iMyanmarHouse.com - Best Property Website for Myanmar
×

က်ေနာ္တို႔အတြက္ အလုပ္တေနရာရရွိဖို႔ အင္တာဗ်ဴးေျဖဆိုရမႈဟာ ပညာသင္ခ်ိန္ကာလ စာေမးပြဲ ေျဖဆိုရသလိုပါ ပဲ။ ဒါေပမယ့္ ထူးျခားတာကေတာ့ အင္တာဗ်ဴးအေနနဲ႕ လူေတြ႕စစ္ေဆးမႈျဖစ္လာသလို ျပန္လည္ေျဖဆိုဖို႔အတြက္ ရရွိခ်ိန္ဟာ အလြန္တရာ တိုေတာင္းတာေၾကာင့္ ျမန္ျမန္နဲ႕ မွန္မွန္ေျဖနိုင္မွသာ သင္ေျဖဆိုတဲ့ အင္တာဗ်ဴး ေအာင္ျမင္ဖို႔ရာခိုင္ႏႈန္းမ်ား မွာလည္း ျဖစ္ပါတယ္။

ဒီလို အင္တာဗ်ဴးေျဖဆိုမႈေတြထဲက အလုပ္နဲ႕မပတ္သတ္ဘဲ ေမးျမန္းလာနိုင္တဲ့ ေမးခြန္းတခ်ိဳ႕လည္းရွိပါတယ္။ ဘယ္လိုမ်ိဳး ေတြပါလဲ။

(၁) သင့္ရဲ႕ခြန္အားေတြကို အခုအလုပ္ဝင္မယ့္ ေနရာမွာ ဘယ္လို အသုံးခ်မလဲ

ရိုးရိုးေလးျဖစ္ေပမယ့္ ေမးခြန္းက နည္းနည္း လည္ေနေစပါတယ္။ မန္ေနဂ်ာ အလုပ္လာေလွ်ာက္သူအတြက္ အေကာင္းဆုံး စီမံခန႔္ခြဲမႈ လုပ္ပါမယ္လို႔ ေျဖၾကမယ္လို႔ ယူဆမိသလို စာေရးရာထူးအတြက္ အလုပ္မၿပီးမခ်င္း အိမ္မျပန္ဘဲ အလုပ္ကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ပါမယ္လို႔ ေျဖၾကမွာလား။

တခါတေလမွာ ေမးသူနဲ႕ေျဖသူရဲ႕အၾကားမွာ ေမးခြန္းကို နားလည္မႈလြဲျခင္းက အေျဖမွားတခု ထြက္လာေစနိုင္ပါတယ္။ သင္ေလွ်ာက္ထားတဲ့ အလုပ္အေနအထားအေပၚ မူတည္ၿပီး အေျဖကို ေပးပါ။

ခြန္အားဆိုတဲ့စကားဟာ မန္ေနဂ်ာရာထူး ေလွ်ာက္ထားသူအတြက္ အေတြ႕အႀကဳံလို႔ ယူဆသင့္သလို စာေရးရာထူး ေလွ်ာက္ထားသူအတြက္ ႀကိဳးစားမႈလို႔ ျမင္ပါ။ ေမးသူရဲ႕ေမးခြန္းအတိုင္း ခြန္အားကို တြက္ၿပီး အေျဖမေပးပါနဲ႕။

(၂) လုပ္ငန္းခြင္ထဲမွာ ဘယ္လိုေျပာဆိုခ်ိတ္ဆက္ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္မွာလဲ

အခု ေမးခြန္းေမးလာၿပီဆိုရင္ေတာ့ သင့္အေနနဲ႕ အစုအဖြဲ႕လိုက္ ပူးေပါင္းလုပ္ေဆာင္ရမယ့္ တာဝန္မ်ိဳးကို ေနရာေပး ေတာ့မွာပါ။ ဆုံးျဖတ္ခ်က္တခု ခ်ဖိဳ႕အတြက္ အားလုံးရဲ႕ ဆႏၵရယူခ်မွတ္ရမယ့္ အလုပ္မ်ိဳးဆိုတာ နားလည္ထားပါ။

ဒီေမးခြန္းအတြက္ အေျဖက ပူးေပါင္းလုပ္ေဆာင္မႈဆိုတာ အျပသေဘာထက္ အျပဳသေဘာ ေအာင္ျမင္မႈရေအာင္ အေကာင္း ဆုံး လုပ္ေဆာင္မႈပါ၊ က်ေနာ့္ရဲ႕စုေပါင္းလုပ္ေဆာင္နိုင္မႈ စြမ္းေဆာင္ရည္ဟာ အလုပ္နဲ႕ သက္ေသျပဖို႔ အသင့္ပါပဲလို႔ ေျဖဆိုတာ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

(၃) အလုပ္တာဝန္ေတြထဲက ဦးစားေပးအလုပ္ေတြကို ဘယ္လို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္မလဲ၊ အာ႐ုံစိုက္လုပ္မွာလား၊ အားထည့္လုပ္မွာလား
ဒီေမးခြန္က အလုပ္တာဝန္အၿပိဳင္ ႏွစ္ခု၊ သုံးခု ေပးနိုင္မယ္ဆိုတဲ့ သေဘာပါ။ ေ႐ြးခ်ယ္ခိုင္းျခင္း ျဖစ္ပါတယ္။ ဒါေပမယ့္ အာ ႐ုံစိုက္မယ္ ဒါမွမဟုတ္ အားထည့္မယ္ဆိုတဲ့ ေမးခြန္းတခုကို ေ႐ြးခ်ယ္လိုက္တာနဲ႕ သင္ မွားပါလိမ့္မယ္။

ေ႐ြးခ်ယ္မႈကို လုပ္ေဆာင္ျခင္းက သင္ဟာ ကိုယ္ပိုင္စဥ္းစားမႈ အားနည္းတယ္ ဆိုတာကို ျပလိုက္သလိုျဖစ္ေစပါတယ္။ ဘယ္ အလုပ္က ပိုၿပီး ဦးစားေပးသင့္တယ္ ဆိုတာ စဥ္းစားဆုံးျဖတ္ၿပီး အလုပ္စဥ္အတိုင္း အခ်ိန္မီ ၿပီးေျမာက္ေအာင္လုပ္ေဆာင္ ပါမယ္လို႔ ကိုယ္ပိုင္ဟန္နဲ႕ ေျဖဆိုတာ အေကာင္းဆုံးပါ။

(၄) သင္နဲ႕ လက္ရွိဝန္ထမ္းေတြ အၾကား ပူးေပါင္းလုပ္ေဆာင္မႈ အျမန္ဆုံး တိုးတက္ေကာင္းမြန္ေအာင္ ဘယ္လို ခ်ိတ္ ဆက္ မယ္ စဥ္းစားမိသလဲ

ေသခ်ာတာတခုက လက္ရွိ ဝန္ထမ္းေတြနဲ႕ သင္နဲ႕ ၾကားမွာ စိမ္းေနမွာပါပဲ။ အျမန္ဆုံး အသားက်မွာ မဟုတ္ေပမယ့္ အလုပ္ ရွင္ကေတာ့ ျမန္ျမန္အသားက်ၿပီး ပူးေပါင္းလုပ္ေဆာင္မႈေကာင္းကို ျမင္ခ်င္မွာပါ။

ဒီအတြက္ကေတာ့ အေျဖက သင့္ရဲ႕ကိုယ္ပိုင္စကားလုံးေတြနဲ႕ သင္ ဘယ္လို ခ်ိဳသာေျပာဆို ဆက္ဆံတယ္တယ္ဆိုတာနဲ႕ ပူး ေပါင္းႀကိဳးစားလိုစိတ္ရွိလာေအာင္ ဘယ္လို လႈံ႕ေဆာ္အားေပးနိုင္တယ္ဆိုတာ ေျပာျပလိုက္တာ အေကာင္းဆုံးပါ။

(၅) သင့္ဝန္ထမ္းအဖြဲ႕ကို ဘယ္လို ျမင္သလဲ၊ သူတို႔ကို ဘယ္လို လက္တြဲေခၚမလဲ


သင့္အတြက္ အေျခအေနေကာင္းေနပါၿပီ၊ အလုပ္ရေတာ့မယ့္ သေဘာပါ။ ဒါေပမယ့္ သင့္အတြက္ ပူးေပါင္းလုပ္ေဆာင္ရမယ့္ အဖြဲ႕ ရွိေနပါၿပီ။

သင္တေယာက္တည္း ေအာင္ျမင္ေအာင္ ႀကိဳးစားေန႐ုံနဲ႕ မျဖစ္ေတာ့ပါဘူး။ သင့္ရဲ႕အဖြဲ႕ကိုပါ တြဲေခၚရမယ့္သေဘာပါ။

ေမးခြန္း၄မွာ ေျဖဆိုပုံအတိုင္း ဘယ္လို ပူးေပါင္းေဆာင္႐ြက္မယ္၊ အစီအစဥ္ ခ်မယ္၊ ရည္မွန္းခ်က္ထား ေအာင္ျမင္ေအာင္ လုပ္ေဆာင္မယ္ဆိုတာကို အေသးစိပ္ ခ်ျပ၊ ေျဖၾကားပါ။

ဒီေမးခြန္းဟာ သင့္အင္တာဗ်ဴးအတြက္ ေနာက္ဆုံးေမးခြန္းျဖစ္ဖို႔မ်ားၿပီး ဒီေမးခြန္းရဲ႕အေျဖဟာ သင့္ကို ဝန္ထမ္းကတ္တခု ရေစနိုင္မွာပါ။

Credit: ခ်စ္ေဖ (ေတာင္တြင္းေျမ)
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျနော်တို့အတွက် အလုပ်တနေရာရရှိဖို့ အင်တာဗျူးဖြေဆိုရမှုဟာ ပညာသင်ချိန်ကာလ စာမေးပွဲ ဖြေဆိုရသလိုပါ ပဲ။ ဒါပေမယ့် ထူးခြားတာကတော့ အင်တာဗျူးအနေနဲ့ လူတွေ့စစ်ဆေးမှုဖြစ်လာသလို ပြန်လည်ဖြေဆိုဖို့အတွက် ရရှိချိန်ဟာ အလွန်တရာ တိုတောင်းတာကြောင့် မြန်မြန်နဲ့ မှန်မှန်ဖြေနိုင်မှသာ သင်ဖြေဆိုတဲ့ အင်တာဗျူး အောင်မြင်ဖို့ရာခိုင်နှုန်းများ မှာလည်း ဖြစ်ပါတယ်။

ဒီလို အင်တာဗျူးဖြေဆိုမှုတွေထဲက အလုပ်နဲ့မပတ်သတ်ဘဲ မေးမြန်းလာနိုင်တဲ့ မေးခွန်းတချို့လည်းရှိပါတယ်။ ဘယ်လိုမျိုး တွေပါလဲ။

(၁) သင့်ရဲ့ခွန်အားတွေကို အခုအလုပ်ဝင်မယ့် နေရာမှာ ဘယ်လို အသုံးချမလဲ

ရိုးရိုးလေးဖြစ်ပေမယ့် မေးခွန်းက နည်းနည်း လည်နေစေပါတယ်။ မန်နေဂျာ အလုပ်လာလျှောက်သူအတွက် အကောင်းဆုံး စီမံခန့်ခွဲမှု လုပ်ပါမယ်လို့ ဖြေကြမယ်လို့ ယူဆမိသလို စာရေးရာထူးအတွက် အလုပ်မပြီးမချင်း အိမ်မပြန်ဘဲ အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါမယ်လို့ ဖြေကြမှာလား။

တခါတလေမှာ မေးသူနဲ့ဖြေသူရဲ့အကြားမှာ မေးခွန်းကို နားလည်မှုလွဲခြင်းက အဖြေမှားတခု ထွက်လာစေနိုင်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အနေအထားအပေါ် မူတည်ပြီး အဖြေကို ပေးပါ။

ခွန်အားဆိုတဲ့စကားဟာ မန်နေဂျာရာထူး လျှောက်ထားသူအတွက် အတွေ့အကြုံလို့ ယူဆသင့်သလို စာရေးရာထူး လျှောက်ထားသူအတွက် ကြိုးစားမှုလို့ မြင်ပါ။ မေးသူရဲ့မေးခွန်းအတိုင်း ခွန်အားကို တွက်ပြီး အဖြေမပေးပါနဲ့။

(၂) လုပ်ငန်းခွင်ထဲမှာ ဘယ်လိုပြောဆိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာလဲ

အခု မေးခွန်းမေးလာပြီဆိုရင်တော့ သင့်အနေနဲ့ အစုအဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ရမယ့် တာဝန်မျိုးကို နေရာပေး တော့မှာပါ။ ဆုံးဖြတ်ချက်တခု ချဖို့အတွက် အားလုံးရဲ့ ဆန္ဒရယူချမှတ်ရမယ့် အလုပ်မျိုးဆိုတာ နားလည်ထားပါ။

ဒီမေးခွန်းအတွက် အဖြေက ပူးပေါင်းလုပ်ဆောင်မှုဆိုတာ အပြသဘောထက် အပြုသဘော အောင်မြင်မှုရအောင် အကောင်း ဆုံး လုပ်ဆောင်မှုပါ၊ ကျနော့်ရဲ့စုပေါင်းလုပ်ဆောင်နိုင်မှု စွမ်းဆောင်ရည်ဟာ အလုပ်နဲ့ သက်သေပြဖို့ အသင့်ပါပဲလို့ ဖြေဆိုတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃) အလုပ်တာဝန်တွေထဲက ဦးစားပေးအလုပ်တွေကို ဘယ်လို ပြီးမြောက်အောင် လုပ်ဆောင်မလဲ၊ အာရုံစိုက်လုပ်မှာလား၊ အားထည့်လုပ်မှာလား
ဒီမေးခွန်က အလုပ်တာဝန်အပြိုင် နှစ်ခု၊ သုံးခု ပေးနိုင်မယ်ဆိုတဲ့ သဘောပါ။ ရွေးချယ်ခိုင်းခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အာ ရုံစိုက်မယ် ဒါမှမဟုတ် အားထည့်မယ်ဆိုတဲ့ မေးခွန်းတခုကို ရွေးချယ်လိုက်တာနဲ့ သင် မှားပါလိမ့်မယ်။

ရွေးချယ်မှုကို လုပ်ဆောင်ခြင်းက သင်ဟာ ကိုယ်ပိုင်စဉ်းစားမှု အားနည်းတယ် ဆိုတာကို ပြလိုက်သလိုဖြစ်စေပါတယ်။ ဘယ် အလုပ်က ပိုပြီး ဦးစားပေးသင့်တယ် ဆိုတာ စဉ်းစားဆုံးဖြတ်ပြီး အလုပ်စဉ်အတိုင်း အချိန်မီ ပြီးမြောက်အောင်လုပ်ဆောင် ပါမယ်လို့ ကိုယ်ပိုင်ဟန်နဲ့ ဖြေဆိုတာ အကောင်းဆုံးပါ။

(၄) သင်နဲ့ လက်ရှိဝန်ထမ်းတွေ အကြား ပူးပေါင်းလုပ်ဆောင်မှု အမြန်ဆုံး တိုးတက်ကောင်းမွန်အောင် ဘယ်လို ချိတ် ဆက် မယ် စဉ်းစားမိသလဲ

သေချာတာတခုက လက်ရှိ ဝန်ထမ်းတွေနဲ့ သင်နဲ့ ကြားမှာ စိမ်းနေမှာပါပဲ။ အမြန်ဆုံး အသားကျမှာ မဟုတ်ပေမယ့် အလုပ် ရှင်ကတော့ မြန်မြန်အသားကျပြီး ပူးပေါင်းလုပ်ဆောင်မှုကောင်းကို မြင်ချင်မှာပါ။

ဒီအတွက်ကတော့ အဖြေက သင့်ရဲ့ကိုယ်ပိုင်စကားလုံးတွေနဲ့ သင် ဘယ်လို ချိုသာပြောဆို ဆက်ဆံတယ်တယ်ဆိုတာနဲ့ ပူး ပေါင်းကြိုးစားလိုစိတ်ရှိလာအောင် ဘယ်လို လှုံ့ဆော်အားပေးနိုင်တယ်ဆိုတာ ပြောပြလိုက်တာ အကောင်းဆုံးပါ။

(၅) သင့်ဝန်ထမ်းအဖွဲ့ကို ဘယ်လို မြင်သလဲ၊ သူတို့ကို ဘယ်လို လက်တွဲခေါ်မလဲ

သင့်အတွက် အခြေအနေကောင်းနေပါပြီ၊ အလုပ်ရတော့မယ့် သဘောပါ။ ဒါပေမယ့် သင့်အတွက် ပူးပေါင်းလုပ်ဆောင်ရမယ့် အဖွဲ့ ရှိနေပါပြီ။

သင်တယောက်တည်း အောင်မြင်အောင် ကြိုးစားနေရုံနဲ့ မဖြစ်တော့ပါဘူး။ သင့်ရဲ့အဖွဲ့ကိုပါ တွဲခေါ်ရမယ့်သဘောပါ။

မေးခွန်း၄မှာ ဖြေဆိုပုံအတိုင်း ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်၊ အစီအစဉ် ချမယ်၊ ရည်မှန်းချက်ထား အောင်မြင်အောင် လုပ်ဆောင်မယ်ဆိုတာကို အသေးစိပ် ချပြ၊ ဖြေကြားပါ။

ဒီမေးခွန်းဟာ သင့်အင်တာဗျူးအတွက် နောက်ဆုံးမေးခွန်းဖြစ်ဖို့များပြီး ဒီမေးခွန်းရဲ့အဖြေဟာ သင့်ကို ဝန်ထမ်းကတ်တခု ရစေနိုင်မှာပါ။

Credit: ချစ်ဖေ (တောင်တွင်းမြေ)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top