iMyanmarHouse.com - Best Property Website for Myanmar
×

လူမေနတာၾကာျပီးမွ ျပန္ေနတဲ့ အိမ္ေတြ၊ သက္တမ္းၾကာျမင့္ေနျပီျဖစ္တဲ့ အိမ္ေတြဆို ပုရြက္ဆိတ္နဲ႔ ပုိးမႊားေတြကို ပိုဂရုျပဳသင့္ပါတယ္။ ဒီလိုအိမ္ေတြမွာ ပုရြက္ဆိတ္ေတြဟာ စိတ္အေႏွာင့္အယွက္ျဖစ္ရေလာက္ေအာင္လည္း ပိုမ်ားတတ္ပါတယ္။ ပုရြက္ဆိတ္ေတြကို ကာကြယ္တားဆီးႏုိင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။

၁ - ေပါင္ဒါ

ေပါင္ဒါမႈန္႔ကို အသံုးျပဳျပီး တားဆီးလို႔ရပါတယ္။ ကေလးေပါင္ဒါမႈန္႔အခ်ိဳ႕ကေတာ့ ေျပာင္းဖူးနဲ႔လုပ္ထားတာေၾကာင့္ ပုရြက္ဆိတ္ေတြကို တားဆီးရမွာ ထိေရာက္မႈ ရွိမွာ မဟုတ္ပါဘူး။ ေပါင္ဒါေတြ ျပဳလုပ္ရာမွာ ထည့္သြင္းအသံုးျပဳတဲ့ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ Talc ဟာ ပုရြက္ဆိတ္ေတြကို တားဆီးေပးတာ ျဖစ္ပါတယ္။

၂ - အဆိပ္အေတာက္ကင္းတဲ့ ပစၥည္းမ်ား

သဘာဝပစၥည္းေတြနဲ႔လည္း သင့္အိမ္ကို ပုရြက္ဆိတ္ရန္ကေန ကာကြယ္လို႔ ရပါတယ္။ ရွာလကာရည္၊ သစ္ၾကမ္းပိုးေခါက္၊ ငရုတ္ေကာင္း၊ ေလးညႇင္းပြင္ စတဲ့ ပစၥည္းေတြကို ေရာစပ္ျပီး အသံုးျပဳရင္လည္း ပုရြက္ဆိတ္ေတြ မလာရဲပါဘူး။

၃ - စားၾကြင္းစားက်န္

ပုရြက္ဆိတ္ေတြဟာ သင္စိတ္အေႏွာင့္အယွက္ျဖစ္ရေလာက္ေအာင္ကို မ်ားျပားေနတယ္ဆုိရင္ စားၾကြင္းစားက်န္ေတြ သိမ္းဆည္းပံုကို ဂရုစိုက္သင့္ပါတယ္။ စားၾကြင္စားက်န္ေတြကို စနစ္တက်သိမ္းဆည္းျခင္းမရွိရင္ ပုရြက္ဆိတ္ေတြကေတာ့ လာေနမွာပဲ ျဖစ္ပါတယ္။ သူတို႔ကိုလာဖို႔ သင့္ဘက္က ဖိတ္ေခၚသလိုလည္း ျဖစ္ေနပါတယ္။ စားၾကြင္းစားက်န္ေတြကို သုတ္သင္ရွင္းလင္းျပီးတဲ့အခါ စားပြဲမ်က္ႏွာျပင္ေတြ၊ ၾကမ္းျပင္ေတြကို ရွာလကာရည္ထည့္ထားတဲ့ေရ နည္းနည္းေလာက္ျဖန္းေပးသင့္ပါတယ္။

၄ - လက္ေဆးကန္နဲ႔ ဘူး

လက္ေဆးကန္ကိုလည္း ေဆးေၾကာျပီးတဲ့အခါမွာ သန္႔ရွင္းစြာ ထားဖို႔ အေရးၾကီးပါတယ္။ စားၾကြင္းစားက်န္ေတြက်န္ခဲ့တာဟာ ပုရြက္ဆိတ္နဲ႔ ပိုးမႊားေတြကို ဖိတ္ေခၚသလို ျဖစ္ေနတတ္ပါတယ္။  အစားအေသာက္ေတြကို ထည့္တဲ့ဘူးဟာလည္း ေလလံုတဲ့ ဘူးေတြျဖစ္ျပီး ပုရြက္ဆိတ္ေတြ အနံ႔ခံလို႔ မရတဲ့ ဘူးေတြ ျဖစ္သင့္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လူမနေတာကြာပြီးမှ ပြန်နေတဲ့ အိမ်တွေ၊ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ အိမ်တွေဆို ပုရွက်ဆိတ်နဲ့ ပိုးမွှားတွေကို ပိုဂရုပြုသင့်ပါတယ်။ ဒီလိုအိမ်တွေမှာ ပုရွက်ဆိတ်တွေဟာ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင်လည်း ပိုများတတ်ပါတယ်။ ပုရွက်ဆိတ်တွေကို ကာကွယ်တားဆီးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁ - ပေါင်ဒါ

ပေါင်ဒါမှုန့်ကို အသုံးပြုပြီး တားဆီးလို့ရပါတယ်။ ကလေးပေါင်ဒါမှုန့်အချို့ကတော့ ပြောင်းဖူးနဲ့လုပ်ထားတာကြောင့် ပုရွက်ဆိတ်တွေကို တားဆီးရမှာ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ပေါင်ဒါတွေ ပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုတဲ့ပစ္စည်းတစ်မျိုးဖြစ်တဲ့ Talc ဟာ ပုရွက်ဆိတ်တွေကို တားဆီးပေးတာ ဖြစ်ပါတယ်။

၂ - အဆိပ်အတောက်ကင်းတဲ့ ပစ္စည်းများ

သဘာဝပစ္စည်းတွေနဲ့လည်း သင့်အိမ်ကို ပုရွက်ဆိတ်ရန်ကနေ ကာကွယ်လို့ ရပါတယ်။ ရှာလကာရည်၊ သစ်ကြမ်းပိုးခေါက်၊ ငရုတ်ကောင်း၊ လေးညှင်းပွင် စတဲ့ ပစ္စည်းတွေကို ရောစပ်ပြီး အသုံးပြုရင်လည်း ပုရွက်ဆိတ်တွေ မလာရဲပါဘူး။

၃ - စားကြွင်းစားကျန်

ပုရွက်ဆိတ်တွေဟာ သင်စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင်ကို များပြားနေတယ်ဆိုရင် စားကြွင်းစားကျန်တွေ သိမ်းဆည်းပုံကို ဂရုစိုက်သင့်ပါတယ်။ စားကြွင်စားကျန်တွေကို စနစ်တကျသိမ်းဆည်းခြင်းမရှိရင် ပုရွက်ဆိတ်တွေကတော့ လာနေမှာပဲ ဖြစ်ပါတယ်။ သူတို့ကိုလာဖို့ သင့်ဘက်က ဖိတ်ခေါ်သလိုလည်း ဖြစ်နေပါတယ်။ စားကြွင်းစားကျန်တွေကို သုတ်သင်ရှင်းလင်းပြီးတဲ့အခါ စားပွဲမျက်နှာပြင်တွေ၊ ကြမ်းပြင်တွေကို ရှာလကာရည်ထည့်ထားတဲ့ရေ နည်းနည်းလောက်ဖြန်းပေးသင့်ပါတယ်။

၄ - လက်ဆေးကန်နဲ့ ဘူး

လက်ဆေးကန်ကိုလည်း ဆေးကြောပြီးတဲ့အခါမှာ သန့်ရှင်းစွာ ထားဖို့ အရေးကြီးပါတယ်။ စားကြွင်းစားကျန်တွေကျန်ခဲ့တာဟာ ပုရွက်ဆိတ်နဲ့ ပိုးမွှားတွေကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။  အစားအသောက်တွေကို ထည့်တဲ့ဘူးဟာလည်း လေလုံတဲ့ ဘူးတွေဖြစ်ပြီး ပုရွက်ဆိတ်တွေ အနံ့ခံလို့ မရတဲ့ ဘူးတွေ ဖြစ်သင့်ပါတယ်။

Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top