ္ဆုိရင္ေကာ အဆင္ေျပႏိုင္လား။ ဥပမာ အခု ညီမေလးခ်စ္သူက ညီမေလးအတြက္ သိပ္ေခါင္းထဲ ထည့္မထားဘူး။ စိတ္လည္း သိပ္မခ်မ္းသာဘူး။ ဒါေပမဲ့လည္း ဒီလိုပဲ ေရလိုက္ ငါးလိုက္ေနေနတာပဲ ထားပါေတာ့။ ဒီလိုဆိုရင္ မနက္ျဖန္၊ ေနာက္အပတ္၊ ေနာက္လ၊ ေနာက္ႏွစ္ ေနာက္ ငါးႏွစ္ေလာက္မွာေရာ ဒီစိတ္ခံစားမႈ အေျခအေနႀကီးနဲ႔ ကိုယ့္ကုိယ္ကို ျမင္ခ်င္ေသးလား။ အဆင္ေျပတယ္ ဘာမွ မျဖစ္ဘူးလို႔ ေတြးမိရင္ေတာ့ ကိစၥမရွိပါဘူး။ တကယ္လို႔ မျမင္ခ်င္ဘူးဆိုရင္ေတာ့ ဒီ အခ်က္ (၄) ခ်က္နဲ႔ သာဆန္းစစ္ၾကည့္ၿပီး ကိုယ့္ဘဝအတြက္ လုပ္စရာရွိတာသာ လုပ္ပါေတာ့။

ညီမေလးက ေတြးတတ္ေခၚတတ္တဲ့ မိန္းကေလးတစ္ေယာက္ မဟုတ္လား။ ဒီ ေလးခ်က္နဲ႔ ကိုက္ညီရဲ့လား ျပန္စဥ္းစားၾကည့္ဖို႔ မွာလုိက္ပါရေစ။ သူမ်ားကို မေျပာခင္ ကုိယ့္အေၾကာင္း ကိုယ္သိေအာင္လည္းအရင္လုပ္ရမယ္။ ညီမေလးရဲ့ လက္ရွိေနာက္ေနာင္  ဘ၀သာယာေအးခ်မ္းေစမယ့္ ၾကင္ေဖာ္ေကာင္းကို မွန္မွန္ကန္ကန္ေရြးခ်ယ္မႈႏိုင္ပါေစ။

Credit : မူရင္းေရးသားသူ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁) ယုံကြည်သက်ဝင်မှုခြင်း တူညီတဲ့သူ

ညီမလေး ယုံကြည်တာက ကိုယ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်။ ဒါကို ကံ-ကံ၏ အကျိုးလို့ သိကြတယ်။ ကိုယ်လုပ်တာ ကိုယ်ခံစားရမယ်။ "ကိုယ်ဖြစ် ကိုယ်ခံ" သဘောတရားနဲ့ အတူတူပဲ။ ဒီလို ယုံကြည်တဲ့စိတ်ရှိတယ်ဆို ညီမလေးရဲ့ လက်တွဲဖော်ကလည်း ဒီလို စိတ်ဓာတ်ရှိသူ ဖြစ်ရမယ်။ ယုံကြည် သက်ဝင်တဲ့စိတ်ချင်းတူရင် လုပ်သမျှတွေကလည်း တူသွားမယ်။ မဟုတ်ရင် ကိုယ်ဖြစ် သူခံပေါ့ ဆိုတဲ့ စိတ်မျိုး ရှိသူဆို စဉ်းစားကြည့်နော်။ သူဖာသာသူ လုပ်တဲ့အကျိုးဆက်ကို ညီမလေးခံနေရမှာပေါ့။ ဒီတော့ ယုံကြည်မှုချင်းတူသူကို ရွေးချယ်ပါ။ ဗုဒ္ဓဘာသာအရပြောရရင် သဒ္ဓါတရားတူသူ၊ ဘာသာတူသူ၊ အယူတူသူပေါ့။

(၂) ကိုယ်ကျင့်တရားခြင်းတူတဲ့သူ

မိမိနဲ့ အကျင့်သီလတူတဲ့သူပေါ့။ အကျင့်သီလကို ကိုယ်ကျင့်တရားလို့ ပြောလို့ရတယ်။ ကိုယ့်ကျင့်တရားဆိုတော့ ကိုယ့် ကိုယ်မှာ ကျင့်သုံးတဲ့ အကျင့်ကောင်းလေးတွေလို့ အလွယ်ပြောလို့ရတယ်။ ဥပမာ ကိုယ်က သူများအသက်မသတ်ဘူးဆိုရင် သူကလည်း သူများအသက် သတ်တဲ့သူ မဖြစ်ရဘူး။ ကိုယ်က လိမ်ညာမပြောတတ်သူဆိုရင် သူကလည်း လိမ်ညာမပြောတတ်သူဖြစ်ရမယ်။ ဒါမျိုးကိုပြောတာပါ။

(၃) ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း တူညီသူ

ပေးကမ်းစွန့်ကြဲမှှုလှူဒါန်းမှုဆိုတာ အလှူကြီး အကြီးကြီး ပေးမှ၊ လူတွေအများကြီးကို ကျွေးမှ အလှူလို့ ခေါ်တာမဟုတ်ပါဘူး။ နေ့တိုင်း မနက်ဆို ကားဂိတ်မှာ ခိုလေးတွေကို ပဲစေ့လေး တစ်ပွဲ (၁၀၀) တန် ဝယ်ကျွေးတာကလည်း အလှူပါပဲ။ ဒါကလည်း ဒီလိုယုံကြည်တဲ့စိတ်ချင်းတူမှ ဒီလိုနေရာမျိုးမှာလည်း တူမှာဆိုတော့ နံပါတ် (၁) မှာ ပါတဲ့ ယုံကြည်မှုကလည်း (သဒ္ဓါတရား) အရေးကြီးနေတယ်။

(၄) မိမိနှင့် ပညာအရည်အချင်းတူတဲ့သူ

ညီမလေးကို ဒီနေရာမှာ ပြောချင်တာက ဘွဲ့တွေ၊ ဒီဂရီတွေ ရထားတဲ့ Certificate တွေကို ပြောတာမဟုတ်ပါဘူး။ ပညာဆိုတာက အကြောင်းအကျိုး၊အကောင်းအဆိုးကို ခွဲခြားသိခြင်းကို ဆိုလိုတာပါ။ လောကမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေ၊ ကိုယ်မြတ်နိုးတဲ့အရာတွေ ထပ်တူမကျရင်တောင် နားလည်သိထားတဲ့သူမှ အဆင်ပြေလိမ့်မယ်။ တစ်ချို့က ပစ္စည်းဥစ္စာကို မက်မောတယ်။ တစ်ချို့က အေးအေးဆေးဆေးနေရတာနှစ်သက်တယ်။ စောစောကပြောသလိုပဲ မိမိနဲ့ တွေးခေါ်ပုံခြင်း၊ အယူအဆခြင်း၊ အကျင့်စရိုက်ခြင်း မတူသူဆိုရင် ဘယ်လိုလုပ် စိတ်ချမ်းသာမှာလဲ။

 ညီမလေးမှာ ချစ်သူရှိနေတယ်ဆိုရင် သေချာစဉ်းစားကြည့်ဖို့ တစ်ခုပြောပြချင်တယ်။ ဒီနေ့ စိတ်အခြေအနေနဲ့ သူ့နဲ့ ပတ်သတ်ရတဲ့ အနေအထားကို ကျေနပ်လား။ တစ်ခုလောက်မေးချင်တယ်။ နောင် ငါးနှစ်မှာ ညီမလေး ဒီအခြေအနေနဲ့ ဒီလိုခံစားမှုမျိုးနဲ့ပဲ နေရမယ်ဆိုရင်ကော အဆင်ပြေနိုင်လား။ ဥပမာ အခု ညီမလေးချစ်သူက ညီမလေးအတွက် သိပ်ခေါင်းထဲ ထည့်မထားဘူး။ စိတ်လည်း သိပ်မချမ်းသာဘူး။ ဒါပေမဲ့လည်း ဒီလိုပဲ ရေလိုက် ငါးလိုက်နေနေတာပဲ ထားပါတော့။ ဒီလိုဆိုရင် မနက်ဖြန်၊ နောက်အပတ်၊ နောက်လ၊ နောက်နှစ် နောက် ငါးနှစ်လောက်မှာရော ဒီစိတ်ခံစားမှု အခြေအနေကြီးနဲ့ ကိုယ့်ကိုယ်ကို မြင်ချင်သေးလား။ အဆင်ပြေတယ် ဘာမှ မဖြစ်ဘူးလို့ တွေးမိရင်တော့ ကိစ္စမရှိပါဘူး။ တကယ်လို့ မမြင်ချင်ဘူးဆိုရင်တော့ ဒီ အချက် (၄) ချက်နဲ့ သာဆန်းစစ်ကြည့်ပြီး ကိုယ့်ဘဝအတွက် လုပ်စရာရှိတာသာ လုပ်ပါတော့။

ညီမလေးက တွေးတတ်ခေါ်တတ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်လား။ ဒီ လေးချက်နဲ့ ကိုက်ညီရဲ့လား ပြန်စဉ်းစားကြည့်ဖို့ မှာလိုက်ပါရစေ။ သူများကို မပြောခင် ကိုယ့်အကြောင်း ကိုယ်သိအောင်လည်းအရင်လုပ်ရမယ်။ ညီမလေးရဲ့ လက်ရှိနောက်နောင်  ဘဝသာယာအေးချမ်းစေမယ့် ကြင်ဖော်ကောင်းကို မှန်မှန်ကန်ကန်ရွေးချယ်မှုနိုင်ပါစေ။



Credit : မူရင်းရေးသားသူ



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top