iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲတက္ေရာက္မည့္ အိေခ်ာပိုသည္ ေရႊသံုးဆယ္က်ပ္သား အသံုးျပဳထားေသာ ပြဲတက္ဝတ္စံုခ်ဳပ္လုပ္ရန္ အစီအစဥ္ရွိေၾကာင္း ဒီဇိုင္နာမ်ိဳးမင္းစိုးက ေျပာသည္။

‘‘အိေခ်ာပိုအတြက္ လုပ္ေနတာပါ။ သူက ျမန္မာကိုယ္လံုးဆိုေတာ့ ျမန္မာကိုယ္လုံးနဲ႔ လိုက္ဖက္တဲ့ ဒီဇုိင္းေလး၊ ေရႊပန္းပြင့္ေလးေတြ လုပ္ထားတယ္။ ေနာက္ ၿပီးမွ အက်ႌမွာ ရင္ခံေတြမွာကပ္မယ္။ ပန္းပြင့္ေလးေတြ လုပ္ထား တယ္။ အဓိကကေတာ့ အကႌ်မွာပဲ ဆင္သြားမယ္’’ဟု ၎က ေျပာသည္။

 အဆိုပါဝတ္စံုအတြက္ ေရႊ သံုးဆယ္သား အသံုးျပဳမည္ျဖစ္ၿပီး ေရႊထည္မ်ားကို ေအာင္သမာဓိေရႊဆိုင္က စပြန္ဆာေပးထားေၾကာင္း ဒီဇိုင္နာ မ်ိဳးမင္းစိုးက ဆိုသည္။

‘‘အကယ္ဒမီပြဲမွာေတာ့ (ေရႊဝတ္စံု)က ပထမဆံုးျဖစ္မွာေပါ့။  ေရႊသံုးဆယ္သားဆိုေတာ့ သိန္းႏွစ္ရာေက်ာ္ေလာက္ သြားက်တယ္’’ဟု ၎က ေျပာၾကားသည္။

အဆိုပါဝတ္စံုအတြက္ ခ်ိတ္ဒီဇိုင္းကိုလည္း ကိုယ္ပိုင္ခ်ိတ္ဒီဇိုင္းျဖင့္ ယခုရက္အတြင္း စတင္ခ်ဳပ္လုပ္မည္ဟု မ်ိဳးမင္းစိုးက ဆိုသည္။

‘‘ကြၽန္ေတာ္ခ်ဳပ္တာေတာ့ ခုနစ္ထည္ေလာက္ရွိၿပီ။ ေနာက္ထပ္လည္း ႏွစ္ထည္ရွိတယ္။ သီရိသုဓမၼယူဖို႔အတြက္ကို ခ်ဳပ္ထားတာ။  ေနာက္ၿပီး မိုးကုတ္ထြက္ ေက်ာက္ေတြနဲ႔ လုပ္ထားတာေတြ လည္း ရွိေသးတယ္’’ဟုဒီဇိုင္နာ မ်ိဳးမင္းစိုးက ေျပာသည္။

၂၀၁၆ အတြက္ ျမန္မာ့႐ုပ္ ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားကို မတ္လ ၁၈ ရက္တြင္ ျပည္သူ႔ရင္ျပင္၌ ျပဳလုပ္မည္ျဖစ္ၿပီး ေရႊတိဂံု ေစတီေတာ္ေနာက္ခံျဖင့္ က်င္းပမည္ျဖစ္၍ ျမန္မာ့ယဥ္ေက်းမႈႏွင့္အညီ ဝတ္စားဆင္ယင္ရန္ ပြဲစီစဥ္သူအခ်ိဳ႕က ေျပာၾကားထားသည္။

Credit : 7day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတက်ရောက်မည့် အိချောပိုသည် ရွှေသုံးဆယ်ကျပ်သား အသုံးပြုထားသော ပွဲတက်ဝတ်စုံချုပ်လုပ်ရန် အစီအစဉ်ရှိကြောင်း ဒီဇိုင်နာမျိုးမင်းစိုးက ပြောသည်။

‘‘အိချောပိုအတွက် လုပ်နေတာပါ။ သူက မြန်မာကိုယ်လုံးဆိုတော့ မြန်မာကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေး၊ ရွှေပန်းပွင့်လေးတွေ လုပ်ထားတယ်။ နောက် ပြီးမှ အကျႌမှာ ရင်ခံတွေမှာကပ်မယ်။ ပန်းပွင့်လေးတွေ လုပ်ထား တယ်။ အဓိကကတော့ အင်္ကျီမှာပဲ ဆင်သွားမယ်’’ဟု ၎င်းက ပြောသည်။

 အဆိုပါဝတ်စုံအတွက် ရွှေ သုံးဆယ်သား အသုံးပြုမည်ဖြစ်ပြီး ရွှေထည်များကို အောင်သမာဓိရွှေဆိုင်က စပွန်ဆာပေးထားကြောင်း ဒီဇိုင်နာ မျိုးမင်းစိုးက ဆိုသည်။

‘‘အကယ်ဒမီပွဲမှာတော့ (ရွှေဝတ်စုံ)က ပထမဆုံးဖြစ်မှာပေါ့။  ရွှေသုံးဆယ်သားဆိုတော့ သိန်းနှစ်ရာကျော်လောက် သွားကျတယ်’’ဟု ၎င်းက ပြောကြားသည်။

အဆိုပါဝတ်စုံအတွက် ချိတ်ဒီဇိုင်းကိုလည်း ကိုယ်ပိုင်ချိတ်ဒီဇိုင်းဖြင့် ယခုရက်အတွင်း စတင်ချုပ်လုပ်မည်ဟု မျိုးမင်းစိုးက ဆိုသည်။

‘‘ကျွန်တော်ချုပ်တာတော့ ခုနစ်ထည်လောက်ရှိပြီ။ နောက်ထပ်လည်း နှစ်ထည်ရှိတယ်။ သီရိသုဓမ္မယူဖို့အတွက်ကို ချုပ်ထားတာ။  နောက်ပြီး မိုးကုတ်ထွက် ကျောက်တွေနဲ့ လုပ်ထားတာတွေ လည်း ရှိသေးတယ်’’ဟုဒီဇိုင်နာ မျိုးမင်းစိုးက ပြောသည်။

၂၀၁၆ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ်လ ၁၈ ရက်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော်နောက်ခံဖြင့် ကျင်းပမည်ဖြစ်၍ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ရန် ပွဲစီစဉ်သူအချို့က ပြောကြားထားသည်။


Credit : 7day daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top