iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္က မီးဖုိေခ်ာင္ထဲမွာ အၿမဲတမ္း႐ွိေနတဲ့ ဟင္းခတ္တစ္မ်ိဳးကို ျပပါဆုိရင္ ၾကက္သြန္နဲ႔ ဂ်င္းပါပဲ။ ဂ်င္းအေၾကာင္း ေျပာရေအာင္ပါ။ ဂ်င္းကို ဟင္းတိုင္းမွာေတာ့ ထည့္ခ်က္ေလ့မရွိပါဘူး။ အရသာက ပူစပ္စပ္႐ွိၿပီး ဟင္းရဲ႕အနံ႔အရသာကို ေကာင္းမြန္သြားတဲ့ဂ်င္းဟာ က်န္းမာေရးအတြက္လည္း အေထာက္အကူေကာင္းေတြျဖစ္ေစပါတယ္။ သင့္တင့္ေလ်ာက္ပတ္တဲ့ ပမာဏကိုသာ စားေပးမယ္ဆုိ အရမ္းကို ေကာင္းက်ိဳးေပးမွာ အေသခ်ာအခ်ာပါပဲ။

၁။ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပး

ဂ်င္းမွာပါဝင္တဲ့ sesuiterpenes ဆုိတဲ့ ဓာတ္တစ္မ်ိဳးက အေအးမိျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္စြမ္း ရွိပါတယ္။ ဂ်င္းပါးျပားျပားေလးေတြကို ေရေႏြးထဲထည့္ေသာက္ေပးမယ္ဆို ႏွာေစး၊ ႏွာပိတ္တာ စတဲဲ့ အေအးမိတုပ္ေကြးရဲ႕ ေဝဒနာေတြကို သက္သာေစေၾကာင္း ကာဒစ္ဖ္ တကၠသိုလ္ရဲ႕ သုေတသီေတြက သက္ေသျပခဲ့ၾကပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္း (antioxidants) ေတြလည္း ပါဝင္လို႔ ကိုယ္ခံစြမ္းအားကို ျမင့္တက္လာေစဦးမွာပါ။ အဖ်ားကို က်ေစၿပီး နာက်င္မႈေတြကို သက္သာေစပါတယ္။

၂။ အဆစ္ျမစ္ကိုက္ခဲမႈသက္သာေစ

အ႐ိုးအဆစ္ေတြ နာက်င္ကိုက္ခဲတာ၊ ေရာင္ရမ္းတာေတြကိုလည္း သက္သာေစပါတယ္။ ဂ်င္းမွာပါဝင္တဲ့ gingerols က ေရာင္ရမ္းမႈကို ျဖစ္ေပၚေစတဲ့ cytokines ေတြ ျဖစ္မလာေအာင္ ဟန္႔တားေပးႏိုင္ပါတယ္။ ဒူးဆစ္ေတြ ကိုက္တာကိုလည္း သက္သာေစတာမို႔ ဂ်င္းဟာ အသက္ၾကီးသူေတြ ေဆာင္ထားရမယ့္ သဘာဝေဆးတစ္ခုပါပဲ။

၃။ ၾကြက္သားနာက်င္မႈ သက္သာေစ

Gym သြားလို႔ ၾကြက္သားေတြ နာက်င္တာ၊ အေလးအပင္ သယ္ရလို႔၊ ေျပးလို႔၊ စသျဖင့္ ပံုမွန္လႈပ္ရွားမႈထက္ ပိုမိုလႈပ္ရွားတဲ့အခါ ၾကြက္သားမွ်င္ ေသးေသးေလးေတြက စုတ္ၿပဲသြားရပါတယ္။ ေနာက္ဆက္တြဲ ၾကံဳရတဲ့ ၾကြက္သားနာက်င္ကိုက္ခဲမႈေတြကိုေတာ့ ဂ်င္းကို ေဆးတစ္လက္လို ကုသေပးႏိုင္ပါတယ္။ ဂ်င္း ၂ ဂရမ္ ပမာဏကို ေန႔စဥ္စားေပးမယ္ဆုိ ေလ့က်င့္ခန္းလုပ္လို႔ ျဖစ္လာတဲ့ ၾကြက္သားနာက်င္မႈေတြဟာ ၂၄ နာရီအတြင္း ေပ်ာက္သြားမွာျဖစ္ပါတယ္။

၄။ ေခါင္းကိုက္သက္သာ

ေခါင္းတစ္ျခမ္းကိုက္တဲ့ကိစၥဟာ လူအေတာ္မ်ားမ်ား ၾကံဳရပါတယ္။ ရံဖန္ရံခါမွ ျဖစ္တတ္တာမ်ိဳး ဆုိသည့္တုိင္ေအာင္ ဘယ္သူကမွေတာ့ မခံစားလိုၾကပါဘူး။ ဂ်င္းေျခာက္မႈန္႔ကို ေသာက္ျခင္းေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္တာကို သက္သာေစပါတယ္။ အာ႐ံုေၾကာပညာ႐ွင္ေတြကေတာ့ ဂ်င္းဟာ ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈကို ေထာက္ပံ့ေပးတယ္လုိ႔လည္း ဆုိၾကပါတယ္။
Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်က မီးဖိုချောင်ထဲမှာ အမြဲတမ်းရှိနေတဲ့ ဟင်းခတ်တစ်မျိုးကို ပြပါဆိုရင် ကြက်သွန်နဲ့ ဂျင်းပါပဲ။ ဂျင်းအကြောင်း ပြောရအောင်ပါ။ ဂျင်းကို ဟင်းတိုင်းမှာတော့ ထည့်ချက်လေ့မရှိပါဘူး။ အရသာက ပူစပ်စပ်ရှိပြီး ဟင်းရဲ့အနံ့အရသာကို ကောင်းမွန်သွားတဲ့ဂျင်းဟာ ကျန်းမာရေးအတွက်လည်း အထောက်အကူကောင်းတွေဖြစ်စေပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ပမာဏကိုသာ စားပေးမယ်ဆို အရမ်းကို ကောင်းကျိုးပေးမှာ အသေချာအချာပါပဲ။

၁။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး

ဂျင်းမှာပါဝင်တဲ့ sesuiterpenes ဆိုတဲ့ ဓာတ်တစ်မျိုးက အအေးမိခြင်းကို သက်သာပျောက်ကင်းစေနိုင်စွမ်း ရှိပါတယ်။ ဂျင်းပါးပြားပြားလေးတွေကို ရေနွေးထဲထည့်သောက်ပေးမယ်ဆို နှာစေး၊ နှာပိတ်တာ စတဲ့ အအေးမိတုပ်ကွေးရဲ့ ဝေဒနာတွေကို သက်သာစေကြောင်း ကာဒစ်ဖ် တက္ကသိုလ်ရဲ့ သုတေသီတွေက သက်သေပြခဲ့ကြပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေလည်း ပါဝင်လို့ ကိုယ်ခံစွမ်းအားကို မြင့်တက်လာစေဦးမှာပါ။ အဖျားကို ကျစေပြီး နာကျင်မှုတွေကို သက်သာစေပါတယ်။

၂။ အဆစ်မြစ်ကိုက်ခဲမှုသက်သာစေ

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ ဂျင်းမှာပါဝင်တဲ့ gingerols က ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ cytokines တွေ ဖြစ်မလာအောင် ဟန့်တားပေးနိုင်ပါတယ်။ ဒူးဆစ်တွေ ကိုက်တာကိုလည်း သက်သာစေတာမို့ ဂျင်းဟာ အသက်ကြီးသူတွေ ဆောင်ထားရမယ့် သဘာဝဆေးတစ်ခုပါပဲ။

၃။ ကြွက်သားနာကျင်မှု သက်သာစေ

Gym သွားလို့ ကြွက်သားတွေ နာကျင်တာ၊ အလေးအပင် သယ်ရလို့၊ ပြေးလို့၊ စသဖြင့် ပုံမှန်လှုပ်ရှားမှုထက် ပိုမိုလှုပ်ရှားတဲ့အခါ ကြွက်သားမျှင် သေးသေးလေးတွေက စုတ်ပြဲသွားရပါတယ်။ နောက်ဆက်တွဲ ကြုံရတဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကိုတော့ ဂျင်းကို ဆေးတစ်လက်လို ကုသပေးနိုင်ပါတယ်။ ဂျင်း ၂ ဂရမ် ပမာဏကို နေ့စဉ်စားပေးမယ်ဆို လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတဲ့ ကြွက်သားနာကျင်မှုတွေဟာ ၂၄ နာရီအတွင်း ပျောက်သွားမှာဖြစ်ပါတယ်။

၄။ ခေါင်းကိုက်သက်သာ

ခေါင်းတစ်ခြမ်းကိုက်တဲ့ကိစ္စဟာ လူအတော်များများ ကြုံရပါတယ်။ ရံဖန်ရံခါမှ ဖြစ်တတ်တာမျိုး ဆိုသည့်တိုင်အောင် ဘယ်သူကမှတော့ မခံစားလိုကြပါဘူး။ ဂျင်းခြောက်မှုန့်ကို သောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေပါတယ်။ အာရုံကြောပညာရှင်တွေကတော့ ဂျင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုကို ထောက်ပံ့ပေးတယ်လို့လည်း ဆိုကြပါတယ်။
Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top