Credit : Trend Myanmar
Unicode Version
အမျိုးသမီးတွေ ကလေးယူဖို့ အသင့်တော်ဆုံးအသက်အရွယ်နဲ့ ပတ်သက်လို့ မကြာခဏပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် အသက်အရွယ်ဆိုတာ အမျိုးသားတွေအတွက်လည်း အရေးကြီးကိစ္စတစ်ခုပါပဲ။ အသက် ၄၀ကျော် လက်တွဲဖော်နဲ့ အမျိုးသမီးတွေဟာ အသက် ၂၅ အိမ်ထောင်ဖက်ရှိသူ အမျိုးသမီးတွေထက် ကိုယ်ဝန်ရဖို့ ၅ဆ ပိုကြန့်ကြာကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ အဲဒီအပြင် အသက် ၃၀နဲ့ ၅၀ ကြားအမျိုးသားတွေ နှိုင်းယှဉ်ရာမှာ ကိုယ်ဝန်ရနှုန်း ၂၃% ကနေ ၃၈% လျှော့နည်းပါတယ်။ အမျိုးသားတွေအတွက် ကလေးယူဖို့ ဘာကြောင့် အသက်က အရေးကြီးသလဲ။
အသက် ၃၀ ပြည့်ပြီးနောက် အမျိုးသားတွေမှာ မျိုးအောင်နိုင်မှုနှုန်းမှာ ၁ နှစ်မှာ အမျိုးသားဟော်မုန်း ၁% လျှော့ကျမှု ရှိပါတယ်။ ဒါ့ကြောင့် အသက် ၃၅ နောက်ပိုင်း သုက်ကောင်လျှော့နည်းမှုကိစ္စ စိုးရိမ်ရမှုက အမျိုးသမီးတွေသာ မဟုတ်ပါဘူး။ သုက်ကောင်လှုပ်ရှားတက်ကြွမှုက အရွယ်နဲ့လိုက်ပြီး ပြောင်းလဲပါတယ်။ သုက်တက်ကြွစွာ လှုပ်ရှားနိုင်မှုက သက်အသက် ၂၅ မတိုင်ခင် အကောင်းဆုံးဖြစ်ပြီး အသက် ၅၅ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။ အသက် ၃၀ နဲ့ ၃၅ ကြား အမျိုးသားတွေနဲ့ အသက် ၅၅ နှစ်ကျော် အမျိုးသားတွေမှာ သုက်ကောင်ကူးခတ်နိုင်မှု နှိုင်းယှဉ်တဲ့အခါ ၅၄% လျှော့နည်းမှုရှိခဲ့ပါတယ်။
အမျိုးသမီးတစ်ဦး အရွယ်ကျလာတဲ့အခါ မ မျိုးဥထုတ်လုပ်မှု သိသိသာသာလျှော့ကျသွားပါတယ်။ ဒီအချက်က အမျိုးသမီးတွေမှာ မျိုးအောင်နိုင်မှု ထိခိုက်စေရုံမက ရင်သွေးမှာ မျိုးရိုးဗီဇပြသနာတွေ မြင့်တက်စေပါတယ်။ တခြားတစ်ဖက်ကနေလည်း အမျိုးသားတစ်ဦး အသက်ကြီးလာရင် အမျိုးသားဟော်မုန်း ကျဆင်းပြီး သုက်ကောင်တက်ကြွစွာ လှုပ်ရှားနိုင်မှု ထိခိုက်စေပြီး ကလေးတွေမှာ မျိုးရိုးဗီဇဆိုင်ရာ ပြသနာအန္တရာယ် ပိုမိုကြီးမားစေပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အမျိုးသားတွေ အသက်ဘယ်လောက်မှာ ကလေးယူသင့်လဲ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။