iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္အဖ်ားေတြ ႏွစ္ခြျဖစ္ျခင္းက ဆံပင္အရွည္ျမန္ျခင္းကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အဖ်ားေလးေတြခ်ည္း ေရြးၿပီးညွပ္လိုက္လည္း ေနာက္ရက္အနည္းငယ္ၾကာတဲ့အခါ ဆံပင္ႏွစ္ခြေတြ ျပန္ျဖစ္ေနတုန္းပဲဆိုရင္ေတာ့ စိတ္ညစ္ေနရဦးမွာပါ။ ဒါ့ေၾကာင့္ ဆံပင္ႏွစ္ခြေတြ ေနာက္ထပ္ ထပ္မျဖစ္ဘဲ ေပ်ာက္ကင္းေစဖို႔ သဘာ၀နည္းလမ္းေကာင္းေလး ေဖာ္ျပေပးလိုက္ပါတယ္။


ၾကက္ဥအႏွစ္

ၾကက္ဥကို ပန္းကန္တစ္လံုးထဲ ေဖာက္ထည့္ပါ။ အႏွစ္ခ်ည္းသီးသန္႔ ေရြးၿပီး သံလြင္ဆီ လက္ဖက္စားဇြန္း(၂) ဇြန္းနဲ႔ ေမႊေပးပါ။ ၿပီးရင္ ဆံပင္ႏွစ္ခြ ရွိတဲ့ ေနရာမွာပဲ လိမ္းေပးပါ။ နာရီ၀က္ၾကာေအာင္ ထားရပါမယ္။ ၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ေပးပါ။ ေပါင္းတင္ၿပီးတိုင္း ဆံပင္ႏွစ္ခြျဖစ္တဲ့ ဆံသားေတြကို ေခါင္းလိမ္းဆီ လိမ္းေပးဖို႔ လိုအပ္ပါတယ္။ (၃) ႀကိမ္ေလာက္ ျပဳလုပ္ၿပီးတဲ့အခါ သိသိသာသာ ဆံပင္ႏွစ္ခြေတြ သက္သာလာပါလိမ့္မယ္။

အုန္းဆီ

အုန္းဆီကေတာ့ ဆံပင္ေျခာက္ေသြ႔ျခင္းေတြအတြက္ အေကာင္းဆံုးေသာ ေပါင္းတင္ေဆးတစ္မ်ိဳးလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဆံပင္ေျခာက္ေသြ႔ျခင္းေတြကေန အစျပဳျဖစ္ေပၚတဲ့ အဖ်ားမွာ ႏွစ္ခြျဖစ္ေပၚျခင္းကို သက္သာေစပါတယ္။ ေခါင္းမေလွ်ာ္ခင္ ဆံပင္ႏွစ္ခြေတြကို အုန္းဆီ လိ္မ္းေပးပါ။ ရြဲနစ္ေအာင္ လိမ္းပါ။ (၁၅) မိနစ္ေလာက္ၾကာမွ ေခါင္းေလွ်ာ္ေပးပါ။ ဒါဆိုရင္ ဆံပင္အဖ်ားႏွစ္ခြ ျဖစ္ျခင္းေတြ ေလ်ာ့နည္းသြားၿပီး ဆံေကသာ လွပသူတစ္ဦး ျဖစ္လာမွာ အေသအခ်ာပါပဲ။


Credit : momolay



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆံပင်အဖျားတွေ နှစ်ခွဖြစ်ခြင်းက ဆံပင်အရှည်မြန်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဖျားလေးတွေချည်း ရွေးပြီးညှပ်လိုက်လည်း နောက်ရက်အနည်းငယ်ကြာတဲ့အခါ ဆံပင်နှစ်ခွတွေ ပြန်ဖြစ်နေတုန်းပဲဆိုရင်တော့ စိတ်ညစ်နေရဦးမှာပါ။ ဒါ့ကြောင့် ဆံပင်နှစ်ခွတွေ နောက်ထပ် ထပ်မဖြစ်ဘဲ ပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းကောင်းလေး ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥအနှစ်

ကြက်ဥကို ပန်းကန်တစ်လုံးထဲ ဖောက်ထည့်ပါ။ အနှစ်ချည်းသီးသန့် ရွေးပြီး သံလွင်ဆီ လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ မွှေပေးပါ။ ပြီးရင် ဆံပင်နှစ်ခွ ရှိတဲ့ နေရာမှာပဲ လိမ်းပေးပါ။ နာရီဝက်ကြာအောင် ထားရပါမယ်။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးပါ။ ပေါင်းတင်ပြီးတိုင်း ဆံပင်နှစ်ခွဖြစ်တဲ့ ဆံသားတွေကို ခေါင်းလိမ်းဆီ လိမ်းပေးဖို့ လိုအပ်ပါတယ်။ (၃) ကြိမ်လောက် ပြုလုပ်ပြီးတဲ့အခါ သိသိသာသာ ဆံပင်နှစ်ခွတွေ သက်သာလာပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီကတော့ ဆံပင်ခြောက်သွေ့ခြင်းတွေအတွက် အကောင်းဆုံးသော ပေါင်းတင်ဆေးတစ်မျိုးလို့တောင် ပြောလို့ရပါတယ်။ ဆံပင်ခြောက်သွေ့ခြင်းတွေကနေ အစပြုဖြစ်ပေါ်တဲ့ အဖျားမှာ နှစ်ခွဖြစ်ပေါ်ခြင်းကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်နှစ်ခွတွေကို အုန်းဆီ လိမ်းပေးပါ။ ရွဲနစ်အောင် လိမ်းပါ။ (၁၅) မိနစ်လောက်ကြာမှ ခေါင်းလျှော်ပေးပါ။ ဒါဆိုရင် ဆံပင်အဖျားနှစ်ခွ ဖြစ်ခြင်းတွေ လျော့နည်းသွားပြီး ဆံကေသာ လှပသူတစ်ဦး ဖြစ်လာမှာ အသေအချာပါပဲ။


Credit : momolay



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top