iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Trend Myanmar




Unicode Version

ပြည့်ဝအဆီလိုဟာမျိုး လုံးဝကင်းရှင်းတဲ့ ဖရဲသီးမှာ ကျန်းမာရေးအကျိုးကျေးဇူး မျိုးစုံရှိပါတယ်။ ဖရဲသီးဟာ အာဟာရဓာတ်ပေါကြွယ်ဝပြီး ကယ်လိုရီလည်း နည်းပါးတော့ ကိုယ်အလေးချိန်လျော့ချခြင်းအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ပြီးတော့ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ဆဲလ်ကြံ့ခိုင်မှုလည်း အားပေးပါတယ်။

လူအများစု ဖရဲသီးအစေ့ကို လွှင့်ပစ်ကြပေမယ့် အစေ့မှာ ကျန်းမာရေးအတွက် တကယ်ကောင်းမွန်ပြီး ကင်ဆာရောဂါအပြင် တခြားရောဂါပြသနာတွေလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက် သွေးတိုးလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဖရဲသီးမှာ အထူးသတိပြုရမယ့် အချက်တစ်ခု ရှိပါတယ်။ ဖရဲသီးခွဲအခါ ပုံမှန်မြင်တွေ့တဲ့အတိုင်း အတွင်းဘက်မှာ အခေါင်းပေါက်ဖြစ်နေတာတွေ သတိထားမိပါက ချက်ချင်းလွှင့်ပစ်သင့်ပါတယ်။ ဒါဟာ သဘာဝအတိုင်း စိုက်ပျိုးခဲ့ခြင်းမဟုတ်ဘဲ ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာစေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ ဒီဖရဲသီးတွေ စားမယ်ဆိုရင် အကြိတ်ဖြစ်ပွားပြီး ဦးနှောက်အာရုံကြောပြသနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒီတော့ ဒီအချက်တွေသိပြီဆိုတော့ နောက် ဖရဲသီးဝယ်တဲ့အခါ သတိထားနိုင်ကြပါစေ။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top