iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းေဂၚဖီစိမ္းႏွင့္ အျခားေသာ ဟင္းရြက္မ်ားတြင္ ပါ၀င္သည့္ Sulforaphane ဟု ေခၚေသာ ျဒပ္ေပါင္းတစ္မ်ိဳးက ကင္ဆာေရာဂါ ကို ကာကြယ္ရန္ အေထာက္အကူျပဳကာ ေရာဂါအဆင့္ျမင့္တက္မႈ ကို ေႏွးေကြးေစႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုကေဖာ္ျပသည္။

ေအာ္ရီဂြန္တိုနယ္တကၠသိုလ္မွ သုေတသီမ်ားက Sulforaphane ျဒပ္ေပါင္းသည္ ဆီးက်ိတ္ကင္ဆာဆဲလ္မ်ားကို ေလ်ာ့က် ေစႏုိင္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။


ယခင္ေလ့လာမႈမ်ားတြင္ မလုိအပ္ေသာ DNA တစ္မ်ိဳးျဖစ္ သည့္ Inc RNA မ်ားသည္ ဆီးက်ိတ္၊ ရင္သား၊ အစာအိမ္ႏွင့္ အဆုတ္ကင္ဆာတုိ႔ အပါအ၀င္ ကင္ဆာေရာဂါအမ်ိဳးမ်ိဳး ျဖစ္ေပၚမႈတြင္ အဓိကေနရာမွပါ၀င္ေသာ DNA ျဖစ္ေၾကာင္း ေဖာ္ျပထား သည္။

ပန္းေဂၚဖီစိမ္းတြင္ ပါ၀င္ေသာ Sulforaphane ျဒပ္ေပါင္းက ယင္း DNA ပမာဏကို ထိန္းခ်ဳပ္ႏုိင္ေၾကာင္း သုေတသီမ်ားက ေတြ႕ရွိခဲ့သည္။

Inc RNA မ်ားသည္ ေရာဂါျဖစ္ပြားမႈအတြက္ ေလာင္စာကဲ့သို႔ လုပ္ေဆာင္ႏိုင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

Sulforaphane ျဒပ္ေပါင္းက ဆီးက်ိတ္ကင္ဆာဆဲလ္မ်ား ျပန္႔ပြားႏုိင္သည့္ စြမ္းရည္ကုိ ေလးဆအထိ ေလ်ာ့က်ေစႏုိင္ေၾကာင္း သိရသည္။

ယခု ေလ့လာေတြ႕ရွိမႈသည္ ကင္ဆာေရာဂါကာကြယ္ရန္သာမဟုတ္ဘဲ ကုသရန္လည္း အသံုး၀င္ႏုိင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

Sulforaphane ျဒပ္ေပါင္းက ကင္ဆာဆဲလ္မ်ား ကာကြယ္ တားဆီးပံုကို သိႏုိင္ရန္ ေနာက္ထပ္ေလ့လာမႈမ်ား ျပဳလုပ္ရန္လိုၿပီး ယခုေတြ႕ရွိခ်က္ရလဒ္သည္ ကင္ဆာကာကြယ္ရန္၊ စစ္ေဆးကုသ ရန္ အသံုးတည့္ေသာ  ပစ္မွတ္မ်ားျဖစ္လာမည္ဟု သုေတသီမ်ား က သံုးသပ္ေျပာၾကားသည္။          


Credit:7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပန်းဂေါ်ဖီစိမ်းနှင့် အခြားသော ဟင်းရွက်များတွင် ပါဝင်သည့် Sulforaphane ဟု ခေါ်သော ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာရောဂါ ကို ကာကွယ်ရန် အထောက်အကူပြုကာ ရောဂါအဆင့်မြင့်တက်မှု ကို နှေးကွေးစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုကဖော်ပြသည်။

အော်ရီဂွန်တိုနယ်တက္ကသိုလ်မှ သုတေသီများက Sulforaphane ဒြပ်ပေါင်းသည် ဆီးကျိတ်ကင်ဆာဆဲလ်များကို လျော့ကျ စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။


ယခင်လေ့လာမှုများတွင် မလိုအပ်သော DNA တစ်မျိုးဖြစ် သည့် Inc RNA များသည် ဆီးကျိတ်၊ ရင်သား၊ အစာအိမ်နှင့် အဆုတ်ကင်ဆာတို့ အပါအဝင် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပေါ်မှုတွင် အဓိကနေရာမှပါဝင်သော DNA ဖြစ်ကြောင်း ဖော်ပြထား သည်။

ပန်းဂေါ်ဖီစိမ်းတွင် ပါဝင်သော Sulforaphane ဒြပ်ပေါင်းက ယင်း DNA ပမာဏကို ထိန်းချုပ်နိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

Inc RNA များသည် ရောဂါဖြစ်ပွားမှုအတွက် လောင်စာကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း သုတေသီများကပြောသည်။

Sulforaphane ဒြပ်ပေါင်းက ဆီးကျိတ်ကင်ဆာဆဲလ်များ ပြန့်ပွားနိုင်သည့် စွမ်းရည်ကို လေးဆအထိ လျော့ကျစေနိုင်ကြောင်း သိရသည်။

ယခု လေ့လာတွေ့ရှိမှုသည် ကင်ဆာရောဂါကာကွယ်ရန်သာမဟုတ်ဘဲ ကုသရန်လည်း အသုံးဝင်နိုင်ကြောင်း သုတေသီများကပြောသည်။

Sulforaphane ဒြပ်ပေါင်းက ကင်ဆာဆဲလ်များ ကာကွယ် တားဆီးပုံကို သိနိုင်ရန် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန်လိုပြီး ယခုတွေ့ရှိချက်ရလဒ်သည် ကင်ဆာကာကွယ်ရန်၊ စစ်ဆေးကုသ ရန် အသုံးတည့်သော  ပစ်မှတ်များဖြစ်လာမည်ဟု သုတေသီများ က သုံးသပ်ပြောကြားသည်။          


Credit:7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top