iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေကာင္းတစ္ဦးရဲ႕ ဘ၀အတြက္ ခြန္အားနဲ႔ စြမ္းေဆာင္ရည္ကလည္း အေရးႀကီးတဲ႔အထဲမွာ ပါ၀င္ပါတယ္။ ဒီေတာ႔ အိပ္ယာေပၚမွာ က်န္းမာေတာင္႔တင္းစြာ ဦးေဆာင္ႏုိင္ဖို႔အတြက္ စားေသာက္သင္႔တဲ႔ အစားအစာအမ်ိဳးအစားတစ္ခ်ိဳ႕ကို အရြယ္ေရာက္ၿပီးသူ အမ်ိဳးသားမ်ားအတြက္ အႀကံေပး ေဖာ္ျပေပးလိုက္ပါတယ္။

ဟင္းႏုႏြယ္ရြက္

ဟင္းႏုႏြယ္ရြက္ဟာ မဂၢနီဆီယမ္ဓါတ္ ၾကြယ္၀စြာပါ၀င္ၿပီး၊ ေသြးေၾကာေတြရဲ႕ လွည္႔ပတ္စီးဆင္းမႈ႔ကို ေကာင္းမြန္ေစကာ အမ်ိဳးသားအဂၤါအတြင္း ေသြး၀င္ေရာက္မႈ႔ကို ပိုမိုေကာင္းမြန္ေစပါသတဲ႔။ ဟင္းႏုႏြယ္ရြက္နည္းတူ အျခားေသာ အရြက္စိမ္းမ်ားျဖစ္ၾကတဲ႔ ပန္းေဂၚဖီနဲ႔ ကိုက္လန္ရြက္တို႔ကလည္း သင္႔ရဲ႕ စြမ္းေဆာင္ရည္ကို ပိုမိုတိုးတက္ေစဖို႔ အေထာက္အကူျပဳမွာပါ။

ဗီတာမင္စီ ပါ၀င္ေသာ သစ္သီး၀လံမ်ား

စပ်စ္သီး၊ လိေမၼာ္သီးနဲ႔ မက္မြန္သီးေတြမွာ ဗီတာမင္စီဓါတ္ ၾကြယ္၀စြာပါ၀င္ၿပီး ေလ႔လာမႈ႔ေတြအရ ေန႔စဥ္ ဗီတာမင္စီ ၂၀၀ မီလီဂရမ္ခန္႔ စားသံုးေပးျခငး္ဟာ သုတ္ပိုးကို အားေကာင္းေစၿပီး၊ က်ားခြန္အားကိုလည္း ယခင္ကထက္ ပိုမိုတိုးတက္ေစတယ္လို႔ ဆိုပါတယ္။

ကညြတ္

ကညြတ္ဟာ အျခားေသာ က်န္းမာေရး အေထာက္အကူျပဳ ေကာင္းက်ိဳးေတြ အမ်ားအျပားရွိၿပီး သူ႔မွာ ဗီတာမင္အီးဓါတ္ ေကာင္းမြန္စြာပါ၀င္ပါတယ္။ ထို႔အျပင္ အမ်ိဳးသားမ်ား သုတ္လႊတ္ေစာျခင္းျပႆနာကိုလညး္ အထိုက္အေလ်ာက္ ေျဖရွင္းေပးႏိုင္ပါတယ္။ ထို႔ျပင္ သူဟာလည္း က်ားခြန္အားတိုးေစဖို႔ အေထာက္အကူျဖစ္တဲ႔ အစားအစာတစ္ခု ျဖစ္ျပန္ပါတယ္။

ဥအမ်ိဳးမ်ိဳး

ၾကက္ဥ၊ ဘဲဥကဲ႔သုိ႔ ဥေတြဟာ ပရိုတင္းဓါတ္မ်ားစြာပါ၀င္ၿပီး သင္႔ခြန္အားကို တိုးပြားေစတယ္ဆိုတာကေတာ႔ အထူးရွင္းျပဖို႔ လိုမယ္မထင္ပါဘူး။ ထို႔ျပင္ ဥေတြမွာ ဗီတာမင္ B6 နဲ႔ B5 တို႔ပါ၀င္ကာ စိတ္ဖိအားကို ေလွ်ာ႔ခ်ေပးႏုိင္ၿပီး၊ က်န္းမာ၍ ခြန္အားကို ျပည္႔၀ေစပါတယ္။

၀ိုင္နီ

၀ိုင္ျဖဴနဲ႔ ၀ိုင္နီ ဆိုၿပီးရွိတဲ႔အနက္ ၀ိုင္နီဟာ ေသြးအတြင္း nitric oxide ဓါတ္ထုတ္လုပ္မႈကို ပိုမိုတိုးပြားေစၿပီး ေသြးလွည္႔ပတ္မႈ႔ကို ေကာင္းမြန္ေစကာ၊ သူလည္းပဲ က်ားအဂၤါအတြင္း ေသြး၀င္ေရာက္မႈကို အားေကာင္းေစမွာ ျဖစ္ပါတယ္။ ဒါေပမယ္႔ အမ်ားႀကီးေတာ႔ မေသာက္သံုးသင္႔ပဲ တစ္ေန႔ ၂ ခြက္ေလာက္သာ ပံုမွန္ေသာက္သံုး ေပးသင္႔ပါတယ္။

မုန္လာဥနီ

မုန္လာဥနီဟာလည္း သင္႔ခြန္အားနဲ႔ စြမ္းရည္တိုးတက္ေစဖို႔ အေထာက္အကူေပးတဲ႔ အစားအစာတစ္ခုျဖစ္ၿပီး အထက္မွာ ေဖာ္ျပခဲ႔တဲ႔ ေကာငး္က်ိဳးမ်ားကို သူကလည္းပဲ ေပးစြမ္းႏိုင္မွာ ျဖစ္ပါတယ္။ ထို႔အျပင္သူဟာ က်ားအဂၤါၾကြက္သားေတြကို ပိုမိုအားေကာငး္ေစတဲ႔ အစြမ္းသတၱိရွိၿပီး မုန္လာဥစားရင္း ဖလန္းဖလန္းထလို႔ရၿပီ ျဖစ္ပါတယ္။

Credit : momolay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားကောင်းတစ်ဦးရဲ့ ဘဝအတွက် ခွန်အားနဲ့ စွမ်းဆောင်ရည်ကလည်း အရေးကြီးတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒီတော့ အိပ်ယာပေါ်မှာ ကျန်းမာတောင့်တင်းစွာ ဦးဆောင်နိုင်ဖို့အတွက် စားသောက်သင့်တဲ့ အစားအစာအမျိုးအစားတစ်ချို့ကို အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် အကြံပေး ဖော်ပြပေးလိုက်ပါတယ်။

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်ဟာ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပြီး၊ သွေးကြောတွေရဲ့ လှည့်ပတ်စီးဆင်းမှု့ကို ကောင်းမွန်စေကာ အမျိုးသားအင်္ဂါအတွင်း သွေးဝင်ရောက်မှု့ကို ပိုမိုကောင်းမွန်စေပါသတဲ့။ ဟင်းနုနွယ်ရွက်နည်းတူ အခြားသော အရွက်စိမ်းများဖြစ်ကြတဲ့ ပန်းဂေါ်ဖီနဲ့ ကိုက်လန်ရွက်တို့ကလည်း သင့်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေဖို့ အထောက်အကူပြုမှာပါ။

ဗီတာမင်စီ ပါဝင်သော သစ်သီးဝလံများ

စပျစ်သီး၊ လိမ္မော်သီးနဲ့ မက်မွန်သီးတွေမှာ ဗီတာမင်စီဓါတ် ကြွယ်ဝစွာပါဝင်ပြီး လေ့လာမှု့တွေအရ နေ့စဉ် ဗီတာမင်စီ ၂၀၀ မီလီဂရမ်ခန့် စားသုံးပေးခြင်းဟာ သုတ်ပိုးကို အားကောင်းစေပြီး၊ ကျားခွန်အားကိုလည်း ယခင်ကထက် ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။

ကညွတ်

ကညွတ်ဟာ အခြားသော ကျန်းမာရေး အထောက်အကူပြု ကောင်းကျိုးတွေ အများအပြားရှိပြီး သူ့မှာ ဗီတာမင်အီးဓါတ် ကောင်းမွန်စွာပါဝင်ပါတယ်။ ထို့အပြင် အမျိုးသားများ သုတ်လွှတ်စောခြင်းပြဿနာကိုလည်း အထိုက်အလျောက် ဖြေရှင်းပေးနိုင်ပါတယ်။ ထို့ပြင် သူဟာလည်း ကျားခွန်အားတိုးစေဖို့ အထောက်အကူဖြစ်တဲ့ အစားအစာတစ်ခု ဖြစ်ပြန်ပါတယ်။

ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥကဲ့သို့ ဥတွေဟာ ပရိုတင်းဓါတ်များစွာပါဝင်ပြီး သင့်ခွန်အားကို တိုးပွားစေတယ်ဆိုတာကတော့ အထူးရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ ထို့ပြင် ဥတွေမှာ ဗီတာမင် B6 နဲ့ B5 တို့ပါဝင်ကာ စိတ်ဖိအားကို လျှော့ချပေးနိုင်ပြီး၊ ကျန်းမာ၍ ခွန်အားကို ပြည့်ဝစေပါတယ်။

ဝိုင်နီ

ဝိုင်ဖြူနဲ့ ဝိုင်နီ ဆိုပြီးရှိတဲ့အနက် ဝိုင်နီဟာ သွေးအတွင်း nitric oxide ဓါတ်ထုတ်လုပ်မှုကို ပိုမိုတိုးပွားစေပြီး သွေးလှည့်ပတ်မှု့ကို ကောင်းမွန်စေကာ၊ သူလည်းပဲ ကျားအင်္ဂါအတွင်း သွေးဝင်ရောက်မှုကို အားကောင်းစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အများကြီးတော့ မသောက်သုံးသင့်ပဲ တစ်နေ့ ၂ ခွက်လောက်သာ ပုံမှန်သောက်သုံး ပေးသင့်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီဟာလည်း သင့်ခွန်အားနဲ့ စွမ်းရည်တိုးတက်စေဖို့ အထောက်အကူပေးတဲ့ အစားအစာတစ်ခုဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့ ကောင်းကျိုးများကို သူကလည်းပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင်သူဟာ ကျားအင်္ဂါကြွက်သားတွေကို ပိုမိုအားကောင်းစေတဲ့ အစွမ်းသတ္တိရှိပြီး မုန်လာဥစားရင်း ဖလန်းဖလန်းထလို့ရပြီ ဖြစ်ပါတယ်။

Credit : momolay



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top