iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္လူႀကီးလူငယ္မေရြးအထူးသျဖင့္မိန္းကေလးမ်ားမွာ ေဗာက္ထျခင္းေၾကာင့္ မိမိရဲ႕ေခါင္းတစ္ခုလံုးယားယံၿပီးေဗာက္ဖတ္ေလးမ်ားဦးေခါင္းအႏွံ႔ပ်ံ႕ႏွံ႔တတ္သည့္ ေဗာက္ထသည့္ မႈိေရာဂါတစ္မ်ိဳးကိုရင္ဆိုင္ၾကရလ်က္ရွိပါတယ္။ ေဗာက္ထျခင္းဟာမိန္းကေလးမ်ားသာမက အမ်ိဳးသားမ်ားတြင္ျဖစ္ပြားတတ္ၿပီး ေဗာက္ထျခင္းကို အေကာင္းမြန္ဆံုး တုန္႔ျပန္ကာကြယ္ျခင္းမရွိပါက အျခားေသာ မလိုလားအပ္တဲ့ ဆိုးက်ိဳးမ်ားျဖစ္ေပၚလာႏိုင္ပါတယ္။
ဒါ့အျပင္ယေန႔ေခတ္မွာလွပၿပီးဆြဲေဆာင္မႈရွိတဲ့ ိန္းကေလးတစ္ေယာက္ျဖစ္ဖုိ႔ဆိုတာဟာ ဦးေခါင္းမွာေဗာက္ေတြထေနလုိ႔မျဖစ္ပါဘူး။ ထို႔အတူပဲ ဆြဲေဆာင္မႈရွိေသာ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ဖုိ႔ဆိုတာကလည္း ဦးေခါင္းမွာ အျဖဴေရာင္ေဗာက္ဖတ္ေတြထၿပီးအခ်ိန္ျပည့္ဦးေခါင္းကိုကုတ္ေနလို႔လဲ မျဖစ္ပါဘူး။ ဒါေၾကာင့္ ယခုတစ္ပတ္ NewsWatch Journal ရဲ႕က်န္းမာေရးႏွင့္အလွအပ က႑ကေန ပ်ိဳပ်ိဳအိုအို ေယာက်ာ္းေလး၊ မိန္းကေလးမ်ားဆြဲေဆာင္မႈအျပည့္ရွိၿပီး ေဗာက္ရွင္းတဲ့ဦးေခါင္းပိုင္ရွင္မ်ားျဖစ္ဖုိ႔ ေဗာက္ထျခင္းကို အေကာင္းဆံုးတြန္းလွန္ႏိုင္တဲ့ နည္းလမ္းအခိ်ဳ႕ကိုေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ဗိုက္တာမင္ဓါတ္မ်ားၾကြယ္၀ပါေစ

လူတစ္ေယာက္ရဲ႕ ဦးရည္ျပားက်န္းမာေရးဟာ ထိုလူရဲ႕ခႏၶာကိုယ္မွာ ဗိုက္တာမင္ဓါတ္ဘယ္ေလာက္ၾကြယ္၀သလဲဆိုတဲ့အခ်က္ေပၚမွာမူတည္ေနတာေၾကာင့္ ဗိုက္တာမင္ ေအ၊ ဘီ ႏွင့္ စီ ဓါတ္မ်ားေပါၾကြယ္၀တဲ့ အစားအစာမ်ားကို စားေသာက္သင့္ပါတယ္။ ၎အဟာရဓါတ္ေတြဟာခႏၶာကိုယ္ရဲ႕ ေသြားလွည့္ပတ္မႈစနစ္ (Circulatory System) အတြက္မရွိမျဖစ္လိုအပ္သလို ဆဲလ္ႀကီးထြားေရးက႑မွာလည္း လိုအပ္ပါတယ္။ ဒါ့အျပင္ ၎ဓါတ္မ်ားဟာ ေသြးအတြင္းရွိဆဲလ္မ်ား၏ခုခံစြမ္းအား (immune system) ကိုအေထာက္အကူျဖစ္ေစတာေၾကာင့္ ဦးရည္ျပားမွာေဗာက္ထျခင္းကို အေကာင္းဆံုး ကာကြယ္ႏိုင္ၾကပါတယ္။၎ဗိုက္တာမင္ဓါတ္ေတြျပည့္၀စြာပါ၀င္တဲ့ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားႏွင့္ စေတာ္ဘယ္ရီသီးစတဲ့အသီးေတြကို စားသံုးသင့္ပါတယ္။

၂။ သင့္ရဲ႕ ဘီး ႏွင့္ မိတ္ကပ္လိမ္းခ်ယ္သည့္စုတ္တံမ်ားကို ေဆးေၾကာပါ

မ်က္ႏွာမွာ မိတ္ကပ္လိမ္းခ်ယ္သည့္အခါ အသံုးျပဳတဲ့ စုတ္တံမ်ားကို အႏၱရာယ္ျဖစ္ျခင္းမွ ကာကြယ္ရန္ ေဆးေၾကာၾကပါသလို ဦးေခါင္းရဲ႕ ဦးရည္ျပားေရာဂါမ်ားအထူးသျဖင့္ ေဗာက္ထျခင္းေရာဂါကိုကုသကာကြယ္ရန္အတြက္ မိမိတို႔ေန႔စဥ္အသံုးျပဳေနတဲ့ ဘီးမ်ားကိုအခါအားေလ်ာ္စြာ ေဆးေၾကာသင့္ပါတယ္။ ဘီးမွာကပ္ေနတဲ့ ဆံပင္မ်ားကို ဖယ္ထုတ္ၿပီး ပန္ကန္ေဆးဆပ္ျပာႏွင့္ေဆးေၾကာပါ၊ ၿပီးေနာက္ ေရေႏြးႏွင့္ အျဖဴေရာင္ ရွာလကာရည္ တုိ႔ေရာစပ္ထားေသာအရည္ထဲတြင္ နာရီ၀က္၀က္ခန္႔ စိမ္ကာ ေဆးေၾကာေပးျခင္းကို ႏွစ္ပတ္တစ္ႀကိမ္ (သို႔မဟုတ္) သံုးပတ္တစ္ႀကိမ္ျပဳလုပ္ေပးျခင္းအားျဖင့္လည္း ေဗာက္ထျခင္းေရာဂါကိုကာကြယ္ပါ။

၃။ ေဆးပါ၀င္ေသာ ေခါင္းေလွ်ာ္ရည္ကိုအသံုးျပဳပါ
ဇင့္ဓါတ္ဟာ ေဗာက္ထျခင္းေရာဂါကိုအေကာင္းမြန္ဆံုးတြန္းလွန္ႏိုင္တဲ့ဓါတ္တစ္မ်ိဳးျဖစ္ပါတယ္။ ဇင့္ ဓါတ္ဟာ ဗက္တီးရီးယားေတြကိုတိုက္ခိုက္ႏိုင္စြမ္းရွိသလို ခႏၶာကိုယ္မွ ဆဲလ္မ်ားေျပာင္းလဲမႈမ်ားကိုလည္းေႏွးေကြးေအာင္ျပဳလုပ္ႏိုင္စြမ္းရွိပါတယ္။ မိမိတို႔ႀကိဳက္ႏွစ္သက္ၿပီး အစြမ္းထက္တဲ့ေဆးပါ၀င္တဲ့ ေခါင္းေလွ်ာ္ရည္ကို အသံုးျပဳႏိုင္ၾကၿပီး ဦးရည္ျပားကို Moisturize (အစိုဓါတ္ရရွိေအာင္) ျပဳလုပ္ေပးႏိုင္ေသာ ေခါင္းေလွ်ာ္ရည္မ်ိဳးက ေဗာက္ထျခင္းကိုကာကြယ္ရာမွာ ပိုမိုအစြမ္းထက္ပါတယ္။

၄။ အလွျပင္ဆိုင္တြင္ ကုသမႈျပဳလုပ္ျခင္း

လြန္ခဲ့တဲ့ ရာစုႏွစ္တစ္ခုေလာက္က စၿပီး ေဗာက္ထျခင္းႏွင့္ပတ္သက္ၿပီး လူေတြနားလည္ခဲ့တာကပုခံုးေပၚမွာရွိေနတဲ့အျဖဴေရာင္ေဗာက္ဖတ္ေလးေတြဟာ ဦးေခါင္းရဲ႕ဦးရည္ျပားေပၚကေနက်လာတာဟု ျဖစ္သည္။ ဒါေၾကာင့္
ေဗာက္ထျခင္းကို အလွျပင္ဆိုင္သြားၿပီးကုသလိုသူမ်ားအတြက္ ဦးရည္ျပားအသစ္ျပဳျပင္ခင္း (Scalp Renew) လို႔လူသိမ်ားတဲ့ ကုသျခင္းမ်ိဳးျပဳလုပ္ရပါမယ္။ ဦးရည္ျပားအသစ္ျပဳျပင္ျခင္း (Scalp Renew) ဆိုတာ ဦးရည္ျပားမွာရွိတဲ့ အဆီးပိုမ်ားကိုဖယ္ရွားျခင္းျဖစ္ၿပီး ၎ကုသမႈကို ရက္ ၃၀ မွ ၄၅ ရက္လွ်င္ တစ္ႀကိမ္စီျပဳလုပ္သင့္ပါတယ္။ က်န္းမာသန္စြမ္းေသာ ဦးရည္ျပားပိုင္ရွင္တစ္ေယာက္ျဖစ္ဖို႔အတြက္လည္း ဦးရည္ျပား အသစ္ျပဳျပင္ျခင္း ( Scalp Renew) ကုသမႈကိုမိမိတို႔ႏွင့္နီးစပ္ရာ အလွျပင္ဆိုင္မ်ားတြင္ ကုသမႈခံယူလိုက္ပါ။

၅။ မိမိမွာ ဘာေၾကာင့္ ေဗာက္ထသလဲ သိေအာင္လုပ္ပါ။

လူတစ္ေယာက္ႏွင့္တစ္ေယာက္ ေဗာက္ထျခင္းပမာဏဟာ မတူညီပါဘူး။ ဒါ့အျပင္ ကုသေရးနည္းလမ္းကိုလည္းလူအားလံုးအတြက္တစ္မ်ိဳးတည္းအသံုးျပဳလုိ႔မရပါဘူး။ ဘာေၾကာင့္လဲဆိုရင္ လူတစ္ေယာက္ႏွင့္ တစ္ေယာက္ေဗာက္ထေရာဂါျဖစ္ပြားမႈ ရဲ႕အရင္းအျမစ္အေၾကာင္းရင္းက တူညီမႈမရွိလို႔ပါပဲ။ အဓိက ေဗာက္ထျခင္းနည္းလမ္းအားျဖင့္ pityiaris capitis simplex ႏွင့္ pityriasis steatoides ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။ ပထမ တစ္မ်ိဳး ျဖစ္တဲ pityiaris capitis simplex ဟာ စိတ္ဖိအားမ်ားျပားျခင္း၊ အစားအေသာက္မမွန္ျခင္းႏွင့္ ေရဓါတ္ခမ္းေျခာက္ျခင္းမ်ားေၾကာင့္ျဖစ္ပြားျခင္းျဖစ္ၿပီး ျဖစ္ပြားပါက ဦးရည္ျပားဟာ ေျခာက္ေသြ႕လာၿပီးဦးရည္ျပားယားယံျခင္းမ်ားျဖစ္ေပၚေစသည္။ထိုကဲ့သုိ႔ျဖစ္ေပၚပါက အစြမ္းထက္ ေခါင္းေလွ်ာ္ရည္မ်ားကိုအသံုးျပဳကာကုသႏိုင္ပါတယ္။ ဒုတိယတစ္မ်ိဳးျဖစ္တဲ့ pityriasis steatoides ကေတာ့ အဆီဓါတ္မ်ားျပားေသာ ဦးရည္ျပားမ်ားတြင္ျဖစ္ေပၚတတ္ၿပီး ထိုကဲ့သုိ႔ျဖစ္ေပၚေနသူတစ္ဦးကေတာ့ သက္ဆိုင္ရာ ဆရာ၀န္မ်ားႏွင့္ေတြ႕ဆံုေဆြးေႏြးသင့္သည္ဟု သိရသည္။


Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယနေ့ခေတ်လူကြီးလူငယ်မရွေးအထူးသဖြင့်မိန်းကလေးများမှာ ဗောက်ထခြင်းကြောင့် မိမိရဲ့ခေါင်းတစ်ခုလုံးယားယံပြီးဗောက်ဖတ်လေးများဦးခေါင်းအနှံ့ပျံ့နှံ့တတ်သည့် ဗောက်ထသည့် မှိုရောဂါတစ်မျိုးကိုရင်ဆိုင်ကြရလျက်ရှိပါတယ်။ ဗောက်ထခြင်းဟာမိန်းကလေးများသာမက အမျိုးသားများတွင်ဖြစ်ပွားတတ်ပြီး ဗောက်ထခြင်းကို အကောင်းမွန်ဆုံး တုန့်ပြန်ကာကွယ်ခြင်းမရှိပါက အခြားသော မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့အပြင်ယနေ့ခေတ်မှာလှပပြီးဆွဲဆောင်မှုရှိတဲ့ ိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ဦးခေါင်းမှာဗောက်တွေထနေလို့မဖြစ်ပါဘူး။ ထို့အတူပဲ ဆွဲဆောင်မှုရှိသော ယောကျာ်းလေးတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ဦးခေါင်းမှာ အဖြူရောင်ဗောက်ဖတ်တွေထပြီးအချိန်ပြည့်ဦးခေါင်းကိုကုတ်နေလို့လဲ မဖြစ်ပါဘူး။ ဒါကြောင့် ယခုတစ်ပတ် NewsWatch Journal ရဲ့ကျန်းမာရေးနှင့်အလှအပ ကဏ္ဍကနေ ပျိုပျိုအိုအို ယောကျာ်းလေး၊ မိန်းကလေးများဆွဲဆောင်မှုအပြည့်ရှိပြီး ဗောက်ရှင်းတဲ့ဦးခေါင်းပိုင်ရှင်များဖြစ်ဖို့ ဗောက်ထခြင်းကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ဗိုက်တာမင်ဓါတ်များကြွယ်ဝပါစေ

လူတစ်ယောက်ရဲ့ ဦးရည်ပြားကျန်းမာရေးဟာ ထိုလူရဲ့ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓါတ်ဘယ်လောက်ကြွယ်ဝသလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေတာကြောင့် ဗိုက်တာမင် အေ၊ ဘီ နှင့် စီ ဓါတ်များပေါကြွယ်ဝတဲ့ အစားအစာများကို စားသောက်သင့်ပါတယ်။ ၎င်းအဟာရဓါတ်တွေဟာခန္ဓာကိုယ်ရဲ့ သွေားလှည့်ပတ်မှုစနစ် (Circulatory System) အတွက်မရှိမဖြစ်လိုအပ်သလို ဆဲလ်ကြီးထွားရေးကဏ္ဍမှာလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ၎င်းဓါတ်များဟာ သွေးအတွင်းရှိဆဲလ်များ၏ခုခံစွမ်းအား (immune system) ကိုအထောက်အကူဖြစ်စေတာကြောင့် ဦးရည်ပြားမှာဗောက်ထခြင်းကို အကောင်းဆုံး ကာကွယ်နိုင်ကြပါတယ်။၎င်းဗိုက်တာမင်ဓါတ်တွေပြည့်ဝစွာပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် စတော်ဘယ်ရီသီးစတဲ့အသီးတွေကို စားသုံးသင့်ပါတယ်။

၂။ သင့်ရဲ့ ဘီး နှင့် မိတ်ကပ်လိမ်းချယ်သည့်စုတ်တံများကို ဆေးကြောပါ

မျက်နှာမှာ မိတ်ကပ်လိမ်းချယ်သည့်အခါ အသုံးပြုတဲ့ စုတ်တံများကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးကြောကြပါသလို ဦးခေါင်းရဲ့ ဦးရည်ပြားရောဂါများအထူးသဖြင့် ဗောက်ထခြင်းရောဂါကိုကုသကာကွယ်ရန်အတွက် မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ ဘီးများကိုအခါအားလျော်စွာ ဆေးကြောသင့်ပါတယ်။ ဘီးမှာကပ်နေတဲ့ ဆံပင်များကို ဖယ်ထုတ်ပြီး ပန်ကန်ဆေးဆပ်ပြာနှင့်ဆေးကြောပါ၊ ပြီးနောက် ရေနွေးနှင့် အဖြူရောင် ရှာလကာရည် တို့ရောစပ်ထားသောအရည်ထဲတွင် နာရီဝက်ဝက်ခန့် စိမ်ကာ ဆေးကြောပေးခြင်းကို နှစ်ပတ်တစ်ကြိမ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းအားဖြင့်လည်း ဗောက်ထခြင်းရောဂါကိုကာကွယ်ပါ။

၃။ ဆေးပါဝင်သော ခေါင်းလျှော်ရည်ကိုအသုံးပြုပါ
ဇင့်ဓါတ်ဟာ ဗောက်ထခြင်းရောဂါကိုအကောင်းမွန်ဆုံးတွန်းလှန်နိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့် ဓါတ်ဟာ ဗက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်စွမ်းရှိသလို ခန္ဓာကိုယ်မှ ဆဲလ်များပြောင်းလဲမှုများကိုလည်းနှေးကွေးအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်။ မိမိတို့ကြိုက်နှစ်သက်ပြီး အစွမ်းထက်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ကြပြီး ဦးရည်ပြားကို Moisturize (အစိုဓါတ်ရရှိအောင်) ပြုလုပ်ပေးနိုင်သော ခေါင်းလျှော်ရည်မျိုးက ဗောက်ထခြင်းကိုကာကွယ်ရာမှာ ပိုမိုအစွမ်းထက်ပါတယ်။

၄။ အလှပြင်ဆိုင်တွင် ကုသမှုပြုလုပ်ခြင်း

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က စပြီး ဗောက်ထခြင်းနှင့်ပတ်သက်ပြီး လူတွေနားလည်ခဲ့တာကပုခုံးပေါ်မှာရှိနေတဲ့အဖြူရောင်ဗောက်ဖတ်လေးတွေဟာ ဦးခေါင်းရဲ့ဦးရည်ပြားပေါ်ကနေကျလာတာဟု ဖြစ်သည်။ ဒါကြောင့်
ဗောက်ထခြင်းကို အလှပြင်ဆိုင်သွားပြီးကုသလိုသူများအတွက် ဦးရည်ပြားအသစ်ပြုပြင်ခင်း (Scalp Renew) လို့လူသိများတဲ့ ကုသခြင်းမျိုးပြုလုပ်ရပါမယ်။ ဦးရည်ပြားအသစ်ပြုပြင်ခြင်း (Scalp Renew) ဆိုတာ ဦးရည်ပြားမှာရှိတဲ့ အဆီးပိုများကိုဖယ်ရှားခြင်းဖြစ်ပြီး ၎င်းကုသမှုကို ရက် ၃၀ မှ ၄၅ ရက်လျှင် တစ်ကြိမ်စီပြုလုပ်သင့်ပါတယ်။ ကျန်းမာသန်စွမ်းသော ဦးရည်ပြားပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက်လည်း ဦးရည်ပြား အသစ်ပြုပြင်ခြင်း ( Scalp Renew) ကုသမှုကိုမိမိတို့နှင့်နီးစပ်ရာ အလှပြင်ဆိုင်များတွင် ကုသမှုခံယူလိုက်ပါ။

၅။ မိမိမှာ ဘာကြောင့် ဗောက်ထသလဲ သိအောင်လုပ်ပါ။

လူတစ်ယောက်နှင့်တစ်ယောက် ဗောက်ထခြင်းပမာဏဟာ မတူညီပါဘူး။ ဒါ့အပြင် ကုသရေးနည်းလမ်းကိုလည်းလူအားလုံးအတွက်တစ်မျိုးတည်းအသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နှင့် တစ်ယောက်ဗောက်ထရောဂါဖြစ်ပွားမှု ရဲ့အရင်းအမြစ်အကြောင်းရင်းက တူညီမှုမရှိလို့ပါပဲ။ အဓိက ဗောက်ထခြင်းနည်းလမ်းအားဖြင့် pityiaris capitis simplex နှင့် pityriasis steatoides ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ pityiaris capitis simplex ဟာ စိတ်ဖိအားများပြားခြင်း၊ အစားအသောက်မမှန်ခြင်းနှင့် ရေဓါတ်ခမ်းခြောက်ခြင်းများကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပွားပါက ဦးရည်ပြားဟာ ခြောက်သွေ့လာပြီးဦးရည်ပြားယားယံခြင်းများဖြစ်ပေါ်စေသည်။ထိုကဲ့သို့ဖြစ်ပေါ်ပါက အစွမ်းထက် ခေါင်းလျှော်ရည်များကိုအသုံးပြုကာကုသနိုင်ပါတယ်။ ဒုတိယတစ်မျိုးဖြစ်တဲ့ pityriasis steatoides ကတော့ အဆီဓါတ်များပြားသော ဦးရည်ပြားများတွင်ဖြစ်ပေါ်တတ်ပြီး ထိုကဲ့သို့ဖြစ်ပေါ်နေသူတစ်ဦးကတော့ သက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံဆွေးနွေးသင့်သည်ဟု သိရသည်။


Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top