iMyanmarHouse.com - Best Property Website for Myanmar
×
၎) သူ သင့်ကိုလွမ်းနေတယ်။
Credit:(ရွှေအင်းလေး)
ပို့သပေးပါတယ်။
Unicode Version
လူသန်းပေါင်းများစွာရှိတဲ့လောကကြီးမှာ ကိုယ့်ဖူးစာရှင်ကိုရှာတွေ့ဖို့ဆိုတာ ခက်ခဲလွန်းတဲ့အလုပ်ပါ။ ပြီးတော့ ကိုယ်တွဲနေတဲ့သူကလည် ကိုယ့်ဖူးစာရှင် ဟုတ်မဟုတ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။
သူသာ သင့်ရဲ့ဖူးစာရှင်အစစ်ဆိုရင်
၁) သူ့အကြောင်းတွေလိုက်ကြွားနေမယ်။
သင် အလုပ်မှာရာထူးတိုးတာဖြစ်ဖြစ်၊ လက်မှတ်လေးတွေမဲပေါက်တာဖြစ်ဖြစ် သူ လူတိုင်းကိုလိုက်ကြွားနေမှာပါ။ သင်ဟာ သူ့အတွက်အရေးပါလို့ပေါ့။
၂) အချိန်အကြာကြီးတွဲခဲ့ပြီးပြီဆိုရင်တောင် ရည်းစားဖြစ်စတုန်းကလို သေးသေးမွှားမွှားလေးတွေကအစ သူ လိုက်ဂရုစိုက်ပေးနေသေးတယ်။
၃) သင့်ကိုပြောင်းလဲဖို့မကြိုးစားဘူး။
သင် သူ့ထက်ညစ်ပတ်မှန်း၊ ထမင်းမချက်တတ်မှန်းလည်းယသူသိတယ်။ ဒါပေမယ့် ဒါတွေဟာသင့်အားနည်းချက်လို့ကိုမမြင်ဘူး။
၄) သူ သင့်ကိုလွမ်းနေတယ်။
ဒါဟာ သူ့နှုတ်ဖျားလေးတင်ပြောထွက်တဲ့ စကားချိုချိုလေးတစ်ခွန်းတော့မဟုတ်ဘူး။ နည်းနည်းကြာကြာလေးမတွေ့လိုက်တာနဲ့ သူ သင့်ကိုတကယ်လွမ်းလာတာပါ။
၅) သူ့ရှေ့မှာမရှက်တန်းငိုလို့ရတယ်။
သင့်ကိုဘယ်အချိန် ဘယ်လို ဂရုစိုရမယ်၊ ဘာအကြံဉာဏ်ကောင်းတွေပေးရမယ်ဆိုတာ သူကောင်းကောင်းသိလို့လေ။
၆) သင့်သူငယ်ချင်းတွေ သူတို့ချစ်သူမကောင်းကြောင်းပြောရင် သင်အမြဲပါးစပ်ပိတ်နေရတယ်။
သင့်ချစ်သူက သင့်အပေါ်အရမ်းကောင်းနေလို့ ဘာမှမကောင်းပြောစရာလည်းမရှိလို့လေ။
၇) သင့်မိသားစုန့ ဲ ရင်းနှီးနေတယ်။ သင့်ကိုလည်းသူ့မိသားစုနဲ့ရင်းနှီးအောင်လုပ်ပေးထားတယ်။
သူကလည်း သင့်အဖေတွေ အဖွားတွေကို ဖုန်းခေါ်ဖို့ဝင်မလေးသလို၊ သင်ကလည်းသူ့အကိုတစ်ဝမ်းကွဲရဲ့ မင်္ဂလာပွဲကို သူမပါပဲရောက်ရင်ရောက်နေတတ်ပါတယ်။
၈) သင့်သူငယ်ချင်းတွေဟာလည်း သူ့သူငယ်ချင်းပါပဲ။
သင့်သူငယ်ချင်းတွေကိုလည်း သူ့သူငယ်ချင်းတွေလိုအမြဲကူညီနေကြပါ။ သင့်သူငယ်ချင်းတစ်ယောက်ယောက်အကြောင်းမကြားတာကြရင်တောင် နေကောင်းရဲ့လားလို့ သူမေးနေတတ်ပါတယ်။
၉) သင်လှတယ်လို့ ရုတ်တရက်ပြောတတ်တယ်။
သင် မိတ်ကပ်မပြင်ထားပဲ ဆံပင်ဖရိုဖရဲဖြစ်နေတဲ့ နေ့မျိုးတွေမှာ သင်လှတယ်လို့ သူချီးကျူးနေကြ။
၁၀) သူလည်းလူသားမို့ သင်စိတ်ဆိုးစရာကိစ္စတွေလုပ်ထားရင် တခါတလေသူစိတ်တိုတတ်ပါတယ်။
၁၁) အမြဲတန်းရန်မဖြစ်ပဲ တချို့ကိစ္စတွေဆိုတက်ညီလက်ညီပြီးမြှောက်အောင်လုပ်နိုင်တယ်။ ဥပမာ ရှိုးပွဲတစ်ခုသွားတာတို့ဘာတို့။
ဒီအချက်တွေနဲ့ကိုက်ညီရင် သူဟာ သင့်ရဲ့ဖူးစားရှင်အစစ်အမှန်မို့လက်မလွတ်စေနဲ့နော်။
Credit:(ရွှေအင်းလေး)
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top