iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ့အသားအေရနဲ ့ဆံပင္အေရာင္ကို အဓိက ဆုံးျဖတ္ေပးတာက melanin မယ္လာနင္ လုိ ့ေခၚတဲ့ ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ အသားေရာင္မည္းတယ္ဆုိတာ ဒီမယ္လာနင္ဓာတ္ေတြ ပုိမုိပါ၀င္လုိ ့ျဖစ္ပါတယ္။ မယ္လာနင္ဟာ ခႏၶာကိုယ္ အစိတ္အပုိင္းတုိင္းမွာ တည္ရွိျပီး ဦးေႏွာက္နဲ ့အာရုံေၾကာေတြ လည္ပတ္လုပ္ေဆာင္ဖုိ ့၊ မ်က္လုံးကျမင္ႏိုင္ၾကည့္ႏိုင္ဖုိ ့နဲ ့ဆဲလ္ေတြ ျပန္လည္ မ်ိဳးပြားဖုိ ့အတြက္ မရွိမျဖစ္လုိအပ္ပါတယ္။

မယ္လာနင္က ဆဲလ္ေတြကို ပ်က္စီးေစတဲ့ Free Radicals ေတြကို တုိက္ဖ်က္ေပးတယ္။

လူ ့ခႏၶာကိုယ္ကဆဲလ္ေတြ အၾကီးအက်ယ္ထိခုိက္ပ်က္စီးမွဳအေၾကာင္းရင္းမွာ free radicals ေတြက အဓိကတရားခံတစ္ဦးျဖစ္ပါတယ္။ မယ္လာနင္ဟာ free radical ေတြကို ဖယ္ရွားေပးျပီး အသားအေရ ပ်က္စီးျခင္းမွ ကာကြယ္ေပးပါတယ္။

ခရမ္းလြန္ေရာင္ျခည္ သက္ေရာက္မွဳကို အေကာင္းဆုံးကာကြယ္ေပးတယ္။

ေနေရာင္ျခည္နဲ ့ထိေတြ ့ျခင္းက အသားအေရ အရြယ္မတုိင္ခင္ အုိမင္းပ်က္စီးျခင္းျဖစ္ေစႏိုင္ျပီး အေရျပားကင္ဆာေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ သင့္ခႏၶာကိုယ္က ေနေရာင္ျခည္ရဲ့ ခရမ္းလြန္ေရာင္ျခည္ သက္ေရာက္မွဳရဲ့ ဆုိးက်ိဳးကို ဘယ္ေလာက္ကာကြယ္ေပးႏိုင္လဲဆုိတာက သင့္ကိုယ္တြင္းမွာရွိတဲ့ မယ္လာနင္ ပမာဏအေပၚမူတည္ပါတယ္။ မယ္လာနင္ဟာ အလင္းေရာင္ကို စုပ္ယူမွဳအားေကာင္းျပီး စုပ္ယူထားတဲ့ UV ေရာင္ျခည္ ၉၉.၉ ရာခိုင္ႏွဳန္းကို ေခ်ဖ်က္ပစ္ႏိုင္ပါတယ္။ ခႏၶာကိုယ္က ရင့္သန္ျပီးသား မယ္လာနင္ဆဲလ္ေတြဟာ ေနေရာင္ျခည္နဲ ့ထိေတြ ့တဲ့အခါ ေနာက္ထပ္မယ္လာနင္ေတြကို ပုိထုတ္ေပးပါတယ္။ ဒါေၾကာင့္မုိ ့လုိ ့ကၽြန္ေတာ္တို ့ေနပူထဲ ခဏခဏထြက္ရင္ မယ္လာနင္ပုိထြက္လာျပီး သဘာ၀ဆုိးေဆးျဖစ္တဲ့မယ္လာနင္ေၾကာင့္ အသားမည္းသြားရတာျဖစ္ပါတယ္။ ဒါေပမယ့္ မယ္လာနင္က ေနေရာင္ျခည္ကို ကာကြယ္ေပးႏိုင္မွဳက အကန္ ့အသတ္ေတာ့ရွိပါတယ္။ သဘာ၀ညိဳမည္းတဲ့အသားအေရ ပုိင္ရွင္ေတြက ကာကြယ္မွဳ သိသိသာသာပုိမ်ားပါတယ္။

ခရမ္းလြန္ေရာင္ျခည္သာမက တျခားဓာတ္ေရာင္ျခည္ေတြရဲ့ ေဘးထြက္သက္ေရာက္မွဳေတြကို ေျခဖ်က္ေပးတယ္။

မယ္လာနင္ဟာ စြမ္းအင္ေရာင္ျခည္ပမာဏ အမ်ားအျပားကို စုပ္ယူႏိုင္ျပီး စြမ္းအင္ကို စုပ္ယူလုိက္ေပမယ့္ အပူကိုေတာ့ ျပန္ုထုတ္ေပးျခင္းမရွိပါဘူး။ ဘာလုိ ့လည္းဆုိေတာ့ မယ္လာနင္ဟာ ဒီအႏၱရာယ္ရွိေရာင္ျခည္စြမ္းအင္ေတြကို ခႏၶာကိုယ္အတြက္ အသုံးတည့္မယ့္စြမ္းအင္အျဖစ္ ေျပာင္းလဲပစ္လုိက္လုိ ့ပါ။ မယ္လာနင္ဟာ ေနေရာင္ျခည္အပါအ၀င္ ဓာတ္မွန္ေရာင္ျခည္၊ ဆဲလ္ဇီ၀ျဖစ္ပ်က္မွဳအတြင္း ဆဲလ္တြင္းထြက္ရွိတဲ့ေဘးထြက္စြမ္းအင္ေတြကို စုပ္ယူေပးႏိုင္ပါတယ္။

ပုိမုိႏုပ်ိဳတဲ့အသားအေရကိုရေစတယ္။

အသားေရညိဳမည္းတဲ့လူေတြဟာ မယ္လာနင္ပါ၀င္မွဳျမင့္မားတာေၾကာင့္ ေနေရာင္ျခည္ကျဖစ္ေပၚတဲ့ ကာလတုိအသားအေရပ်က္စီးမွဳကို ကာကြယ္ေပးႏိုင္သလို၊ အုိမင္းရင့္ေရာ္ျခင္းရဲ့ အရိပ္လကၡဏာေတြျဖစ္တဲ့ အတြန္ ့အေၾကာင္းေပၚျခင္း၊ အသားအေရၾကမ္းတမ္းျခင္းနဲ ့အေရျပားအကြက္ေတြမျဖစ္ေပၚေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ 

ကေလးယူတဲ့ေနရာမွာလည္းအေထာက္အကူျပဳတယ္။

အနက္ေရာင္ေရာင္ျခည္ပစၥည္းျဖစ္တဲ့ မယ္လာနင္ဟာ DNA ပ်က္စီးမွဳကို ကာကြယ္ေပးႏိုင္သလုိ ခႏၶာကုိယ္အတြက္ လုိသေလာက္ပဲ ခရမ္းလြန္ေရာင္ျခည္ကို စုပ္ယူထားေပးႏိုင္ပါတယ္။ ဗီတာမင္ ဘီ အုပ္စု ၀င္ျဖစ္တဲ့ ေဖာလစ္အက္ဆစ္ေလ်ာ့နည္းမွု ကိုလည္း တားဆီးေပးႏုိင္ျပီး အမ်ိဳးသမီးေတြဟာ သေႏၶေအာင္တဲ့မမ်ိဳးဥရဖုိ ့ကို ထိန္းသိမ္းထားႏိုင္ဖုိ ့အတြက္ ေဖာလစ္အက္ဆစ္ကို လုိအပ္ပါတယ္။ ေဖာလစ္အက္ဆစ္ဟာ မ်ိဳးေအာင္ျပီးမွာလည္း သေႏၶသားမွာ အခ်င္းျဖစ္ဖုိ ့အတြက္ အေထာက္အကူျပဳေပးပါတယ္။ အမ်ိဳးသားေတြအတြက္လည္း သုတ္ေကာင္ေရထုတ္လႊတ္မွဳ ပုံမွန္ အေနအထားရွိေအာင္လုိ ့ေဖာလစ္အက္ဆစ္ကို လုိအပ္ပါတယ္။သင္ဟာ အသားအေရညိဳမည္းသူတစ္ေယာက္ျဖစ္လုိ ့စိတ္ညစ္ေနရတယ္ဆုိရင္ေတာ့ သင့္ရဲ့ စိတ္ညစ္မွဳေတြကို အေ၀းကိုလႊင့္ပစ္လုိက္ပါ။ သင့္ကိုယ္ထဲက မယ္လာနင္ဟာ သင့္ကို အမ်ားၾကီး အက်ိဳးျပဳေနတာကို သိထားဖုိ ့လုိပါတယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတစ်ယောက်ရဲ့အသားအရေနဲ့ဆံပင်အရောင်ကို အဓိက ဆုံးဖြတ်ပေးတာက melanin မယ်လာနင် လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အသားရောင်မည်းတယ်ဆိုတာ ဒီမယ်လာနင်ဓာတ်တွေ ပိုမိုပါဝင်လို့ဖြစ်ပါတယ်။ မယ်လာနင်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ တည်ရှိပြီး ဦးနှောက်နဲ့အာရုံကြောတွေ လည်ပတ်လုပ်ဆောင်ဖို့၊ မျက်လုံးကမြင်နိုင်ကြည့်နိုင်ဖို့နဲ့ဆဲလ်တွေ ပြန်လည် မျိုးပွားဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မယ်လာနင်က ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးတယ်။

လူ့ခန္ဓာကိုယ်ကဆဲလ်တွေ အကြီးအကျယ်ထိခိုက်ပျက်စီးမှုအကြောင်းရင်းမှာ free radicals တွေက အဓိကတရားခံတစ်ဦးဖြစ်ပါတယ်။ မယ်လာနင်ဟာ free radical တွေကို ဖယ်ရှားပေးပြီး အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကို အကောင်းဆုံးကာကွယ်ပေးတယ်။

နေရောင်ခြည်နဲ့ထိတွေ့ခြင်းက အသားအရေ အရွယ်မတိုင်ခင် အိုမင်းပျက်စီးခြင်းဖြစ်စေနိုင်ပြီး အရေပြားကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုရဲ့ ဆိုးကျိုးကို ဘယ်လောက်ကာကွယ်ပေးနိုင်လဲဆိုတာက သင့်ကိုယ်တွင်းမှာရှိတဲ့ မယ်လာနင် ပမာဏအပေါ်မူတည်ပါတယ်။ မယ်လာနင်ဟာ အလင်းရောင်ကို စုပ်ယူမှုအားကောင်းပြီး စုပ်ယူထားတဲ့ UV ရောင်ခြည် ၉၉.၉ ရာခိုင်နှုန်းကို ချေဖျက်ပစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ရင့်သန်ပြီးသား မယ်လာနင်ဆဲလ်တွေဟာ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ နောက်ထပ်မယ်လာနင်တွေကို ပိုထုတ်ပေးပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့နေပူထဲ ခဏခဏထွက်ရင် မယ်လာနင်ပိုထွက်လာပြီး သဘာဝဆိုးဆေးဖြစ်တဲ့မယ်လာနင်ကြောင့် အသားမည်းသွားရတာဖြစ်ပါတယ်။ ဒါပေမယ့် မယ်လာနင်က နေရောင်ခြည်ကို ကာကွယ်ပေးနိုင်မှုက အကန့်အသတ်တော့ရှိပါတယ်။ သဘာဝညိုမည်းတဲ့အသားအရေ ပိုင်ရှင်တွေက ကာကွယ်မှု သိသိသာသာပိုများပါတယ်။

ခရမ်းလွန်ရောင်ခြည်သာမက တခြားဓာတ်ရောင်ခြည်တွေရဲ့ ဘေးထွက်သက်ရောက်မှုတွေကို ခြေဖျက်ပေးတယ်။

မယ်လာနင်ဟာ စွမ်းအင်ရောင်ခြည်ပမာဏ အများအပြားကို စုပ်ယူနိုင်ပြီး စွမ်းအင်ကို စုပ်ယူလိုက်ပေမယ့် အပူကိုတော့ ပြန်ုထုတ်ပေးခြင်းမရှိပါဘူး။ ဘာလို့လည်းဆိုတော့ မယ်လာနင်ဟာ ဒီအန္တရာယ်ရှိရောင်ခြည်စွမ်းအင်တွေကို ခန္ဓာကိုယ်အတွက် အသုံးတည့်မယ့်စွမ်းအင်အဖြစ် ပြောင်းလဲပစ်လိုက်လို့ပါ။ မယ်လာနင်ဟာ နေရောင်ခြည်အပါအဝင် ဓာတ်မှန်ရောင်ခြည်၊ ဆဲလ်ဇီဝဖြစ်ပျက်မှုအတွင်း ဆဲလ်တွင်းထွက်ရှိတဲ့ဘေးထွက်စွမ်းအင်တွေကို စုပ်ယူပေးနိုင်ပါတယ်။

ပိုမိုနုပျိုတဲ့အသားအရေကိုရစေတယ်။

အသားရေညိုမည်းတဲ့လူတွေဟာ မယ်လာနင်ပါဝင်မှုမြင့်မားတာကြောင့် နေရောင်ခြည်ကဖြစ်ပေါ်တဲ့ ကာလတိုအသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို၊ အိုမင်းရင့်ရော်ခြင်းရဲ့ အရိပ်လက္ခဏာတွေဖြစ်တဲ့ အတွန့်အကြောင်းပေါ်ခြင်း၊ အသားအရေကြမ်းတမ်းခြင်းနဲ့အရေပြားအကွက်တွေမဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကလေးယူတဲ့နေရာမှာလည်းအထောက်အကူပြုတယ်။

အနက်ရောင်ရောင်ခြည်ပစ္စည်းဖြစ်တဲ့ မယ်လာနင်ဟာ DNA ပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အတွက် လိုသလောက်ပဲ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူထားပေးနိုင်ပါတယ်။ ဗီတာမင် ဘီ အုပ်စု ဝင်ဖြစ်တဲ့ ဖောလစ်အက်ဆစ်လျော့နည်းမှု ကိုလည်း တားဆီးပေးနိုင်ပြီး အမျိုးသမီးတွေဟာ သန္ဓေအောင်တဲ့မမျိုးဥရဖို့ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖောလစ်အက်ဆစ်ကို လိုအပ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ မျိုးအောင်ပြီးမှာလည်း သန္ဓေသားမှာ အချင်းဖြစ်ဖို့အတွက် အထောက်အကူပြုပေးပါတယ်။ အမျိုးသားတွေအတွက်လည်း သုတ်ကောင်ရေထုတ်လွှတ်မှု ပုံမှန် အနေအထားရှိအောင်လို့ဖောလစ်အက်ဆစ်ကို လိုအပ်ပါတယ်။သင်ဟာ အသားအရေညိုမည်းသူတစ်ယောက်ဖြစ်လို့စိတ်ညစ်နေရတယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ညစ်မှုတွေကို အဝေးကိုလွှင့်ပစ်လိုက်ပါ။ သင့်ကိုယ်ထဲက မယ်လာနင်ဟာ သင့်ကို အများကြီး အကျိုးပြုနေတာကို သိထားဖို့လိုပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top