တူနာငါးဆုိတဲ့ ငါးမည္းလုံး၊ ဆာမြန္ငါးနဲ႔ ဆာအင္းဆုိတဲ့ ငါးေသတၱာငါးေတြကုိ
တစ္ပတ္မွာ တစ္ႀကိမ္ ဒါမွမဟုတ္ ႏွစ္ႀကိမ္ေလာက္ စားသုံးပါက ရင္သားကင္ဆာ
ျဖစ္ပြားမႈကုိ ေလ်ာ့ခ်ေပးႏုိင္တာကုိ ၿဗိတိသွ် ေဆးပညာဂ်ာနယ္ BMJ မွာ
ေဖာ္ျပခဲ့ပါတယ္။
အဆုိပါ သုေတသနျပဳခ်က္ဟာ တ႐ုတ္ႏုိင္ငံကုိ
အေျချပဳၿပီး အေမရိကန္ ျပည္ေထာင္စု၊ ဥေရာပနဲ႔ အာရွႏုိင္ငံေတြမွာ
ေနထုိင္ၾကတဲ့ ေစတနာအေလ်ာက္ ပါဝင္ကူညီေပးၾကတဲ့ လူေပါင္း (၈) သိန္းေက်ာ္ရဲ႕
ေန႔စဥ္စားသုံးမႈ အေလ့အထမ်ားကုိ အေျခခံၿပီး ထုတ္ျပန္ထားတဲ့ သုေတသနျပဳ
ေတြ႕ရွိခ်က္ေပါင္း (၂၆) ခုကုိ ၿခံဳငုံသုံးသပ္ကာ ေဖာ္ထုတ္ တင္ျပထားျခင္း
ျဖစ္တယ္လုိ႔ ဆုိပါတယ္။
ငါးမ်ားမွရရွိတဲ့ အဆီမွာ လူရဲ႕ ေသြးထဲမွာ
ကုိလက္စထေရာ ျဖစ္ေပၚမႈကုိ အားမေပးတဲ့ အဆီတစ္မ်ိဳးျဖစ္တဲ့
အင္သရီးေပါ့လီယန္ဆယ့္ရွေရးတစ္ ဖက္တီးအက္စစ္ (cn-3 Polyunsaturated Fally
Acid) ဒါမွမဟုတ္ n-3 PUF As လုိ႔ေခၚတဲ့ အဆီမ်ား အေျမာက္အမ်ား
ပါဝင္ေနတယ္လုိ႔ ဆုိပါတယ္။ အဆုိပါ n-3 PUFAS ကုိ ငါးမ်ား၊ အေစ့၊ အဆံမ်ားနဲ႔
ဟင္းရြက္ဆီေတြမွာ အမ်ားဆုံး ေတြ႕ရတယ္လုိ႔ သတင္းမွာ ေဖာ္ျပထားပါတယ္။
သုေတသနျပဳခ်က္အရ n-3 PUFAS ပါတဲ့ အစားအစာမ်ားကုိ စားသုံးတဲ့သူက အဆုိပါ
အစားအစာမ်ားကုိ စားသုံးမႈ မျပဳသူေတြထက္ ရင္သားကင္ဆာ ျဖစ္ေပၚမႈ အႏၲရာယ္ကုိ
၁၄ ရာခုိင္ႏႈန္းေလာက္ ေလ်ာ့ခ်ေပးႏုိင္ေၾကာင္း ေတြ႕ရွိရတယ္လုိ႔ ဆုိပါတယ္။
Credit : mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့ ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 Polyunsaturated Fally Acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
Credit : mystylemyanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ငါးရဲ႕အဆီကို စားသံုးရင္ ရင္သားကင္ဆာ ျဖစ္ပြားမႈကုိ ေလ်ာ့ခ်ေပးႏုိင္
ငါးရဲ႕အဆီကို စားသံုးရင္ ရင္သားကင္ဆာ ျဖစ္ပြားမႈကုိ ေလ်ာ့ခ်ေပးႏုိင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။