iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးထဲမွာ ခ်စ္သူရွိတဲ့ ေကာင္မေလးေတြ ပါမယ္ထင္ပါတယ္။ ဒီေတာ့ ညီမေလးတို႔ကို သတိေပးခ်င္တာက ေအာက္ပါအခ်က္ေတြအနက္ တစ္ခ်က္ခ်က္ျဖစ္ေစ၊ အခ်က္အားလုံးကို ျဖစ္ေစ သင့္ခ်စ္သူရဲ႕ လက္ရွိ စ႐ိုက္နဲ႔ တိုက္ဆိုင္ေနတယ္ဆိုရင္ေတာ့ သူဟာ ဘယ္နည္းနဲ႔မွ သင့္လက္တြဲေဖာ္ မျဖစ္ႏိုင္ဘူးလို႔ ေျပာပါရေစ။ ဒီလိုမွ လမ္းမခြဲႏိုင္ရင္လည္း တစ္သက္လုံး အခ်စ္ကြၽန္ဘဝမွာ မရႈမလွေနရမွာလို႔ သတိေပးပါရေစ ညီမေလးတို႔ေရ။

(၁) ငိုေအာင္လုပ္တယ္
သူဟာ သင့္ကို စေနာက္ျခင္းမဟုတ္ဘဲ၊ တမင္သက္သက္ စိတ္ခံစားရေအာင္၊ စိတ္ဒုကၡေရာက္ေအာင္၊ ေသာကျဖစ္ေအာင္၊ စိတ္ဆင္းရဲေအာင္ တမင္ရည္႐ြယ္ၿပီး သင့္ကို မ်က္ရည္က်ေစတယ္၊ သင့္ကို ႐ိုက္ေမာင္းပုတ္ေမာင္း လုပ္လို႔ သင္ မ်က္ရည္ခဏခဏ က်ရတယ္ဆိုရင္ သင္လက္ရွိ လက္တြဲေနတဲ့သူဟာ ေဒါသအာဃာတႀကီးမားလြန္းသူ ေရရွည္လက္တြဲ မိရင္ ဘယ္အခ်ိန္မွာ အသက္နဲ႔ကိုယ္ အိုးစားကြဲမလဲ-ဆိုတာကိုပဲ ေစာင့္ေနရမယ့္ သေဘာပါ။


(၂) အခ်ိန္မေပးဘူး
သင့္ကို ခ်စ္သူရယ္၊ ရည္းစားရယ္လို႔ သီးသန႔္အခ်ိန္မေပးႏိုင္ရင္ေတာ့ တစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ အနည္းဆုံး ေတြ႕ဖို႔ ႀကိဳးစားသင့္ပါတယ္။ သင့္ကို္ယ္တိုင္က ခ်စ္သူဘဝမွာ ခ်စ္သူလို႔ မခံစားရဘူး၊ သူ႔ရဲ႕ ဂ႐ုမစိုက္မႈေတြကို သိမ္ငယ္စိတ္ ျဖစ္ေနတယ္ဆိုရင္လည္း အျမန္သာ လမ္းခြဲလိုက္ပါ။ သားေတြ သမီးေတြရမွ လုံးလုံးျပန္မလာေတာ့တဲ့လူကို ေရရွည္ ပ်ိဳးေထာင္ၿပီး ခ်စ္မေနပါနဲ႔။

(၃) လိမ္ညာလွည့္ျဖားတယ္

သင့္ဆီကေန တစ္စုံတစ္ခုရဖို႔ပဲျဖစ္ျဖစ္ သင္သိၿပီးသား အမွန္တရားကို ေျဗာင္လိမ္ေျဗာင္စား
လုပ္တာပဲျဖစ္ျဖစ္ သူ႔ဘက္က က်ဴးလြန္မႈေတြ ခဏခဏ ဆက္တိုက္ျဖစ္လာတယ္ဆိုရ သင့္လက္ရွိလက္တြဲေဖာ္ကို လမ္းခြဲလိုက္ပါ။ မယာမ်ားတဲ့ ေယာက္်ား၊ ဆင္ေျခမ်ားတဲ့ ေယာက္်ားတစ္ေယာက္ ျဖစ္ပါတယ္။

(၄) မလုံၿခဳံမႈကိုျဖစ္ေစတယ္
ခ်စ္သူ ေယာက္်ားဆိုတာ ခ်စ္သူမိန္းကေလး လုံၿခဳံမႈကို ခံစားရေစဖို႔၊ အႏၲရာယ္ကင္းတယ္လို႔ ခံစားရေစဖို႔၊ ဘာမွ မျဖစ္ႏိုင္ဘူးလို႔ စိတ္ခ်ရေစဖို႔ တာဝန္အျပည့္ရွိပါတယ္။ ဒီလို မဟုတ္ပါဘဲ … ခ်စ္သူက အႏၲရာယ္တစ္ခုခု ျပဳမွာ ျပန္ေၾကာက္ေနရတဲ့ ဘဝမ်ိဳးဆိုရင္ ဘယ္လိုနည္းနဲ႔မွ ေရရွည္အဆင္မေျပႏိုင္ပါ။

(၅) အရာရာကိုနားလည္လို႔မရဘူး

သူဘာလုပ္လုပ္ အရာရာ နားလည္လို႔ မရဘူး၊ သင့္ လက္ရွိစ႐ိုက္နဲ႔ ကြဲျပားေနတယ္၊ သင့္ကို တိုင္ပင္ရေကာင္းမွန္းမသိ၊ သူလုပ္ခ်င္ရာလုပ္၊ ထင္ရာစိုင္း၊ အျပစ္ခံစရာရွိရင္ သင္ကပါ သင့္နားမလည္ျခင္းေတြနဲ႔ ေရာေထြးခံေနရတယ္ဆိုရင္လည္း သင္တို႔ႏွစ္ေယာက္ၾကားမွာ ပြင့္လင္းျမင္သာမႈမရွိျခင္း၊ တစ္ကိုယ္ေကာင္းဆန္ျခင္းဆိုတာ အထင္သား ေပၚလြင္ေစပါတယ္။


Credit: AuntyMay

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode  Version

ပရိသတ်ကြီးထဲမှာ ချစ်သူရှိတဲ့ ကောင်မလေးတွေ ပါမယ်ထင်ပါတယ်။ ဒီတော့ ညီမလေးတို့ကို သတိပေးချင်တာက အောက်ပါအချက်တွေအနက် တစ်ချက်ချက်ဖြစ်စေ၊ အချက်အားလုံးကို ဖြစ်စေ သင့်ချစ်သူရဲ့ လက်ရှိ စရိုက်နဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ သူဟာ ဘယ်နည်းနဲ့မှ သင့်လက်တွဲဖော် မဖြစ်နိုင်ဘူးလို့ ပြောပါရစေ။ ဒီလိုမှ လမ်းမခွဲနိုင်ရင်လည်း တစ်သက်လုံး အချစ်ကျွန်ဘဝမှာ မရှုမလှနေရမှာလို့ သတိပေးပါရစေ ညီမလေးတို့ရေ။

(၁) ငိုအောင်လုပ်တယ်
သူဟာ သင့်ကို စနောက်ခြင်းမဟုတ်ဘဲ၊ တမင်သက်သက် စိတ်ခံစားရအောင်၊ စိတ်ဒုက္ခရောက်အောင်၊ သောကဖြစ်အောင်၊ စိတ်ဆင်းရဲအောင် တမင်ရည်ရွယ်ပြီး သင့်ကို မျက်ရည်ကျစေတယ်၊ သင့်ကို ရိုက်မောင်းပုတ်မောင်း လုပ်လို့ သင် မျက်ရည်ခဏခဏ ကျရတယ်ဆိုရင် သင်လက်ရှိ လက်တွဲနေတဲ့သူဟာ ဒေါသအာဃာတကြီးမားလွန်းသူ ရေရှည်လက်တွဲ မိရင် ဘယ်အချိန်မှာ အသက်နဲ့ကိုယ် အိုးစားကွဲမလဲ-ဆိုတာကိုပဲ စောင့်နေရမယ့် သဘောပါ။


(၂) အချိန်မပေးဘူး
သင့်ကို ချစ်သူရယ်၊ ရည်းစားရယ်လို့ သီးသန့်အချိန်မပေးနိုင်ရင်တော့ တစ်ပတ်တစ်ကြိမ်လောက်တော့ အနည်းဆုံး တွေ့ဖို့ ကြိုးစားသင့်ပါတယ်။ သင့်ကိုယ်တိုင်က ချစ်သူဘဝမှာ ချစ်သူလို့ မခံစားရဘူး၊ သူ့ရဲ့ ဂရုမစိုက်မှုတွေကို သိမ်ငယ်စိတ် ဖြစ်နေတယ်ဆိုရင်လည်း အမြန်သာ လမ်းခွဲလိုက်ပါ။ သားတွေ သမီးတွေရမှ လုံးလုံးပြန်မလာတော့တဲ့လူကို ရေရှည် ပျိုးထောင်ပြီး ချစ်မနေပါနဲ့။

(၃) လိမ်ညာလှည့်ဖြားတယ်
သင့်ဆီကနေ တစ်စုံတစ်ခုရဖို့ပဲဖြစ်ဖြစ် သင်သိပြီးသား အမှန်တရားကို ဗြောင်လိမ်ဗြောင်စား
လုပ်တာပဲဖြစ်ဖြစ် သူ့ဘက်က ကျူးလွန်မှုတွေ ခဏခဏ ဆက်တိုက်ဖြစ်လာတယ်ဆိုရ သင့်လက်ရှိလက်တွဲဖော်ကို လမ်းခွဲလိုက်ပါ။ မယာများတဲ့ ယောက်ျား၊ ဆင်ခြေများတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။

(၄) မလုံခြုံမှုကိုဖြစ်စေတယ်
ချစ်သူ ယောက်ျားဆိုတာ ချစ်သူမိန်းကလေး လုံခြုံမှုကို ခံစားရစေဖို့၊ အန္တရာယ်ကင်းတယ်လို့ ခံစားရစေဖို့၊ ဘာမှ မဖြစ်နိုင်ဘူးလို့ စိတ်ချရစေဖို့ တာဝန်အပြည့်ရှိပါတယ်။ ဒီလို မဟုတ်ပါဘဲ … ချစ်သူက အန္တရာယ်တစ်ခုခု ပြုမှာ ပြန်ကြောက်နေရတဲ့ ဘဝမျိုးဆိုရင် ဘယ်လိုနည်းနဲ့မှ ရေရှည်အဆင်မပြေနိုင်ပါ။

(၅) အရာရာကိုနားလည်လို့မရဘူး
သူဘာလုပ်လုပ် အရာရာ နားလည်လို့ မရဘူး၊ သင့် လက်ရှိစရိုက်နဲ့ ကွဲပြားနေတယ်၊ သင့်ကို တိုင်ပင်ရကောင်းမှန်းမသိ၊ သူလုပ်ချင်ရာလုပ်၊ ထင်ရာစိုင်း၊ အပြစ်ခံစရာရှိရင် သင်ကပါ သင့်နားမလည်ခြင်းတွေနဲ့ ရောထွေးခံနေရတယ်ဆိုရင်လည်း သင်တို့နှစ်ယောက်ကြားမှာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတာ အထင်သား ပေါ်လွင်စေပါတယ်။


Credit: AuntyMay



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top