ခ်စ္ေရးခ်စ္ရာ အေၾကာင္းအရာေတြနဲ႕ ပတ္သက္ရင္ လူေတြေျပာေနတဲ့ အခ်က္အလက္ေတြက ဆံုးႏိုင္မွာကို မဟုတ္ပါဘူး။ ဒီအခ်က္ေတြအတိုင္း လိုက္ျပီး လုပ္ေဆာင္ေနရတာ သင့္အေနနဲ႕ တကယ့္ အခ်စ္စစ္ကို ရွာမေတြ႕ႏိုင္သလို၊ စိတ္ပ်က္စရာေကာင္းတဲ့ အခ်စ္ေရးနဲ႕လည္း ၾကံဳေတြ႕ႏိုင္ပါေသးတယ္။ ကဲ ဘယ္ေလာက္အာရံုေနာက္စရာေကာင္းသလဲ။ လူေတြယံုၾကည္ေနတဲ့ အခ်ိဳ႕အရာေတြဟာ တကယ္ေတာ့ ဘာမွအသံုးမ၀င္တဲ့ အခ်က္ေတြ ျဖစ္ေနတယ္လုိ႕ ေျပာရင္ သင္ယံုၾကည္ႏိုင္မလား။ ဥပမာ ဒီအခ်က္ (၃) ခ်က္လိုမ်ိဳးေပါ့။
၁။ တစ္ေယာက္တည္းေနတာထက္စာရင္ ခ်စ္သူရည္းစားရွိတာ ပိုေကာင္းပါတယ္ ဆုိတာမ်ိဳး။
တကယ္ေတာ့ စိတ္ပ်က္စရာေကာင္းတဲ့ အခ်စ္ေရးနဲ႕ၾကံဳေနရတဲ့သူေတြ၊ ကိုယ့္ကိုအႏိုင္က်င့္ျပီး လိမ္ညာေနတဲ့ ခ်စ္သူရည္းစားနဲ႕ ရည္းစားေတာ္ထားရတဲ့သူေတြ၊ ဘာဆံုးျဖတ္ပိုင္ခြင့္မွ ကုိယ့္မွာမရွိပဲ တစ္ခုခုဆုိ ခ်စ္သူရဲ႕ အမိန္နဲ႕ျပဳမူေနထုိင္ရသူေတြအတြက္ေတာ့ ခ်စ္သူရည္စားထားတာထက္စာရင္ တစ္ေယာက္တည္း ေနရတာ ပိုမေကာင္းဘူးလား။ ကိုယ္မေပ်ာ္ရႊင္ေတာ့တဲ့ အရာတစ္ခုကို တာ၀န္အရ လုပ္ေဆာင္ေနတာမ်ိဳးဟာ သင့္ကိုျငိမ္းခ်မ္းသာယာမႈ မေပးႏိုင္သလို ကိုယ့္ကိုယ္ကို ညဥ္းဆဲေနတာနဲ႕ အတူတူပါပဲ။
၂။ေရႊမင္းသား/ေရႊမင္းသမီးေလးက ေပၚလာမွာပဲ၊ သင့္အေနနဲ႕ စိတ္ရွည္ရွည္ေစာင့္ဖုိ႕သာ လိုတယ္ဆုိတာမ်ိဳး။
ငယ္ငယ္တုန္းက ဖတ္ခဲ့ရတဲ့ကာတြန္းေတြလို၊ ၾကည့္ခဲ့ရတဲ့ ရုပ္ရွင္ဇာတ္ကားေတြလို သင့္အတြက္ ခ်စ္ဖုိ႕ေကာင္းျပီး ေခ်ာေမာတဲ့ ဖူးစာရွင္က ေပၚကိုေပၚလာမွာမုိ႕ သင့္အေနနဲ႕ သူသင့္ေရွ႕ေရာက္လာတဲ့အထိ ေစာင့္ရမယ္ဆိုတဲ့ ယံုၾကည္ခ်က္ အယူအဆေတြဟာ တကယ္ေတာ့ မေတြးသင့္ေတာ့တဲ့ အရာေတြပါ။ အဲ့ဒီလို ယံုၾကည္ေစာင့္ေမ်ွာ္ေနမယ့္အစား သင့္ကိုတကယ္ခ်စ္တဲ့ လက္ေတြ႕ဘ၀ထဲက လူေတြကိုသာ သင္ဦးစားေပး စဥ္းစားသင့္တယ္ မဟုတ္ပါလား။
၃။ကိုယ္က လူတစ္ေယာက္ကို တြယ္တာသြားျပီဆုိ အဲ့ဒီလူအတြက္ ကိုယ္က်ိဳးစြန္႕ဖုိ႕ ၀န္မေလးဘူး ဆိုတာမ်ိဳး။
လူတစ္ေယာက္ကုိ ခ်စ္မိသြားရင္ အဲ့ဒီလူေကာင္းစားဖုိ႕၊ သူေပ်ာ္ရႊင္ဖုိ႕ ခ်စ္သူတစ္ေယာက္အေနနဲ႕ ၾကိဳးစားလုပ္ေဆာင္ၾကတာ နားလည္ပါတယ္။ ဒါေပမယ့္ သူအရာအားလံုး စိတ္ေက်နပ္ေပ်ာ္ရႊင္ေစဖုိ႕ သင့္ဘက္က မလိုက္ေလ်ာသင့္တာေတြ လိုက္ေလ်ာရမယ္၊ သင့္အိပ္မက္ေတြ လက္လႊတ္ရမယ္ဆုိတာမ်ိဳး ကေတာ့ ဘယ္လိုမွ မျဖစ္သင့္ပါဘူး။
Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်ရေးချစ်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်ရင် လူတွေပြောနေတဲ့ အချက်အလက်တွေက ဆုံးနိုင်မှာကို မဟုတ်ပါဘူး။ ဒီအချက်တွေအတိုင်း လိုက်ပြီး လုပ်ဆောင်နေရတာ သင့်အနေနဲ့ တကယ့် အချစ်စစ်ကို ရှာမတွေ့နိုင်သလို၊ စိတ်ပျက်စရာကောင်းတဲ့ အချစ်ရေးနဲ့လည်း ကြုံတွေ့နိုင်ပါသေးတယ်။ ကဲ ဘယ်လောက်အာရုံနောက်စရာကောင်းသလဲ။ လူတွေယုံကြည်နေတဲ့ အချို့အရာတွေဟာ တကယ်တော့ ဘာမှအသုံးမဝင်တဲ့ အချက်တွေ ဖြစ်နေတယ်လို့ ပြောရင် သင်ယုံကြည်နိုင်မလား။ ဥပမာ ဒီအချက် (၃) ချက်လိုမျိုးပေါ့။
၁။ တစ်ယောက်တည်းနေတာထက်စာရင် ချစ်သူရည်းစားရှိတာ ပိုကောင်းပါတယ် ဆိုတာမျိုး။
တကယ်တော့ စိတ်ပျက်စရာကောင်းတဲ့ အချစ်ရေးနဲ့ကြုံနေရတဲ့သူတွေ၊ ကိုယ့်ကိုအနိုင်ကျင့်ပြီး လိမ်ညာနေတဲ့ ချစ်သူရည်းစားနဲ့ ရည်းစားတော်ထားရတဲ့သူတွေ၊ ဘာဆုံးဖြတ်ပိုင်ခွင့်မှ ကိုယ့်မှာမရှိပဲ တစ်ခုခုဆို ချစ်သူရဲ့ အမိန်နဲ့ပြုမူနေထိုင်ရသူတွေအတွက်တော့ ချစ်သူရည်စားထားတာထက်စာရင် တစ်ယောက်တည်း နေရတာ ပိုမကောင်းဘူးလား။ ကိုယ်မပျော်ရွှင်တော့တဲ့ အရာတစ်ခုကို တာဝန်အရ လုပ်ဆောင်နေတာမျိုးဟာ သင့်ကိုငြိမ်းချမ်းသာယာမှု မပေးနိုင်သလို ကိုယ့်ကိုယ်ကို ညဉ်းဆဲနေတာနဲ့ အတူတူပါပဲ။
၂။ရွှေမင်းသား/ရွှေမင်းသမီးလေးက ပေါ်လာမှာပဲ၊ သင့်အနေနဲ့ စိတ်ရှည်ရှည်စောင့်ဖို့သာ လိုတယ်ဆိုတာမျိုး။
ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းတွေလို၊ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလို သင့်အတွက် ချစ်ဖို့ကောင်းပြီး ချောမောတဲ့ ဖူးစာရှင်က ပေါ်ကိုပေါ်လာမှာမို့ သင့်အနေနဲ့ သူသင့်ရှေ့ရောက်လာတဲ့အထိ စောင့်ရမယ်ဆိုတဲ့ ယုံကြည်ချက် အယူအဆတွေဟာ တကယ်တော့ မတွေးသင့်တော့တဲ့ အရာတွေပါ။ အဲ့ဒီလို ယုံကြည်စောင့်မျှော်နေမယ့်အစား သင့်ကိုတကယ်ချစ်တဲ့ လက်တွေ့ဘဝထဲက လူတွေကိုသာ သင်ဦးစားပေး စဉ်းစားသင့်တယ် မဟုတ်ပါလား။
၃။ကိုယ်က လူတစ်ယောက်ကို တွယ်တာသွားပြီဆို အဲ့ဒီလူအတွက် ကိုယ်ကျိုးစွန့်ဖို့ ဝန်မလေးဘူး ဆိုတာမျိုး။
လူတစ်ယောက်ကို ချစ်မိသွားရင် အဲ့ဒီလူကောင်းစားဖို့၊ သူပျော်ရွှင်ဖို့ ချစ်သူတစ်ယောက်အနေနဲ့ ကြိုးစားလုပ်ဆောင်ကြတာ နားလည်ပါတယ်။ ဒါပေမယ့် သူအရာအားလုံး စိတ်ကျေနပ်ပျော်ရွှင်စေဖို့ သင့်ဘက်က မလိုက်လျောသင့်တာတွေ လိုက်လျောရမယ်၊ သင့်အိပ်မက်တွေ လက်လွှတ်ရမယ်ဆိုတာမျိုး ကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။