iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ရွင္နဲ႔ ပတ္သက္ၿပီး မ်ားေသာအားျဖင့္ ေတြ႔ရမ်ားတဲ့ အြန္လိုင္း search ေတြက ကိုယ့္အလုပ္ရွင္ သေဘာက်ေအာင္ ဘယ္လိုေနရမလဲ၊ ကိုယ့္အလုပ္ရွင္ကို ဘယ္အရာေတြက စိတ္ပ်က္ေစတတ္သလဲ စတာမ်ိဳးေတြပဲ ေတြ႔ရမွာပါ။ ဒါေပမယ့္ တကယ္လက္ေတြ႕မွာ သင္က အလုပ္ရွင္တစ္ေယာက္၊သူေဌးတစ္ေယာက္ ျဖစ္လာခဲ့ရင္ သင္ဘယ္လို ကိုင္တြယ္မလဲဆိုတာေရာ သင္စဥ္းစားမိဖူးလား။ သင္က အလုပ္ရွင္တစ္ေယာက္ျဖစ္လာၿပီဆုိရင္ ဒီအခ်က္ေတြကိုမျဖစ္မေနလိုက္နာဖို႔ လိုအပ္ပါတယ္။

၁။ေတာ္တဲ့သူေတြကိုေနရာေပးၿပီး သူတို႔အေပၚယံုၾကည္မႈထားပါ။
သင့္ရဲ႕ ၀န္ထမ္းေတြက သူတို႔အတြက္ သင္ဟာ ယံုၾကည္မႈေပးႏိုင္တယ္ဆုိတာ သေဘာေပါက္သြားရင္ သူတို႕ရဲ႕အလုပ္ကို အေကာင္းဆံုးလုပ္ၾကမွာပါ။ ဒါေၾကာင့္ သင့္ပတ္၀န္းက်င္ကုိ တန္ဖိုးရွိတဲ့ အလုပ္ခြင္တစ္ခု ျဖစ္လာေအာင္ဖန္တီးပါ။ ေထာက္ပံ့မႈေတြေပးပါ။ျပန္ၿပီး ေ၀ဖန္ခ်က္ေပးပါ။ ေန႔တစ္ေန႕ကုန္ဆံုးသြားၿပီဆိုရင္ေတာ့ သင့္ရဲ႕ ထက္ျမက္တဲ့ ၀န္ထမ္းေတြက သင္ညႊန္ၾကားထားတဲ့အတိုင္း အေကာင္းဆံုးအလုပ္ကို လုပ္ေဆာင္ႏိုင္တယ္လုိ႔ ေတြးပါ။

၂။အမွားလုပ္မိတဲ့အခါပဲျဖစ္ျဖစ္၊ အေျဖမသိတဲ့အခါဘဲျဖစ္ျဖစ္ ၀န္ခံဖို႔ မျငင္းပါနဲ႔။
ထက္ျမတ္တဲ့အလုပ္ရွင္ေတြ၊သူေဌးေတြကို သူတို႔ရဲ႕ အသင္းအဖြဲ႔တိုင္းက ေလးစားၿပီးသားပါ။သင့္ရဲ႕ အဖြဲ႔ပဲျဖစ္ျဖစ္ ၊၀န္ထမ္းေတြနဲ့ပဲျဖစ္ျဖစ္ အလုပ္လုပ္တဲ့အခါ ယံုၾကည္မႈတည္ေဆာက္ဖို႔လိုပါတယ္။ အဲဒီလို အခ်ိန္မွာ သင့္အေနနဲ႔ မွားယြင္းတာ ျဖစ္ျဖစ္၊ေဘးလူရဲ႕ အႀကံဥာဏ္ကို လိုအပ္ေနတာပဲျဖစ္ျဖစ္ ငါကအလုပ္ရွင္ပဲ ဒါေတြမလိုအပ္ဘူးလို႔ မေတြးသင့္ပါဘူး။ သင္အေနနဲ႔ အမွားကို ၀န္ခံႏိုင္စြမ္းရွိတာက ၀န္ထမ္းေတြဆီက ေလးစားမႈကို ပိုရႏုိင္တဲ့အျပင္ သူတို႔အခက္အခဲရွိတဲ့အခါ၊ မွားယြင္းတဲ့အခါ သင့္ရဲ႕ အျပဳအမူကို အတုယူႏုိင္ပါတယ္။

၃။ရိုးသားမႈရွိပါ။
တစ္ခါတေလမွာ သင့္ရဲ႕ ထင္ျမင္ခ်က္၊ေ၀ဖန္ခ်က္ေတြကို ေျပာျပရတာ ခက္ခဲေကာင္း ခက္ခဲႏိုင္ပါတယ္။ဒါေပမယ့္ သင့္အေနနဲ႔ခက္ခဲတဲ့ စကား၀ိုင္း၊ အေျခအေနေတြကို ေရွာင္ၾကဥ္ဖို႔မလိုပါဘူး။ ၀န္ထမ္းေတြနဲ႔ဆက္ဆံတဲ့ အခါ ရိုးသားမႈနဲ႔ပဲဆက္ဆံၿပီး ဘယ္လိုအေျခအေနမ်ိဳးကို မဆိုလက္ခံပါ။

၄။၀န္ထမ္းေတြဆီကအသံကို အၿမဲနားစြင့္ပါ။
သင္ကအလုပ္ရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ၀န္ထမ္းေတြဆီက အသံေတြကို အၿမဲနားစြင့္ထားဖို႔ေတာ့လိုအပ္ပါတယ္။ ကိုယ့္ရဲ႕၀န္ထမ္းေတြဆီမွာဘယ္လို ျပႆနာေတြရွိေနလဲဆိုတာ ေလ့လာပါ။ သူတို႔ရဲ႕ ထင္ျမင္ခ်က္ေတြ၊ေတာင္းဆိုခ်က္ေတြကို အေလးထားပါ။ အေျဖထုတ္ရမယ့္ ျပႆနာေတြရွိရင္သင္က ဦးေဆာင္ၿပီး ေဆြးေႏြးပါ။ေျဖရွုင္းပါ။

၅။တစ္ညီတည္းဆက္ဆံပါ။
ဘယ္သူကေတာ့ ပိုေတာ္လုိ႔၊ ဘယ္သူကေတာ့ ပိုၿပီး အေရာင္းတက္ေအာင္လုပ္ေပးႏိုင္လို႔ဆိုၿပီး ခြဲျခားဆက္ဆံေနစရာမလိုပါဘူး။ ေခါင္းေဆာင္ဆိုတာ တစ္ေျပးညီတည္း အုပ္ခ်ဳပ္တတ္ရပါတယ္။ ပိုပိုကဲကဲဆက္ဆံေပးတာေတြကေန ၀န္ထမ္းအခ်င္းခ်င္း မလိုမုန္းထားမႈေတြျဖစ္လာႏိုင္တတ္ပါတယ္။

၆။မိသားစုဆက္ဆံေရးထားပါ။
အလုပ္ရွင္နဲ႔အလုပ္သမားဆက္ဆံေရးမ်ိဳးမဟုတ္ဘဲ ေႏြးေႏြးေထြးေထြး ေပ်ာ္စရာေကာင္းတဲ့ ဆက္ဆံေရးမ်ိဳးျဖစ္ေအာင္ဖန္တီးပါ။ သင့္အေနနဲ႔ ပိုက္ဆံေပးၿပီးခိုင္းထားတာပဲဆိုတဲ့ အေျပာအဆိုေတြကို ေရွာင္ဖို႔လိုပါတယ္။ ဒါ့အျပင္ ဟိတ္ၾကီးဟန္ၾကီးေတြမလုပ္ဘဲ ဆက္ဆံတာက သင့္ကို ၀န္ထမ္းေတြပိုခ်စ္ေစတဲ့အျပင္ သင့္၀န္ထမ္းေတြကို တျခားေနရာေျပာင္းဖို႔ ဘယ္ေတာ့မွ စိတ္ကူးမိေစမွာ မဟုတ္ပါဘူး။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
xအလုပ်ရှင်နဲ့ ပတ်သက်ပြီး များသောအားဖြင့် တွေ့ရများတဲ့ အွန်လိုင်း search တွေက ကိုယ့်အလုပ်ရှင် သဘောကျအောင် ဘယ်လိုနေရမလဲ၊ ကိုယ့်အလုပ်ရှင်ကို ဘယ်အရာတွေက စိတ်ပျက်စေတတ်သလဲ စတာမျိုးတွေပဲ တွေ့ရမှာပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာ သင်က အလုပ်ရှင်တစ်ယောက်၊သူဌေးတစ်ယောက် ဖြစ်လာခဲ့ရင် သင်ဘယ်လို ကိုင်တွယ်မလဲဆိုတာရော သင်စဉ်းစားမိဖူးလား။ သင်က အလုပ်ရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် ဒီအချက်တွေကိုမဖြစ်မနေလိုက်နာဖို့ လိုအပ်ပါတယ်။

၁။တော်တဲ့သူတွေကိုနေရာပေးပြီး သူတို့အပေါ်ယုံကြည်မှုထားပါ။
သင့်ရဲ့ ဝန်ထမ်းတွေက သူတို့အတွက် သင်ဟာ ယုံကြည်မှုပေးနိုင်တယ်ဆိုတာ သဘောပေါက်သွားရင် သူတို့ရဲ့အလုပ်ကို အကောင်းဆုံးလုပ်ကြမှာပါ။ ဒါကြောင့် သင့်ပတ်ဝန်းကျင်ကို တန်ဖိုးရှိတဲ့ အလုပ်ခွင်တစ်ခု ဖြစ်လာအောင်ဖန်တီးပါ။ ထောက်ပံ့မှုတွေပေးပါ။ပြန်ပြီး ဝေဖန်ချက်ပေးပါ။ နေ့တစ်နေ့ကုန်ဆုံးသွားပြီဆိုရင်တော့ သင့်ရဲ့ ထက်မြက်တဲ့ ဝန်ထမ်းတွေက သင်ညွှန်ကြားထားတဲ့အတိုင်း အကောင်းဆုံးအလုပ်ကို လုပ်ဆောင်နိုင်တယ်လို့ တွေးပါ။

၂။အမှားလုပ်မိတဲ့အခါပဲဖြစ်ဖြစ်၊ အဖြေမသိတဲ့အခါဘဲဖြစ်ဖြစ် ဝန်ခံဖို့ မငြင်းပါနဲ့။
ထက်မြတ်တဲ့အလုပ်ရှင်တွေ၊သူဌေးတွေကို သူတို့ရဲ့ အသင်းအဖွဲ့တိုင်းက လေးစားပြီးသားပါ။သင့်ရဲ့ အဖွဲ့ပဲဖြစ်ဖြစ် ၊ဝန်ထမ်းတွေနဲ့ပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်။ အဲဒီလို အချိန်မှာ သင့်အနေနဲ့ မှားယွင်းတာ ဖြစ်ဖြစ်၊ဘေးလူရဲ့ အကြံဉာဏ်ကို လိုအပ်နေတာပဲဖြစ်ဖြစ် ငါကအလုပ်ရှင်ပဲ ဒါတွေမလိုအပ်ဘူးလို့ မတွေးသင့်ပါဘူး။ သင်အနေနဲ့ အမှားကို ဝန်ခံနိုင်စွမ်းရှိတာက ဝန်ထမ်းတွေဆီက လေးစားမှုကို ပိုရနိုင်တဲ့အပြင် သူတို့အခက်အခဲရှိတဲ့အခါ၊ မှားယွင်းတဲ့အခါ သင့်ရဲ့ အပြုအမူကို အတုယူနိုင်ပါတယ်။

၃။ရိုးသားမှုရှိပါ။
တစ်ခါတလေမှာ သင့်ရဲ့ ထင်မြင်ချက်၊ဝေဖန်ချက်တွေကို ပြောပြရတာ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ခက်ခဲတဲ့ စကားဝိုင်း၊ အခြေအနေတွေကို ရှောင်ကြဉ်ဖို့မလိုပါဘူး။ ဝန်ထမ်းတွေနဲ့ဆက်ဆံတဲ့ အခါ ရိုးသားမှုနဲ့ပဲဆက်ဆံပြီး ဘယ်လိုအခြေအနေမျိုးကို မဆိုလက်ခံပါ။

၄။ဝန်ထမ်းတွေဆီကအသံကို အမြဲနားစွင့်ပါ။
သင်ကအလုပ်ရှင်တစ်ယောက်ဖြစ်တဲ့အတွက် ဝန်ထမ်းတွေဆီက အသံတွေကို အမြဲနားစွင့်ထားဖို့တော့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေဆီမှာဘယ်လို ပြဿနာတွေရှိနေလဲဆိုတာ လေ့လာပါ။ သူတို့ရဲ့ ထင်မြင်ချက်တွေ၊တောင်းဆိုချက်တွေကို အလေးထားပါ။ အဖြေထုတ်ရမယ့် ပြဿနာတွေရှိရင်သင်က ဦးဆောင်ပြီး ဆွေးနွေးပါ။ဖြေရှုင်းပါ။

၅။တစ်ညီတည်းဆက်ဆံပါ။
ဘယ်သူကတော့ ပိုတော်လို့၊ ဘယ်သူကတော့ ပိုပြီး အရောင်းတက်အောင်လုပ်ပေးနိုင်လို့ဆိုပြီး ခွဲခြားဆက်ဆံနေစရာမလိုပါဘူး။ ခေါင်းဆောင်ဆိုတာ တစ်ပြေးညီတည်း အုပ်ချုပ်တတ်ရပါတယ်။ ပိုပိုကဲကဲဆက်ဆံပေးတာတွေကနေ ဝန်ထမ်းအချင်းချင်း မလိုမုန်းထားမှုတွေဖြစ်လာနိုင်တတ်ပါတယ်။

၆။မိသားစုဆက်ဆံရေးထားပါ။
အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးမျိုးမဟုတ်ဘဲ နွေးနွေးထွေးထွေး ပျော်စရာကောင်းတဲ့ ဆက်ဆံရေးမျိုးဖြစ်အောင်ဖန်တီးပါ။ သင့်အနေနဲ့ ပိုက်ဆံပေးပြီးခိုင်းထားတာပဲဆိုတဲ့ အပြောအဆိုတွေကို ရှောင်ဖို့လိုပါတယ်။ ဒါ့အပြင် ဟိတ်ကြီးဟန်ကြီးတွေမလုပ်ဘဲ ဆက်ဆံတာက သင့်ကို ဝန်ထမ်းတွေပိုချစ်စေတဲ့အပြင် သင့်ဝန်ထမ်းတွေကို တခြားနေရာပြောင်းဖို့ ဘယ်တော့မှ စိတ်ကူးမိစေမှာ မဟုတ်ပါဘူး။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top