မိတ်ကပ်မလိမ်းခင်
ဝက်ခြံ သက်သာစေခြင်း
အလုပ်ကို
မီးလောင်ဖု၊
Credit:ကြယ်စင်
Unicode Version
ရေခဲတုံးရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
မျက်နှာကို လန်းဆန်းစေခြင်း
မိတ်ကပ်မလိမ်းခင် ရေခဲတုံးကို မျက်နှာအသားအရေအနှံ့ သုတ်လိမ်းပေးပါ။ ချက်ချင်းတောက်ပလာပါလိမ့် မယ်။ ရေခံတုံးကို နူးညံ့တဲ့ အဝတ်စ ဒါမှမဟုတ်တစ်သျှူးနဲ့ အုပ်ပြီး မျက်နှာပေါ် အုပ်ပါ။ ပြီးမှ မိတ်ကပ်လိမ်း ရင် မိတ်ကပ်သား စွဲစေပါတယ်။
နေလောင်ဒဏ်ရာ ပျောက်စေခြင်း
ရေခဲတုံးကို နေလောင်ထားတဲ့ အရေပြားပေါ်တွင် ပွတ်လိမ်းပေးရင် အလွန်အေးမြသက်သာစေတဲ့ ခံစား ချက်ရှိပါတယ်။
ဝက်ခြံ သက်သာစေခြင်း
ဝက်ခြံအဖုအပိမ့်တွေပေါ် ရေခဲကပ်ပေးရင် အရေပြားကို အေးမြစေတဲ့ ခံစားချက်ရှိပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျဉ်းစေပြီး အရေပြားအတွင်း ဘက်တီးရီးယားပိုးတွေ မဝင်ရောက်နိုင်အောင်ကာကွယ် ပေးပါတယ်။ သန့်ရှင်းတဲ့ ပိတ်စထဲ ရေခဲတုံးထည့်ပြီး အမာရွတ်ပေါ်ကို နေ့စဉ် ၁၀ မိနစ်ခန့် ပွတ်သပ်ပေးပါ။ ချွေးပေါက် ကျဉ်းပြီး ရောင်ရမ်းမှုလျော့ကျစေပါတယ်။
မျက်စိကို အနာရစေခြင်း
အလုပ်ကို ကြာကြာလုပ်ပြီး ပင်ပန်းနေရင်၊ ကွန်ပျူတာစခရင်ကို ကြာကြာကြည့်ထားရင် ရေခဲတုံးထည့်ထား တဲ့ ပိတ်စကို မျက်စိပေါ်အုပ်ပေးပါ။ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေရုံသာမက မျက်စိဖောင်းအစ်မှုကို ကင်းစင်စေပါတယ်။
အမွေးနုတ်လျှင် နာကျင်မှု မရှိခြင်း
မျက်ခုံမွှေးနုတ်တဲ့အခါ နာကျင်မှု မရှိစေဖို့ မျက်ခုံးမွှေးပေါ်ကို ရေခဲတုံးကပ်ပေးပါ။ အဲဒီနေရာ ထုံသွားပြီး အမွေးနုတ်တဲ့အခါ နာကျင်မှု ကင်းစေပါတယ်။
မီးလောင်ဖု သက်သာစေခြင်း
မီးလောင်ဖု၊ အရည်ကြည်ဖုတွေပေါ်ကို ရေခဲထုပ်ထားတဲ့ ပိတ်စအုပ်ပေးရင် အရေပြားကို နောက်ထပ် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပါတယ်။ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။
ကြွက်သားနာကျင်မှု လျော့ပါးစေခြင်း
ကြွက်သားရောင်ရမ်းမှုနဲ့ နာကျင်မှုသက်သာစေဖို့ ရေခဲတုံးကပ်ပေးနိုင်ပါတယ်။
Credit:ကြယ်စင်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ရေခဲတုံး၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ ..!
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။